ဒီရာသီမှာ လီဗာပူးရဲ့ အကြီးမားဆုံး ဖလားပြိုင်ဘက်တွေအဖြစ် မန်စီးတီးနဲ့ ချယ်ဆီးလို့ ဖာဘင်ညိုက ယူဆထားပါတယ်။ ပဲလေစ့်ပွဲ မတိုင်ခင်မှာ ဒီရာသီ အမှတ်ပေးချန်ပီယံအတွက် ရေပန်းစားမှုအတွက် မေးမြန်းခံရချိန်မှာ ဘရာဇီး ကွင်းလယ်လူက ပြန်လည် ဖြေဆိုပေးခဲ့တာပါ။

“ မန်စီးတီးက လက်ရှိချန်ပီယံဖြစ်ပါတယ်။ ဘောလုံးရာသီတိုင်း သူတို့လုပ်နေကျလိုပဲ သူတို့ကိုယ်သူတို့ အင်အားတောင့်တင်းအောင် ထိန်းသိမ်းထားနိုင်တာကြောင့် ဒီရာသီမှာလည်း အမှတ်ပေးဖလားကို အနိုင်ရဖို့ ရေပန်းစားတယ်လို့ ကျနော် ထင်တယ်။

ချန်ပီယံတွေဖြစ်တာတောင် သူတို့က အမြဲတမ်း ပိုပြီး အင်အားဖြည့်ချင်နေတာပါ။ ဒါကြောင့် ဒီရာသီအတွက် သူတို့က ရေပန်းစားပါတယ်။ လက်ရှိ ဥရောပချန်ပီယံ ချယ်ဆီးကလည်း ဆက်ပြီး လူသစ်တွေနဲ့ အင်အားဖြည့်နေတာပါ။ ဒီနှစ်သင်းက တကယ်ကို တောင့်တင်းပြီး ဖလားအောင်မြင်ဖို့ ရေပန်းစားတဲ့အသင်းတွေဖြစ်မယ်လို့ ကျနော်ထင်တယ် ” လို့ ဖာဘင်ညိုက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပဲလေစ့်နဲ့ပွဲမှာ လီဗာပူးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ မာနေးကလည်း ဒီရာသီ ချန်ပီယံဖြစ်ဖို့ ပြိုင်ဘက်တွေက လီဗာပူးထက် ရေပန်းစားကြောင်း ဝန်ခံခဲ့တယ်။

မာနေးက ” ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ လူတွေက မန်စီးတီး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့က ရေပန်းအစားဆုံးလို့ ပြောနေကြပါတယ်။ အဲ့တာက မမှားပါဘူး။ ကျနေ်ာတို့ကလည်း သူတို့လို အဆင့်ရောက်အောင် အကောင်းဆုံး ကြိုးစားလိုပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာတော့ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ပွဲတူ ရဂိုးတူ ရမှတ်တူ အနေအထားအဖြင့် အထက်အောက် ရပ်တည်နေပါတယ်။ နှစ်သင်းရဲ့ ပွဲစဉ်ဇယားမှာတေ့ာ ချယ်ဆီးက အသင်းကြီး ၃ သင်းထိ ထိပ်တိုက်တွေ့ထားပြီး လီဗာပူးကတော့ တစ်သင်းပဲ တွေ့ထားတာက ကွာခြားချက်ဖြစ်ပါတယ်။

တတိယနေရာက ယူနိုက်တက်ကလည်း ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် နောက်က လိုက်လံဖိအားပေးနေတာဖြစ်ကာ မန်စီတီးကတော့ ဒီအပတ် သရေကျခဲ့ခြင်းကြောင့် အဆင့် ၅ ထိ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လီဗာပူးရဲ႕ အႀကီးမားဆုံး ဖလားၿပိဳင္ဘက္ေတြအျဖစ္ မန္စီးတီးနဲ႔ ခ်ယ္ဆီးလို႔ ဖာဘင္ညိဳက ယူဆထားပါတယ္။ ပဲေလစ့္ပြဲ မတိုင္ခင္မွာ ဒီရာသီ အမွတ္ေပးခ်န္ပီယံအတြက္ ေရပန္းစားမႈအတြက္ ေမးျမန္းခံရခ်ိန္မွာ ဘရာဇီး ကြင္းလယ္လူက ျပန္လည္ ေျဖဆိုေပးခဲ့တာပါ။

“ မန္စီးတီးက လက္ရွိခ်န္ပီယံျဖစ္ပါတယ္။ ေဘာလံုးရာသီတိုင္း သူတို႔လုပ္ေနက်လိုပဲ သူတို႔ကိုယ္သူတို႔ အင္အားေတာင့္တင္းေအာင္ ထိန္းသိမ္းထားႏိုင္တာေၾကာင့္ ဒီရာသီမွာလည္း အမွတ္ေပးဖလားကို အႏုိင္ရဖို႔ ေရပန္းစားတယ္လို႔ က်ေနာ္ ထင္တယ္။

ခ်န္ပီယံေတြျဖစ္တာေတာင္ သူတို႔က အၿမဲတမ္း ပိုၿပီး အင္အားျဖည့္ခ်င္ေနတာပါ။ ဒါေၾကာင့္ ဒီရာသီအတြက္ သူတို႔က ေရပန္းစားပါတယ္။ လက္ရွိ ဥေရာပခ်န္ပီယံ ခ်ယ္ဆီးကလည္း ဆက္ၿပီး လူသစ္ေတြနဲ႔ အင္အားျဖည့္ေနတာပါ။ ဒီႏွစ္သင္းက တကယ္ကို ေတာင့္တင္းၿပီး ဖလားေအာင္ျမင္ဖို႔ ေရပန္းစားတဲ့အသင္းေတြျဖစ္မယ္လို႔ က်ေနာ္ထင္တယ္ ” လို႔ ဖာဘင္ညိဳက ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ပဲေလစ့္နဲ႔ပြဲမွာ လီဗာပူးအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ မာေနးကလည္း ဒီရာသီ ခ်န္ပီယံျဖစ္ဖို႔ ျပိဳင္ဘက္ေတြက လီဗာပူးထက္ ေရပန္းစားေၾကာင္း ဝန္ခံခဲ့တယ္။

မာေနးက ” ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ လူေတြက မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔က ေရပန္းအစားဆံုးလို႔ ေျပာေနၾကပါတယ္။ အဲ့တာက မမွားပါဘူး။ က်ေန္ာတို႔ကလည္း သူတို႔လို အဆင့္ေရာက္ေအာင္ အေကာင္းဆံုး ၾကိဳးစားလိုပါတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

အမွတ္ေပးဇယားမွာေတာ့ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ဟာ ပြဲတူ ရဂိုးတူ ရမွတ္တူ အေနအထားအျဖင့္ အထက္ေအာက္ ရပ္တည္ေနပါတယ္။ ႏွစ္သင္းရဲ႕ ပြဲစဥ္ဇယားမွာေတ့ာ ခ်ယ္ဆီးက အသင္းၾကီး ၃ သင္းထိ ထိပ္တိုက္ေတြ႔ထားျပီး လီဗာပူးကေတာ့ တစ္သင္းပဲ ေတြ႔ထားတာက ကြာျခားခ်က္ျဖစ္ပါတယ္။

တတိယေနရာက ယူႏုိက္တက္ကလည္း ရမွတ္တူ ဂိုးကြာျခားခ်က္ျဖင့္ ေနာက္က လိုက္လံဖိအားေပးေနတာျဖစ္ကာ မန္စီတီးကေတာ့ ဒီအပတ္ သေရက်ခဲ့ျခင္းေၾကာင့္ အဆင့္ ၅ ထိ ဆင္းေပးခဲ့ရျပီ ျဖစ္ပါတယ္။