လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အလှည့်ကျ လူထုတ်မှုတွေကို ဆက်လုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြောလာပြီး အဲ့လိုလုပ်ခွင့် ရလာခြင်းကို ကျေနပ်နေပါတယ်။

ရာသီစပဲ ရှိနေသေးလို့ လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာကို ကိုင်တွယ်နိုင်နေသေးပြီး လူစားလဲမှုတွေ၊ အလှည့်ကျ လူထုတ်မှုတွေ ဆက်လုပ်နိုင်နေတာပါ။ ဒါတောင်မှ ကွင်းလယ်လူ အယ်လီးယော့ ကာလရှည် နားရမှာဖြစ်ပြီး ဖာမင်နို ဒဏ်ရာရနေခဲ့ကာ ပဲလေစ့်ပွဲမှာ သီယာဂို ဒဏ်ရာရသွားခဲ့သေးတာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ” ကိုယ်က အကောင်းဆုံး ပွဲထွက် ၁၁ ဦးအသင်းကို ရွေးချယ်လိုတယ်။ ရွေးစရာတွေလည်း ှိနေပြီး ဘယ်သူတွေကို အတူတကွ တွဲကစားစေမလဲ စဉ်းစားရပါတယ်။ ပဲလေစ့်ပွဲမှာတော့ ကျနေ်ာတို့က ဟန်ချက်ညီညီ ကစားနေမှုလား? လန်းဆန်းမှုတွေလား? ဆိုတာကို ရွေးချယ်ရပြီး လန်းဆန်းမှုတွေကို ရွေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ကျနေ်ာတို့ အလှည့်ကျတွေ သုံးမှာ ဖြစ်ပါတယ်။ အမြဲတမ်း အလှည့်ကျတွေ သုံးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ခံစစ်ပိုင်းမှာ အပြောင်းအလဲ လုပ်စရာ မရှိခဲ့ပါဘူး။ မနှစ်တုန်းကဆိုရင် ဗဟိုခံစစ်အတွက် အများဆုံး နှစ်ဦးလောက်ပဲ ရွေးစရာရှိပြီး တတိယ တစ်ယောက်က အမြဲတမ်း ကွင်းလယ်လူပဲ ဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်မှာတော့ အလှည့်ကျ လုပ်နိုင်စရာ အရည်အတွက် ရှိဖို့ မျှော်လင့်ပါတယ်။ အဲ့လို လုပ်နိုင်ဖို့ လိုပါတယ်။ ကွင်းလယ်က အသင်းရဲ့ အင်ဂျင်ဖြစ်ပါတယ်။ အဲ့နေရာမှာ အပြောင်းအလဲတွေ လုပ်နိုင်ဖို့ လိုပါတယ်။

တိုက်စစ်မှာလည်း ခြားနားတဲ့ ရွေးချယ်စရာတွေ ရှိထားပါတယ်။ ဒီတော့ ကောင်းပါတယ်။ ကျနေ်ာတို့ တိုက်စစ်ပိုင်း အပြောင်းအလဲတွေ ဘယ်နှစ်ခါ လုပ်ထားနိုင်လို့လဲ။ ဒီရာသီအတွက် ကြိုတင် ပလန်ဆွဲထားတာ မရှိပါဘူး။ လိုအပ်ချက်နဲ့ ဖြစ်နိုင်ချေတွေအရ အလဲအလှယ်တွေ မကြာခဏ လုပ်သွားဖို့ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြားရက်ဖြစ်တဲ့ အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့ မနက်မှာတော့ နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲ ကစားရမှာဖြစ်ကာ အဓိက ကစားသမားတွေကို အနားပေးမယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အလွည့္က် လူထုတ္မႈေတြကို ဆက္လုပ္သြားမွာျဖစ္ေၾကာင္း ထုတ္ေျပာလာျပီး အဲ့လိုလုပ္ခြင့္ ရလာျခင္းကို ေက်နပ္ေနပါတယ္။

ရာသီစပဲ ရွိေနေသးလို႔ လီဗာပူးအသင္းဟာ ဒဏ္ရာ ျပႆနာကို ကိုင္တြယ္ႏုိင္ေနေသးျပီး လူစားလဲမႈေတြ၊ အလွည့္က် လူထုတ္မႈေတြ ဆက္လုပ္ႏုိင္ေနတာပါ။ ဒါေတာင္မွ ကြင္းလယ္လူ အယ္လီးေယာ့ ကာလရွည္ နားရမွာျဖစ္ျပီး ဖာမင္ႏို ဒဏ္ရာရေနခဲ့ကာ ပဲေလစ့္ပြဲမွာ သီယာဂို ဒဏ္ရာရသြားခဲ့ေသးတာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ” ကိုယ္က အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးအသင္းကို ေရြးခ်ယ္လိုတယ္။ ေရြးစရာေတြလည္း ွိေနျပီး ဘယ္သူေတြကို အတူတကြ တြဲကစားေစမလဲ စဥ္းစားရပါတယ္။ ပဲေလစ့္ပြဲမွာေတာ့ က်ေန္ာတို႔က ဟန္ခ်က္ညီညီ ကစားေနမႈလား? လန္းဆန္းမႈေတြလား? ဆိုတာကို ေရြးခ်ယ္ရျပီး လန္းဆန္းမႈေတြကို ေရြးဖို႔ ဆံုးျဖတ္ခဲ့ရပါတယ္။

က်ေန္ာတို႔ အလွည့္က်ေတြ သံုးမွာ ျဖစ္ပါတယ္။ အျမဲတမ္း အလွည့္က်ေတြ သံုးခဲ့ေပမယ့္ ျပီးခဲ့တဲ့ႏွစ္က ခံစစ္ပိုင္းမွာ အေျပာင္းအလဲ လုပ္စရာ မရွိခဲ့ပါဘူး။ မႏွစ္တုန္းကဆိုရင္ ဗဟိုခံစစ္အတြက္ အမ်ားဆံုး ႏွစ္ဦးေလာက္ပဲ ေရြးစရာရွိျပီး တတိယ တစ္ေယာက္က အျမဲတမ္း ကြင္းလယ္လူပဲ ျဖစ္ေနခဲ့ပါတယ္။

ကြင္းလယ္မွာေတာ့ အလွည့္က် လုပ္ႏုိင္စရာ အရည္အတြက္ ရွိဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့လို လုပ္ႏုိင္ဖို႔ လိုပါတယ္။ ကြင္းလယ္က အသင္းရဲ႕ အင္ဂ်င္ျဖစ္ပါတယ္။ အဲ့ေနရာမွာ အေျပာင္းအလဲေတြ လုပ္ႏုိင္ဖို႔ လိုပါတယ္။

တိုက္စစ္မွာလည္း ျခားနားတဲ့ ေရြးခ်ယ္စရာေတြ ရွိထားပါတယ္။ ဒီေတာ့ ေကာင္းပါတယ္။ က်ေန္ာတို႔ တိုက္စစ္ပိုင္း အေျပာင္းအလဲေတြ ဘယ္ႏွစ္ခါ လုပ္ထားႏုိင္လို႔လဲ။ ဒီရာသီအတြက္ ၾကိဳတင္ ပလန္ဆြဲထားတာ မရွိပါဘူး။ လိုအပ္ခ်က္နဲ႔ ျဖစ္ႏုိင္ေခ်ေတြအရ အလဲအလွယ္ေတြ မၾကာခဏ လုပ္သြားဖို႔ ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၾကားရက္ျဖစ္တဲ့ အဂၤါေန႔ည ဗုဒၶဟူးေန႔ မနက္မွာေတာ့ ေနာ့ဝစ္ခ်္နဲ႔ ကာရာေဘာင္းပြဲ ကစားရမွာျဖစ္ကာ အဓိက ကစားသမားေတြကို အနားေပးမယ္လို႔ သိထားရတာ ျဖစ္ပါတယ္။