မန်ယူဟာ စပါးအသင်းနောက်ခံလူ အန်ဒါဝီရယ်ကို ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် ချိတ်ဆက်နေပေမယ့် ကစားသမားက စပါးမှာပဲ ဆက်လက်ကစားဖို့ အာရုံစိုက်နေပါတယ်။

အန်ဒါဝီရယ်ကို ခေါ်ယူဖို့ မန်ယူဘက်က လွန်ခဲ့တဲ့ နှစ်တွေကတည်းက စိတ်ဝင်စားနေခြင်းဖြစ်ပြီး၊ စပါးဘက်က လက်လွတ်လိုခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့မှာ မဖြစ်မြောက်ခဲ့ပါဘူး။

စပါး နှင့် အန်ဒါဝီရယ်တို့ဟာ ရာသီအစပိုင်းကာလက တစ်နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး ဆက်လက် လက်တွဲခဲ့ကြတယ်။ သက်တမ်းတိုးခဲ့တဲ့ စာချုပ်အသစ်မှာ အသင်းမှ ထွက်ခွာမည်ဆိုပါက ပေါင် ၂၅ သန်းကို စာချုပ်လျော်ကြေးအဖြစ် ပေးချေရမမယ့် အချက်ပါဝင်ထားခဲ့တယ်။

အပြောင်းအရွှေ့ပတ်သတ်ပြီး အန်ဒါဝီရယ်က “ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ အရင်နှစ်တွေတည်းက ပြောထားပါတယ်။ ကျနော် စပါးအတွက်ပဲ အာရုံစိုက်ထားပါတယ်။

ဒီရာသီကိုကြည့်မယ်ဆိုရင် ကျနော်တို့ဟာ အကောင်းဆုံးရာသီတစ်ခုကို ကျော်ဖြတ်ထားတာပါ။ ဒီမှာ စာချုပ်သက်တမ်း တစ်နှစ်လောက်ရှိသေးတပြီး နောက်ရာသီကို ဒီမှာပဲ ဆက်ကစားမှာပါ ” လို့ ဖြေဆိုခဲ့တာပါ။