မန်ယူဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုနဲ့ သတင်းတွေ ထွက်ထားခဲ့ပေမယ့် အပြောင်းအရွှေ့ဆိုင်ရာ သတင်းတွေက ရှေ့ဆက်မလားနိုင်ခဲ့ပါဘူး။

ဒီကနေ့မှာပဲ စပိန်မီဒီယာတွေက ဘာစီလိုနာ ကွင်းလယ်လူဟာ စပိန်ကနေ ထွက်ခွာပြီး အင်္ဂလန်ကို ပြန်သွားမယ်ဆိုတဲ့ အကြောင်းကို ရင်းနှီးမိတ်ဆွေတွေကို ပြောထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ကော်တင်ညိုနဲ့ သတင်းထွက်နေတဲ့ အင်္ဂလန်အသင်းတွေက လီဗာပူး၊ ချယ်ဆီးနဲ့ မန်ယူတို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ကော်တင်ညိုကို ပြန်ခေါ်မှာ မဟုတ်ဘူးလို့ ပြောထားသလို ချယ်ဆီးကလည်း အပြောင်းအရွှေ့ ပိတ်ခံထားရတာပါ။ ဒါကြောင့် ကော်တင်ညိုကို ခေါ်ယူမယ့် အင်္ဂလန်အသင်းဆိုတာ မန်ယူ ဖြစ်နိုင်ဖို့က ရေပန်းအစားဆုံးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ညိုကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်း ပေးခဲ့ရပေမယ့် မန်ယူအသင်း ခေါ်ယူမယ်ဆိုရင် မူလတန်ကြေးကိုတော့ ပေးရမှာ မဟုတ်ဘူး။ အစောပိုင်း သတင်းတွေတုန်းဆိုရင် ကော်တင်ညိုရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၀၀ နဲ့ ညီမျှတဲ့ ပေါင် ၈၈ သန်းထိတောင် ထိုးကျနေတယ်လို့ ဖော်ပြထားကြတယ်။

ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ခြေစွမ်းကျဆင်းနေသလို ဘာစီလိုနာ ပရိသတ်တွေနဲ့လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။ မန်ယူဟာ ကော်တင်ညိုကို စိတ်ဝင်စားနေထားခဲ့လို့ အင်္ဂလန်ကို ပြန်ပြောင်းလာလိုနေတဲ့ ဘရာဇီးသားကို တရားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီးလား စောင့်ကြည့်ခံလာရပါတယ်။