မန်ယူအသင်းဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံကစားသမား ဘစ်ဆာကာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ပေးပြီး ကမ်းလှမ်းမှု ထပ်လုပ်သွားတော့မှာပါ။

ညာနောက်ခံလူနေရာအတွက် ဝမ်ဘစ်ဆာကာကို ရက်ပိုင်းအတွင်းမှာ ဆက်လက်ညိနှိုင်းမှာ ဖြစ်ပေမယ့် အဆင်မပြေခဲ့ရင် နယ်သာလန်လိဂ်မှ အသက် ၂၃ နှစ်အရွယ် ညာနောက်ခံလူ ဒမ်ဖရီးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

အသက် ၂၃ နှစ်အရွှယ် ညာနောက်ခံလူ ဒမ်ဖရီးဟာ မနှစ်ကမှ PSV အသင်းကို ရောက်ရှိခဲ့ပြီး နာမည်ရလာတဲ့ လူငယ်ကစားသမားဖြစ်တယ်။ ပေါ်တူဂီအသင်း ဗိုလ်ဆွဲခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း နယ်သာလန် လက်ရွေးစင်အသင်းနဲ့အတူ တောက်ပလာခဲ့သူဖြစ်တယ်။

မန်ယူအသင်း တာဝန်ရှိသူတွေက ဘစ်ဆာကာကို ဦးစားပေးအဖြစ် ကမ်းလှမ်းမှာဖြစ်ပြီး မအောင်မြင်ခဲ့ရင်ဆိုတဲ့ အရန်စာရင်းမှာတော့ PSG မှ မူနီယာ၊ PSV မှ ဒမ်ဖရီး နဲ့ နော့ဝစ်မှ လူငယ်အစွန်လူ အာရွန် တို့ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

မူနီယာကိုထက်စာရင် အသင်းတာဝန်ရှိသူတွေက ငယ်ရွယ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ဝန်းကျင်ပဲ ပေးရမယ့် ဒမ်ဖရီးနဲ့ လူငယ်လေး အာရွန်တို့ကို ပိုနှစ်သက်တယ်လို့တော့ သိထားရပါတယ်။