မန်စီးတီး

မန်စီးတီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ စတာလင် ဆာနေး ဒေးဗစ်ဆေးလ်ဗားတို့ကတော့ နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ရေပန်းစားလျက်ရှိနေပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဝတ်ဖို့ဒ်ကို 2-1 နဲ့ အနိုင်ရတဲ့ပွဲမှာ ကွန်ပနီရခဲ့တဲ့ ဒဏ်ရာက မကြီးမားပါဘူးလို့ ပွဲအပြီး ပြောဆိုပါတယ်။ ကွန်ပနီရဲ့ ဒဏ်ရာထက် ချယ်ဆီးနဲ့ပွဲအမှီ အဂွယ်ရို ပြန်သက်သာမလားကပဲ ပိုစိုးရိမ်ရမယ့် ကိစ္စလို့ ဂွာဒီယိုလာက ပြောတာပါ။

ဝတ်ဖိုဒ့်နဲ့ပွဲမှာ မန်နေဂျာ ဂွာဒီယိုလာဟာ လူစာရင်းအပြောင်းအလဲ လေးခုလုပ်ခဲ့ပါတယ်။ မန်နေဂျာကတော့ ကြံ့ခိုင်နေတဲ့ အသင်းသားတိုင်း ပွဲထွက်ခွင့်ရဖို့က ထိုက်တန်ပြီး အသင်းဟာ အလှည့်ကျစနစ်နဲ့ ပွဲထွက်ခွင့်ရဖို့ တောင့်တင်းမှုရှိတယ်လို့ ပြောပါတယ်။

ဖီဖာက မန်စီးတီးအသင်းကို ကမ္ဘာဖလားမှာ အသင်းသားတွေကို စေလွှတ်ပေးတာအတွက် လုပ်ခ ပေါင် 3.9 သန်းပေးအပ်ပါတယ်။ 2018 ကမ္ဘာဖလားဝင်ငွေတွေထဲက ပေါင် 164 သန်းကို နိုင်ငံပေါင်း 63 နိုင်ငံမှ ကလပ်အသင်းပေါင်း 416 သင်းကို ခွဲဝေပေးတဲ့အထဲက ဝေစုဖြစ်ပါတယ်။

လီဗာပူး

အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ အော်ရီဂီရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးအတွက် ကွင်းအတွင်း ပြေးဝင်အောင်ပွဲခံခဲ့တဲ့အတွက်ကြောင့် ဒဏ်ငွေရိုက်ခံခဲ့ရတဲ့ ယာဂင်ကလော့ပ်ရဲ့ အပြုအမူကို ကာကွယ်ပြောကြားသွားခဲ့ပြီး ပြစ်ဒဏ်မချမှတ်သင့်ကြောင်း သူသာ ကလော့ပ်နေရာမှာဆိုလည်း အခုလို လုပ်မိနိုင်ကြောင်း ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်ဟာ အဲဗာတန်နဲ့ပွဲမှာ အလွန်အကျူးအောင်ပွဲခံမှုကြောင့် ဖီဖာရဲ့ ပေါင် 8,000 ဒဏ်ရိုက်ခြင်းအပြင် အနာဂတ် ကြီးကြပ်မှုတွေအတွက် စောင့်ကြည့်ပြစ်ဒဏ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ကလော့ပ်ကတော့ အဲ့သည်လို အောင်ပွဲခံမှု ထပ်မရှိပါဘူးလို့ ဝန်ခံပါတယ်။

ဒဏ်ရာပြဿနာတွေရှိနေတဲ့ တောင်ပံလူ မာနေးကို ဘန်လေနဲ့ပွဲမှာ ထည့်သွင်း အသုံးပြုမှာ မဟုတ်ပါဘူး။ ခြေထောက်မှာ ရတဲ့ဒဏ်ရာက ချုပ်ဖို့ပါ လိုအပ်ခဲ့ပြီး သီတင်းပတ်အကုန်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်ဖွယ်ရှိပါတယ်။

ဥရောပအကောင်းဆုံး လူငယ်ဆု Kopa award အတွက် လီဗာပူးမှ ထရန့်ကို Ballon d’Or ဆု အနိုင်ရ ကစားသမားဟောင်းကြီး 4 ဦးက ဗုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လို့ ထရန့်ဟာ အကောင်းဆုံး ဆုအတွက် မဲပေးမှု စုစုပေါင်းမှာ နံပါတ် 6 နေရာမှာပဲ ရှိခဲ့ပြီး အဆိုပါ စာရင်းထဲ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော အင်္ဂလိပ်ကစားသမား ဖြစ်ပါတယ်။

ချယ်ဆီး

လာလီဂါကလပ် ရီးရဲမက်ဒရစ်ဟာ ချယ်ဆီးအသင်းမှာ အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ကိုဗာဆစ်ကို ပြန်ခေါ်ဖို့ မရှိပါဘူး။ စပိန်သတင်းတွေက ဖော်ပြတဲ့ အဆိုပါသတင်းအရ ကိုဗာဆစ်ကလည်း စပိန်မပြန်လိုပဲ လန်ဒန်မှာပဲ ဆက်နေလိုနေပါတယ်။

ချယ်ဆီးမန်နေဂျာဆာရီက တောင်ပံသမား ဟာဇက်အတွက် သက်တမ်းတိုးစာချုပ် အဆင်သင့် ပြင်ဆင်ထားပြီးလို့ အတည်ပြုပါတယ်။ လက်မှတ်ထိုး၊ မထိုးကတော့ ဟာဇက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်လို့ သူက ဆိုပါတယ်။

စီးရီးအေကလပ် အေစီမီလန်ဟာ ချယ်ဆီးအသင်းကနေ အငှားလာကစားနေတဲ့ ကွင်းလယ်လူ ဘာကာယိုကို ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ပထမလတွေမှာ ရုန်းကန်နေရပေမယ့် တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်လို့ ပြင်သစ်သားကို လက်မှတ်ထိုးနိုင်ဖို့ စတင် စကားပြောလာတာပါ။

အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ အူဘာမီးယန်းကတော့ အာဆင်နယ်အသင်းအနေနဲ့ ယူနိုက်တက်ကွင်းကို အနိုင်ကစားဖို့ လာရောက်မှာဖြစ်ကြောင်း ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြင်ဆင်ထားသင့်ကြောင်း သတိပေးပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာမှ ဒန်းနစ်ဆွာရက်စ်ဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ ကလပ်အသင်းကို ခွင့်တောင်းသွားပါတော့မယ်။ အသက် 24 နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် မိနစ် 100 လောက်ပဲ ပွဲထွက်ခွင့် ရရှိထားတာပါ။

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီကလည်း ယူနိုက်တက်နည်းပြ မော်ရင်ဟိုရဲ့ အခြေအနေက ငိုကြွေးနေတဲ့ ကလေးငယ်လေးတစ်ယောက်လိုဖြစ်နေတယ်လို့ ထိုးနှက်ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်ကွင်းလယ်လူ အိုဇေး မပါဝင်ဖို့ များနေပါတယ်။ အမ်မရီကတော့ “ ယူနိုက်တက်နဲ့ ပွဲမှာ သူပါနိုင်မလား ကျနော် မသိပါဘူး။ သူက ကိဗ်မှာကော တနင်္ဂနွေနေ့ပွဲမှာပါ မပါနိုင်ပါဘူး။ ဒီအခြေအနေမှာ မန်ချက်စတာပွဲမှာလည်း ပါနိုင်မယ် မထင်ပါဘူး ” လို့ ထုတ်ပြောထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်

ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုနဲ့ အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီတို့ဟာ ရီးရဲမက်ဒရစ်နဲ့ ဗလန်စီယာ မန်နေဂျာ ဘဝတွေမှာတုန်းက ထိပ်တိုက်တွေ့မှု ရှိခဲ့ပါတယ်။ အဲ့သည်တုန်းက အမ်မရီက ပေါ်တူဂီသားကြီးကို ကလေးလို ငိုကြွေးနေတတ်သူလို့ ဝေဖန်ခဲ့ဖူးပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ လူငယ်အစွန်လူ ဒါလော့ ပွဲထွက်ခွင့်ရလာမယ်လို့ မန်ချက်စတာအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ခံစစ်သမားတွေဖြစ်တဲ့ ဘိုင်လီ၊ စမောလင်းနဲ့ ဗလန်စီယာတို့ကလည်း အသင်းလူစာရင်းမှာ ပါဝင်လာပါတယ်။

ယူနိုက်တက်ခံစစ်သမား ဘိုင်လီကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ လာလီဂါကလပ် အက်ပန်ညိုအသင်းက ကြိုးစားနေပါတယ်။ အက်ပန်ညိုကတော့ ဘိုင်လီကိုရဖို့ သူတို့အသင်းမှာ တောက်ပလာတဲ့ ခံစစ်သမား ဟာမိုဆိုကို အသုံးချမယ်လို့ သိထားပါတယ်။ ဟာမိုဆိုကို ခေါ်ယူဖို့ကလည်း ရီးရဲမက်ဒရစ်က အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

စပါး

နိုဝင်ဘာလအတွက် အကောင်းဆုံး ကစားသမားစာရင်းမှာ မန်စီးတီးမှ စတာလင်၊ ဆာနေး၊ ဆေးဗား။ လီဗာပူးမှ ရော်ဘတ်ဆန်နည်းတူ တော်တင်ဟမ်အသင်းမှ ဆစ်ဆိုခိုလည်း ပါဝင်လာပါတယ်။

ဆောက်တမ်တန်နဲ့ပွဲအကြို တော်တင်ဟမ်အသင်းဘက်က ထုတ်ပြန်လာတဲ့ ဒဏ်ရာရကစားသမားစာရင်းမှာတော့ လာမယ်လာ ပေါင်ဒဏ်ရာ၊ ဆန်းချက်စ် တံကောက်ကြော၊ ဝမ်ယာမာ ဒူးဒဏ်ရာနဲ့ ဗာတွန်ဂမ် ပွဲပယ်တို့ဖြစ်ပါတယ်။

အခြား

ဘာစီလိုနာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ကာလက်စ်အယ်လီနာကတော့ ဘာစီလိုနာအသင်းကြီးရဲ့ တရားဝင် ကစားသမားဖြစ်သွားခဲ့ပြီး ယခင် ကျောနံပါတ် (၂၆) မှ ယခု ကျောနံပါတ် (၂၁) ကို ပြောင်းလဲဝတ်ဆင်သွားမယ်လို့ သိရှိရပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဒယ်လ်ပီယာရိုကတော့ မိုဒရစ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ထိုက်တန်ပြီး သမိုင်းဝင်ဆုတစ်ခုဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။