စေကာတလန္ ေဘာလံုးသမိုင္းမွာ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုး ကစားသမားျဖစ္တဲ့ တီရာေနးဟာ ဒီလထဲမွာ အာဆင္နယ္အတြက္ ပြဲဦးထြက္ကို ကစားေပးႏုိင္ေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဆဲလ္တစ္ ကစားသမားေဟာင္းဟာ ဒီေႏြမွာ အာဆင္နယ္ထံ ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းလာခဲ့ေပမယ့္ ပြဲထြက္ကစားေပးႏုိင္ျခင္း မရွိေသးတာျဖစ္တယ္။ သူဟာ စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ကစားရမယ့္ မန္ယူနဲ႔ပြဲအတြက္ အဆင့္သင့္ျဖစ္ေနမယ္လို႔ ယံုၾကည္ပါတယ္။

မႏွစ္ကရာသီမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့့္ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္ ပထမလ ပြဲစဥ္ေတြမွာ ပါဝင္ႏုိင္ျခင္းမရွိခဲ့တဲ့ တီရာေနးဟာ ျပန္လည္ထူေထာင္ေရ ကိစၥေတြကို လုပ္လာႏုိင္ခဲ့ပါျပီ။ ၾကံ႕ခိုင္မႈ အျပည့္ျပန္ေကာင္းဖို႔ အခ်ိန္ေပးေနျခင္းျဖစ္ေပမယ့္ သက္မွတ္မႈကို ေရာက္ဖို႔က နီးစပ္ေနျပီျဖစ္တယ္။

ဒီသတင္းကို အာဆင္နယ္အသင္း တရားဝင္ဝဘ္ဆိုဒ္ကေန ဒီအပတ္မွာပဲ ေဖာ္ျပခဲ့တာျဖစ္ျပီး တီရာေနးဟာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းဖို႔ ျပန္လည္ ထူေထာင္ေရးေတြ လုပ္ေနျခင္းက ေရွ႔ဆက္ေနျပီး တိုးတက္မႈေတြ အရမ္းေကာင္းေနကာ ဒီလထဲမွာပဲ အသင္းနဲ႔ ေလ့က်င့္ေရးအျပည့္ ဆင္းႏုိင္ေတာ့မယ္လို႔ ပါရွိခဲ့တာျဖစ္တယ္။

အာဆင္နယ္ရဲ႕ ဘယ္အစြန္ကို တာဝန္ယူရမယ့္ တိုက္စစ္အားသန္ ကစားသမားေလးဟာ စေကာ့တလန္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမားျဖစ္ျပီး ၂၀၁၅-၂၀၁၉ အတြင္းမွာ လိဂ္ပြဲေပါင္း ၁၀၀ ေက်ာ္ ကစားခဲ့ကာ အမွတ္ေပးဖလား ေလးၾကိမ္နဲ႔ စေကာ့ဖလား ၂ ၾကိမ္နဲ႔ လိဂ္ဖလား ၂ ၾကိမ္ အႏုိင္ရဖူးသူျဖစ္ပါတယ္။

UNICODE

စကောတလန် ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားဖြစ်တဲ့ တီရာနေးဟာ ဒီလထဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ကို ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆဲလ်တစ် ကစားသမားဟောင်းဟာ ဒီနွေမှာ အာဆင်နယ်ထံ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာခဲ့ပေမယ့် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိသေးတာဖြစ်တယ်။ သူဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကစားရမယ့် မန်ယူနဲ့ပွဲအတွက် အဆင့်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။

မနှစ်ကရာသီမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပထမလ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ တီရာနေးဟာ ပြန်လည်ထူထောင်ရေ ကိစ္စတွေကို လုပ်လာနိုင်ခဲ့ပါပြီ။ ကြံ့ခိုင်မှု အပြည့်ပြန်ကောင်းဖို့ အချိန်ပေးနေခြင်းဖြစ်ပေမယ့် သက်မှတ်မှုကို ရောက်ဖို့က နီးစပ်နေပြီဖြစ်တယ်။

ဒီသတင်းကို အာဆင်နယ်အသင်း တရားဝင်ဝဘ်ဆိုဒ်ကနေ ဒီအပတ်မှာပဲ ဖော်ပြခဲ့တာဖြစ်ပြီး တီရာနေးဟာ ကြံ့ခိုင်မှု ပြန်ကောင်းဖို့ ပြန်လည် ထူထောင်ရေးတွေ လုပ်နေခြင်းက ရှေ့ဆက်နေပြီး တိုးတက်မှုတွေ အရမ်းကောင်းနေကာ ဒီလထဲမှာပဲ အသင်းနဲ့ လေ့ကျင့်ရေးအပြည့် ဆင်းနိုင်တော့မယ်လို့ ပါရှိခဲ့တာဖြစ်တယ်။

အာဆင်နယ်ရဲ့ ဘယ်အစွန်ကို တာဝန်ယူရမယ့် တိုက်စစ်အားသန် ကစားသမားလေးဟာ စကော့တလန်အသင်းရဲ့ မျှော်လင့်ချက် ကစားသမားဖြစ်ပြီး ၂၀၁၅-၂၀၁၉ အတွင်းမှာ လိဂ်ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ကာ အမှတ်ပေးဖလား လေးကြိမ်နဲ့ စကော့ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ် အနိုင်ရဖူးသူဖြစ်ပါတယ်။