လက်ရှိမှာတော့ သရုပ်ဆောင် ဟိန်းမင်းသူရဲ့ အကောင့်ဟာ အဟက်ခံထားရတာဖြစ်ပါတယ်။ အဆိုတော် ဟိန်းမင်းသူဟာ မိန်းကလေးပရိသတ်တွေကြား အထူးရေပန်းစားလှတဲ့ မင်းသားတစ်လက်ဖြစ်ပြီး JB နဲ့တူတယ်ဆိုပြီး မိန်းကလေးတွေရဲ့ ဝန်းရံအားပေးခြင်းကို ခံထားရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါသေးတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက Heart Attack ဖြစ်ပြီး ဆေးရုံအရေးပေါ်တင်လိုက်ရတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ပြီးတဲ့နောက် ပရိသတ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ ခုချိန်မှာတော့ သရုပ်ဆောင်ဟိန်းမင်းသူရဲ့ အချစ်ရေးအခြေအနေတွေဟာ လူမှုကွန်ယက်ပေါ်မှာ အတော်ပျံ့နှံ့လျက်ရှိနေပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ဟိန်းမင်းသူရဲ့အကောင့်အဟက်ခံခဲ့ရတာဖြစ်ပြီး ဟက်သွားသူဟာ ဟိန်းမင်းသူရဲ့ ချက်ဘောက်ထဲက SS တွေကို ထုတ်ပြလာတာဖြစ်ပါတယ်။

ဟိန်းမင်းသူနဲ့ ချက်ထားတဲ့သူကတော့ သရုပ်ဆောင် အုပ်စိုးခန့်ဖြစ်ပြီးတော့ Relationship တစ်ခုကို တည်ဆောက်ထားတဲ့ အနေအထားတစ်ခုဖြစ်နေခဲ့ပါတယ်။

ထို SS တွေဟာ ပရိသတ်တွေကြား ပျံ့နှံ့နေခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက် အမှန်တကယ် ချစ်သူတွေဖြစ်ခဲ့လားဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင် ဝန်ခံထားခြင်းမရှိပါဘူး။

We Love Cele