အင်္ဂလန်တစ်ဝန်းကို လီဗာပူးက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အနေအထားတွေ ပြသပြီး အကောင်းဆုံး အသင်းတစ်သင်းရဲ့ အနေအထားတွေ ရောက်နေပေမယ့်လည်း ဒီအခြေအနေက အမြဲတမ်းတော့ မဖြစ်နိုင်ဘူးဆိုတာကို မန်နေဂျာ ယာဂင်ကလောပ့်က သိထားပါတယ်။

လီဗာပူးပရိသတ်တွေကို မန်နေဂျာယာဂင်ကလော့ပ် သတိပေးစကား ပြောဆိုလိုက်တာက အတိတ်က အင်္ဂလန်လိဂ်ကို ဆာအဲလက်စ်ရဲ့ ယူနိုက်တက် လွှမ်းမိုးသလို ပုံစံတူ အနေအထား ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ဖြစ်တယ်။ ဒီဘက်ခေတ်မှာ ကလပ်အသင်းတွေက ငွေကြေးအင်အား ကွာခြားမှုကို လျော့ချလာနိုင်တာက အတိတ်ကလို ကာလရှည် လွှမ်းမိုးဖို့ မဖြစ်နိုင်တဲ့ အဓိက အကြောင်းရင်းအဖြစ် ကလော့ပ်က တုန့်ပြန်ပါတယ်။

လီဗာပူးဟာ ဒီရာသီ အမှတ်ပေးပွဲ ၂၁ ပွဲ ကစားရာမှာ ရနိုင်တဲ့အမှတ် ၆၃ မှတ်ထဲက ၂ မှတ်ပဲ လျော့နည်းပြီး ၆၁ မှတ်ထိ ရယူထားနိုင်တာဖြစ်တယ်။ ဒီအပတ်မှာ ထိပ်တိုက်တွေ့မယ့် ယူနိုက်တက်ဟာ ဒီရာသီ လီဗာပူး အနိုင်မရထားတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။

ကလော့ပ်က ” ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဆာအဲလက်စ်ခေတ်တုန်းက အင်္ဂလန်ကို လွှမ်းမိုးခဲ့သလို အနေအထားမျိုး ထပ်ဖြစ်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ အသင်း အများအပြားက ငွေကြေးဆိုင်ာ အင်အား တောင့်တင်းလာခဲ့ပြီဖြစ်လို့ ခြားနားတဲ့ ပုံစံတွေနဲ့ ပိုမို ပြည့်စုံလာခဲ့တာကလည်း အဲ့လို မဖြစ်နိုင်တော့တဲ့ အကြောင်းရင်းပါ။

လူစာရင်း အပြောင်းအလဲတွေကနေ ဖြစ်ပေါ်လာတဲ့ အနိမ့်အမြင့် အနေအထားတွေကြောင့် အတိတ်တုန်းက လီဗာပူးနဲ ယူနိုက်တက်တို့ လုပ်နိုင်ခဲ့သလို လွှမ်းမိုးထားနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

၁၉၇၀ နဲ့ ၈၀ ကာလတွေမှာ အင်္ဂလန်ဘောလုံးလောကကို လီဗာပူးက လွှမ်းမိုးခဲ့ပြီး ၉၀ နောက်ပိုင်းမှာတော့ ယူနိုက်တက်က လွှမ်းမိုးခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း ဒီဘက်ပိုင်း ကာလတွေမှာတော့ အသင်းတစ်သင်းက လွှမ်းမိုးခြင်းထက် အလှည့်ကျ အနိုင်ရမှုတွေပဲ ဖြစ်လာခဲ့ပြီး ကလပ်အသင်း အများအပြားက ငွေကြေးအင်အားတွေ တောင့်တင်းလာခဲ့ကာ ဒီရာသီမှာဆိုရင် လက်စတာက ထိပ်ဆုံး တစ်နေရာထဲ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

အဂၤလန္တစ္ဝန္းကို လီဗာပူးက လႊမ္းမိုးႏုိင္စြမ္းရွိတဲ့ အေနအထားေတြ ျပသျပီး အေကာင္းဆံုး အသင္းတစ္သင္းရဲ႕ အေနအထားေတြ ေရာက္ေနေပမယ့္လည္း ဒီအေျခအေနက အျမဲတမ္းေတာ့ မျဖစ္ႏုိင္ဘူးဆိုတာကို မန္ေနဂ်ာ ယာဂင္ကေလာပ့္က သိထားပါတယ္။

လီဗာပူးပရိသတ္ေတြကို မန္ေနဂ်ာယာဂင္ကေလာ့ပ္ သတိေပးစကား ေျပာဆိုလိုက္တာက အတိတ္က အဂၤလန္လိဂ္ကို ဆာအဲလက္စ္ရဲ႕ ယူႏုိက္တက္ လႊမ္းမိုးသလို ပံုစံတူ အေနအထား ျဖစ္လာႏုိင္ဖြယ္ မရွိဘူးလို႔ျဖစ္တယ္။ ဒီဘက္ေခတ္မွာ ကလပ္အသင္းေတြက ေငြေၾကးအင္အား ကြာျခားမႈကို ေလ်ာ့ခ်လာႏုိင္တာက အတိတ္ကလို ကာလရွည္ လႊမ္းမိုးဖို႔ မျဖစ္ႏုိင္တဲ့ အဓိက အေၾကာင္းရင္းအျဖစ္ ကေလာ့ပ္က တုန္႔ျပန္ပါတယ္။

လီဗာပူးဟာ ဒီရာသီ အမွတ္ေပးပြဲ ၂၁ ပြဲ ကစားရာမွာ ရႏုိင္တဲ့အမွတ္ ၆၃ မွတ္ထဲက ၂ မွတ္ပဲ ေလ်ာ့နည္းျပီး ၆၁ မွတ္ထိ ရယူထားႏုိင္တာျဖစ္တယ္။ ဒီအပတ္မွာ ထိပ္တိုက္ေတြ႔မယ့္ ယူႏုိက္တက္ဟာ ဒီရာသီ လီဗာပူး အနုိင္မရထားတဲ့ တစ္သင္းတည္းေသာ အသင္းလည္း ျဖစ္ပါတယ္။

ကေလာ့ပ္က ” ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ ဆာအဲလက္စ္ေခတ္တုန္းက အဂၤလန္ကို လႊမ္းမိုးခဲ့သလို အေနအထားမ်ိဳး ထပ္ျဖစ္ႏုိင္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ အသင္း အမ်ားအျပားက ေငြေၾကးဆုိင္ာ အင္အား ေတာင့္တင္းလာခဲ့ျပီျဖစ္လုိ႔ ျခားနားတဲ့ ပံုစံေတြနဲ႔ ပိုမို ျပည့္စံုလာခဲ့တာကလည္း အဲ့လို မျဖစ္ႏုိင္ေတာ့တဲ့ အေၾကာင္းရင္းပါ။

လူစာရင္း အေျပာင္းအလဲေတြကေန ျဖစ္ေပၚလာတဲ့ အနိမ့္အျမင့္ အေနအထားေတြေၾကာင့္ အတိတ္တုန္းက လီဗာပူးနဲ ယူႏုိက္တက္တို႔ လုပ္ႏုိင္ခဲ့သလို လႊမ္းမိုးထားႏုိင္ဖို႔ဆိုတာက မျဖစ္ႏုိင္ေတာ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၁၉၇၀ နဲ႔ ၈၀ ကာလေတြမွာ အဂၤလန္ေဘာလံုးေလာကကို လီဗာပူးက လႊမ္းမိုးခဲ့ျပီး ၉၀ ေနာက္ပိုင္းမွာေတာ့ ယူႏုိက္တက္က လႊမ္းမိုးခဲ့တာျဖစ္တယ္။ ဒါေပမယ့္လည္း ဒီဘက္ပိုင္း ကာလေတြမွာေတာ့ အသင္းတစ္သင္းက လႊမ္းမိုးျခင္းထက္ အလွည့္က် အႏုိင္ရမႈေတြပဲ ျဖစ္လာခဲ့ျပီး ကလပ္အသင္း အမ်ားအျပားက ေငြေၾကးအင္အားေတြ ေတာင့္တင္းလာခဲ့ကာ ဒီရာသီမွာဆိုရင္ လက္စတာက ထိပ္ဆံုး တစ္ေနရာထဲ ဝင္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။