နူးကမ့်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ လီဗာပူးကတော့ ဘာစီလိုနာကို ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် ရှုံးနိမ့်ကာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မှေးမှိန်သွားခဲ့ပါပြီ။ ဘာစီလိုနာအတွက် ဂိုးတွေကို လူးဝစ်ဆွာရက်စ် က ၁ ဂိုး၊ မက်ဆီက ၂ ဂိုး အသီးသီး သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာကို ရှုံးခဲ့ပေမယ့် အဆိုပါပွဲ ခြေစွမ်းက လီဗာပူးရဲ့ ချန်ပီယံလိဂ် အကောင်းဆုံး ခြေစွမ်းဖြစ်ကြောင်း ကလော့ပ်က အသင်းသားတွေကို ချီးကျူးမှုနဲ့အတူ တုန့်ပြန်လိုက်ပါတယ်။

ကလော့ပ်က ပြောရာမှာ ” အဝေးကွင်းပွဲမှာ ဂိုးသွင်းပြီး အရေးနိမ့်ရတာက ကောင်းပါတယ်။ ကျနော်တို့က အဲ့သည်လို မလုပ်နိုင်ခဲ့ဘူး။ ဒါက ပြဿနာပါ။ အဲ့တာကပဲ ကျနော်တို့ကို ခက်ခဲစေတော့မှာပါ။ ကျနော်ရဲ့ ကောင်လေးတွေက လေးစားလောက်စရာ ခြေစွမ်းတွေနဲ့ အကောင်းဆုံးကစားခဲ့ပါတယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရပေမယ့် မက်ဆီကို ရပ်တန့်လို့ မရနိုင်တာ အတွက် ၀န်ခံလိုက်ပြီး ပထမဂိုး ဖရီးကစ်က ကာကွယ်လို့ကို မရလိုက်သလို ဒုတိယဂိုးကလည်း ၄င်းရဲ့ အကောင်းဆုံး မဟုတ်တောင် စကေးလ် အပြည့်နဲ့ သွင်းသွားတဲ့ ဂိုးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လူးဝစ်ဆွာရက်စ်ရဲ့ အသင်းဟောင်း လီဗာပူးကို ဂိုးသွင်းအပြီး အောင်ပွဲခံမှုကို လီဗာပူး ပရိသတ်များ အမျက်ထွက်နေကြသလို ပြိုင်ဘက် ပရိသတ်များကလည်း လှောင်ပြောင်မှုများ ပြုလုပ်ရင်း တွစ်တာမှာ တိုက်ပွဲ ပြင်းထန်နေပါတယ်။

အာဆင်နယ်အသင်း နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ လီဗာပူးအသင်းဟာ နောက်ဆုံး ၁၅ မိနစ်မှ ကျရှုံးခဲ့တာ ဖြစ်တယ်ပြီး ဒီရလဒ်ကို လက်ခံရ ခက်ခဲလိမ့်မယ် လို့ ဘာစီလိုနာကို ၃ဂိုး ပြတ် ရှုံးတဲ ပွဲအပြီးမှာ မှတ်ချက်ပြုလိုက်ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီ နောက်ကျဂိုး သွင်း အဝေးဂိုး ယူနိုင်ဦးမယ့် အခွင့်အရေး လက်လွှတ်ခဲ့တာအတွက် လီဗာပူး နောင်တရလိမ့်မယ်လို့ ၄င်းက ဆိုပါတယ်။

လီဗာပူးခံစစ်သမား ဗန်ဒိုက်ကတော့ ရှုံးပွဲ အပြီးမှာ ဆုဖလားလက်မဲ့ရာသီ ဖြစ်မလားဆိုတာမျိုးကို ကြိုတွေးတာထက် စနေနေ့ နယူးကာဆယ်ကွင်းကို သွားရောက်ကစားရမယ့် ပွဲမှာ ကြိုးစားကစားဖို့အတွက်ပဲ အာရုံစိုက်ထားတယ် လို့ ပြောပါတယ်။

အေဂျက်နည်းပြ အဖွဲ့ဝင်ထဲက ရော်နယ် ဒီ ဘိုးဝါးကတော့ ဒီလစ်အနေနဲ့ မဝေးတဲ့ အနာဂတ်မှာ အသင်းပြောင်းမယ်ဆို လီဗာပူးကို ရွေးချယ်သင့်ကြောင်း ထောက်ခံစကား ဆိုခဲ့ပါတယ်။ လက်ရှိ ဈေးကွက်က တန်ကြေးအရ ဒီလစ်ကို ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ လောက် ကျသင့်မှာ ဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း အသင်းပြောင်းဖို့ ရွေးချယ်နေဆဲပါ။

မန်စီးတီးနဲ့ လီဗာပူးမှာ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ပ်တို့ကို ၄င်းတို့ ကလပ်အသင်းတွေက ထောက်ပံ့နေမှုမျိုး ယူနိုက်တက်မှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ မရခဲ့ဘူး လို့ မော်ရင်ညိုက ယုံကြည်နေပါတယ်။

ချန်ပီယံလိဂ်ပွဲ ကစားလိုတယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ လီဗာပူးကစားသမားဟောာင်း ပဲလေ့စ်ခံစစ်မှူး မာမာဒူ ဆာခိုဟာ နောက်ရာသီမှာ အသင်းမှာ ဆက်ရှိဖို့ မသေချာဘူး ဖြစ်လာခဲ့ပါတယ်။