အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အိုဇေးလ်ဟာ သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ သေချာပေါက် ဆက်ရှိမယ်လို့ တုန့်ပြန်လိုက်ပါတယ်။ အာဆင်နယ်နဲ့ နှစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိနေပြီး ဘာတွေဆက်ဖြစ်မလဲ မသိသေးပေမယ့် အသင်းနဲ့အတူ နှစ်နှစ်တာ ဖြတ်သန်းဦးမယ်လို့ အိုဇေးလ်က ဆိုပါတယ်။

နည်းပြ အူနိုင်းအမ်မရီက အာဆင်နယ်အသင်းနဲ့ အတူ သမိုင်းသစ် ရေးထိုးလိုတယ်လို့ ပြောဆိုလိုက်ပြီး ယူရိုပါလိဂ် အောင်မြင်မှု ရယူဖို့ ပစ်မှတ်ထားလိုက်ပါတယ်။

အာဆင်နယ် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းကတော့ အသင်း ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အမ်းမရိတ်ကို စွန့်ခွာပြီး ပိုနိမ့်တဲ့ ဂျူဗင်တပ်ဆီ ပြောင်းေ်ရွှ့သွားတော့မှာ ဖြစ်လို့ စိတ်ပျက် ဒေါသထွက်ရကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ အူနိုင်းအမ်မရီက ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး လက်စတာမှ မက်ဂွဲယား၊ စပါးမှ အန်ဒါဝီရယ်၊ ချယ်ဆီးမှ ဇူးမား၊ ဂီတာဖေးမှ Djene Dakonam တို့ကို ပစ်မှတ်ထားနေပါတယ်။

လန်ဒန်အခြေစိုက် အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖရေဆာဟာ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် စကော့တလန်သား တောင်ပံကစားသမား ဖရေဆာဟာ ဘုန်းမောက်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနေပါတယ်။

ပီအက်စ်ဂျီ အသင်းထံမှ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး Christopher Nkunku ကို ခေါ်ယူလိုပါက အာဆင်နယ် အနေနဲ့ ပေါင် ၁၇.၂ သန်း ပေးအပ်ရလိမ့်မယ်လို့ အကြောင်းကြားခြင်း ခံထားရပါတယ်။

ရမ်ဆေးဟာ ဘယ်ဘက် တံကောက်ကြောဒဏ်ရာ အတွက် ဆက်လက် ကုသမှု ခံယူနေရပြီး ဒီရာသီ အာဆင်နယ် အသင်းရဲ့ လက်ကျန်ပွဲစဉ်မျှား ပါဝင်ကစားနိုင်မှာ မဟုတ်တော့ကြောင်း အမ်မရီက အတည်ပြုလိုက်ပါတယ်။ နောက်ရာသီ ဂျူဗင်တပ်သို့ ပြောင်းတော့မှာ ဖြစ်တဲ့ ရမ်ဆေးက အာဆင်နယ်အတွက နောက်ဆုံးပွဲ ကစားပြီး ဖြစ်သွားခဲ့ပါပြီ။

အာဆင်နယ်က အခြေအနေဆိုးနေတဲ့ ခံစစ်ကြောင်း တိုးတက်မှု ရှိဖို့ ဗဟိုခံစစ်မှူး တစ်ဦး အသည်းအသန် ရှာဖွေနေပြီး ဂီတာဖေးမှ ခံစစ်မှူး Djene Dakonam ကို မျက်စိကျနေပါတယ်။