ဖရန့်ဘတ်နဲ့ ယူရိုပါလိဂ် ပွဲ စဉ်အတွက် ချယ်ဆီးအသင်းသား ၁၉ ယောက် ဂျာမနီသို့ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ ထို ၁၉ ယောက်ကတော့ ကီပါ၊ ကာဘယ်လာရို၊ ဂျင်မီကမ်းမင်း၊ ခရစ္စတီယန်ဆန်၊ ကွီတာ၊ လူးဝစ်၊ အလွန်ဆို၊ အီမာဆန်၊ ဇက်ပါကော်စတာ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရော့စ် ဘာကလေ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိ၊ ဟာဇက်၊ ပက်ဒရို၊ ၀ီလျံ၊ ဂျီရူး၊ ဟီဂူအင်တို့ ဖြစ်ပါတယ်။

ဖရန့်ဘတ်နဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင် ချယ်ဆီးအသင်း ထရိန်နင်မှာ တိုက်စစ်သမား ၀ီလျံ ပြန် ပါဝင်လာခဲ့တာတွေ့ရပါတယ်။ ၄င်းက ဒီရာသီ ချယ်ဆီးရဲ့ ယူရိုပါလိဂ် ပွဲတွေမှာ အဓိက ကျခဲ့ပြီး ၁၂ ပွဲ ကစားရာ ၃ ဂိုးသွင်း ၇ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

အီတလီမှာ လူမျိုးရေးခွဲခြားမှုတွေ ခံရတာကြောင့် အေစီမီလန်မှာ အငှား ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကိုက စတန်းဖို့ဘရစ်ခ်ျထံ ပြန်လာလိုနေပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါက အသင်းရဲ့ ထိပ်သီး လေးသင်း ၀င်ခွင့်အတွက် လက်တွေ့ကျကျ လုပ်ဆောင်သင့်တာက လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် အားလုံး အနိုင် ကစားဖို့ ဖြစ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံရနိုင်တဲ့ အတွက် ချယ်လ်ဆီး အသင်းဟာ အငှားချ ထားတဲ့ ကစားသမား တွေကို လာမယ့် ဘောလုံး ရာသီ အတွက် ပြန်လည် အသုံးချ သွားဖို့ ရှိနေပြီး ယခင်က စီးရီးအေ ကလပ် တိုရီနို မှ ချယ်လ်ဆီး လူငယ် နောက်ခံလူ အိုလာ အိုင်နာ ဟာ အပြီးသတ် ပြောင်းရွှေ့ဖို့ ရှိနေပေမယ့် ယခု အခါ မှာတော့ ရာသီကုန် မှာ ချယ်လ်ဆီး သို့ ပြန်ရောက် လာနိုင်တယ် သိရပါတယ် ။

လန်ဒန်အခြေစိုက် အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖရေဆာဟာ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် စကော့တလန်သား တောင်ပံကစားသမား ဖရေဆာဟာ ဘုန်းမောက်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြ ကစားနေပါတယ်။