ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာတော့ လီဗာပူးအသင်းက ဘုန်းမောက်ကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီတလော ရှုံးပွဲတွေကြောင့် ယုံကြည်မှုတွေ ပြန် အဖတ်ဆယ်ဖို့နဲ့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင် လမ်းကြောင်း မှန်ပေါ် ပြန်ရောက်ဖို့ လီဗာပူးအသင်းက ဒီပွဲကို ဖိဖိစီးစီး ကစားဖို့လည်း လိုအပ်နေပါတယ်။

လီဗာပူး ဘုန်းမောက်တို့ ပွဲစဉ် အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဒီတလောမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲထဲ ၃ ပွဲ ရှုံးထားတဲ့ ယာဂင်ကလော့ပ်အသင်းကို ပြောဆိုမှုတွေ အများကြီး ရှိထားတယ်။ အရင် လီဗာပူး နည်းပြဟောင်းကြီး ဘီလ် ရှန်ကလေ တခါက ဂျာနယ်လစ်တစ်ယောက်ကို ဖြေဖူးတာလေး ကျနော် သွား အမှတ်ရမိတယ်။ ” အခု ဖြစ်နေတဲ့ ပြသနာတွေက လိဂ် ထိပ်ဆုံးနားမှာ ကျနေ်ာတို့ ကြုံနေတာနော်။ ” ဆိုပြီး ပြောခဲ့တာလေး။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့အပတ် ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဘက်ပေါင်းစုံက လိုအပ်ချက်တွေ ရှိခဲ့တာ အမှန်ပါ။ သူတို့ရဲ့ ပရီးမီးယားလိဂ် ဒီရာသီ ရှုံးပွဲ မရှိတဲ့ မှတ်တမ်းလည်း ရပ်တန့်သွားခဲ့တယ်။ အင်္ဂါနေ့က ပွဲက နည်းနည်းတော့ ပြောင်းလဲသွားတယ်။ အခွင့်အရေးတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ခံစစ်က အင်အားနည်းမှုတွေ မြင်ရပြီး ချယ်ဆီးကို အရှုံးပေးခဲ့ရပြန်တယ်။

ဗန်ဒိုက်နဲ့ ဂျိုး ဂိုမက်ဇ်ကို ဗဟိုခံစစ်မှာ အတူ မြင်ရလျက်နဲ့ ဒီလို တွေ့ရတာ နည်းနည်း ထူးဆန်းပါတယ်။ ဒါပေမယ့် မေ့ထားလို့ မရတာက ကလော့ပ်က သူ့ အတောင့်တင်းဆုံး အသင်းကို ပွဲထုတ်လာတာတော့ မဟုတ်ဘူး၊ လူငယ်ကစားသမာ တချို့နဲ့ ရောပြီး ကစားစေခဲ့တာ ဖြစ်တယ်။

ဒီတော့ လီဗာပူးအနေနဲ့ အက်သလက်တီကို အသင်းနဲ့ ပြန် မတွေ့ခင် နိုင်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဒီစနေပွဲက အရေးကြီးနေတယ်။ ဝက်ဖို့ဒ်နဲ့ ပွဲမှာ လီဗာပူး ချီးကျူးစရာ မရှိခဲ့ပေမယ့် လောလောဆယ် သူတို့က ထိပ်ဆုံးမှာ အမှတ်အများကြီး ဖြတ် ဦးဆောင်နေတဲ့ အသင်း ဖြစ်တယ်။ ကိန်းဂဏန်းတွေ အရ ချန်ပီယံ ဖြစ်ပြီ မဆိုနိုင်သေးပေမယ့် လက်တွေ့မှာက သူတို့ အလုပ်နည်းနည်း ပြီးအောင် လုပ်လိုက်ရင် ပွဲပြီးပြီ။

ပရီးမီးယားလိဂ်က လီဗာပူးအတွက် ကြီးမားတဲ့ မျှော်လင့်ချက်ပါ။ ဒီတစ်ခုကို ရလိုက်ရင် ဖိအားက လုံး၀ ကင်းသွားမှာ ဖြစ်တယ်။ အဲဒါဆိုရင် ချန်ပီယံလိဂ်မှာ အကုန် အားသွန် ကစားနိုင်ပြီ။ လက်ကျန်ရာသီ ပွဲတွေကိုလည်း အေးအေးဆေးဆေး ကစားသွားနိုင်ပြီ ဖြစ်တယ်။

ချန်ပီယံ ဖြစ်ခါနီး ပွဲနည်းနည်းပဲ လိုတယ်ဆိုရင် ထရိန်နင်မှာ နည်းနည်း ထူးခြားတယ်။ ပိုပြီး ပေါ့ပေါ့ပါးပါး ရှိတယ် ပျော်စရာကောင်းတယ် လူတိုင်းကလည်း ပြုံးရွှင်နေကြတယ်။

လောလောဆယ် ကျနေ်ာတို့ ကြားနေရတာကတော့ ‘ဟာ သူတို့က ပွဲတွေ စ ရှုံးနေပြီ.. ဒီလူတွေ အလုပ်လုပ်ဖို့ လိုသေးတယ်.. သူတို့က ငါတို့ ထင်သလောက်လည်း မကောင်းပါဘူး။ ” စသဖြင့်ပေါ့။

လီဗာပူးက ဘုန်းမောက်နဲ့ ပွဲမှာ သူတို့အရည်အချင်းကို သက်သေပြဖို့ လိုတယ်။ သူတို့က အတောင့်တင်းဆုံး အသင်းဆိုတာ အားကုန်ထည့် ကစားပြသွားလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ လီဗာပူး အနိုင်လို့ပဲ ကျနော် ထင်တယ်။ ဘုန်းမောက်ကလည်း အားထုတ်မှုကောင်းတွေ လုပ်မှာပါ။

နောက်ပြီး လီဗာပူး ဂိုးတွေ သွင်းလိမ့်မယ်လို့ အဓိက ထင်နေတဲ့ တစ်ချက်က ဘုန်းမောက်က ဘတ်စ်ကားကွက်နဲ့ ကန်မှာ မဟုတ်ဘူး။ ဒါက သူတို့ အတွက် အလုပ် မဖြစ်ဘူး။ ဒီပွဲ ပထမ မိနစ် ၂၀ လောက်က တော်တော် အရေးကြီးလိမ့်မယ်။ ဘုန်းမောက်က ဒီပွဲကနေ အမှတ် ယူဖို့ ယုံကြည်ချက်ကောင်း ရအောင် ပွဲအစတည်းက ဖိ ကြိုးစား ပြလိမ့်မယ်။

တကယ်လို့ လီဗာပူးကသာ စောစော ဂိုးရပြီး အသာစီး ရသွားရင် ဟိုဝီ အသင်း အနေနဲ့ ဒီပွဲကနေ မျှော်လင့်စရာ မြင်ရဖို့ ကံကြမ္မာကို အားကိုးရရုံပဲ ရှိမယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၀ ဘုန်းမောက် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ညနေ မြန်မာစံတော်ချိန် ၇ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၉ မွာေတာ့ လီဗာပူးအသင္းက ဘုန္းေမာက္ကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ဒီတေလာ ရွံဳးပြဲေတြေၾကာင့္ ယံုၾကည္မႈေတြ ျပန္ အဖတ္ဆယ္ဖို႔နဲ႕ ခ်န္ပီယံလိဂ္ ပြဲ မတိုင္ခင္ လမ္းေၾကာင္း မွန္ေပၚ ျပန္ေရာက္ဖို႔ လီဗာပူးအသင္းက ဒီပြဲကို ဖိိဖိစီးစီး ကစားဖို႔လည္း လိုအပ္ေနပါတယ္။

လီဗာပူး ဘုန္းေမာက္တို႔ ပြဲစဥ္ အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ဒီတေလာမွာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၄ ပြဲထဲ ၃ ပြဲ ရွံဳးထားတဲ့ ယာဂင္ကေလာ့ပ္အသင္းကို ေျပာဆိုမႈေတြ အမ်ားၾကီး ရွိထားတယ္။ အရင္ လီဗာပူး နည္းျပေဟာင္းၾကီး ဘီလ္ ရွန္ကေလ တခါက ဂ်ာနယ္လစ္တစ္ေယာက္ကို ေျဖဖူးတာေလး က်ေနာ္ သြား အမွတ္ရမိတယ္။ ” အခု ျဖစ္ေနတဲ့ ျပသနာေတြက လိဂ္ ထိပ္ဆံုးနားမွာ က်ေန္ာတို႔ ၾကံဳေနတာေနာ္။ ” ဆိုျပီး ေျပာခဲ့တာေလး။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့အပတ္ ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ဘက္ေပါင္းစံုက လိုအပ္ခ်က္ေတြ ရွိခဲ့တာ အမွန္ပါ။ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ ဒီရာသီ ရွံဳးပြဲ မရွိတဲ့ မွတ္တမ္းလည္း ရပ္တန္႔သြားခဲ့တယ္။ အဂၤါေန႔က ပြဲက နည္းနည္းေတာ့ ေျပာင္းလဲသြားတယ္။ အခြင့္အေရးေတြ အမ်ားၾကီး လုပ္ခဲ့တယ္။ ဒါေပမယ့္ ခံစစ္က အင္အားနည္းမႈေတြ ျမင္ရျပီး ခ်ယ္ဆီးကို အရွံဳးေပးခဲ့ရျပန္တယ္။

ဗန္ဒိုက္နဲ႕ ဂ်ိဳး ဂိုမက္ဇ္ကို ဗဟိုခံစစ္မွာ အတူ ျမင္ရလ်က္နဲ႕ ဒီလို ေတြ႔ရတာ နည္းနည္း ထူးဆန္းပါတယ္။ ဒါေပမယ့္ ေမ့ထားလို႔ မရတာက ကေလာ့ပ္က သူ႔ အေတာင့္တင္းဆံုး အသင္းကို ပြဲထုတ္လာတာေတာ့ မဟုတ္ဘူး၊ လူငယ္ကစားသမာ တခ်ိဳ႕နဲ႕ ေရာျပီး ကစားေစခဲ့တာ ျဖစ္တယ္။

ဒီေတာ့ လီဗာပူးအေနနဲ႕ အက္သလက္တီကို အသင္းနဲ႕ ျပန္ မေတြ႔ခင္ နုိင္ပြဲ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ ဒီစေနပြဲက အေရးၾကီးေနတယ္။ ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ လီဗာပူး ခ်ီးက်ဴးစရာ မရွိခဲ့ေပမယ့္ ေလာေလာဆယ္ သူတို႔က ထိပ္ဆံုးမွာ အမွတ္အမ်ားၾကီး ျဖတ္ ဦးေဆာင္ေနတဲ့ အသင္း ျဖစ္တယ္။ ကိန္းဂဏန္းေတြ အရ ခ်န္ပီယံ ျဖစ္ျပီ မဆိုနုိင္ေသးေပမယ့္ လက္ေတြ႔မွာက သူတို႔ အလုပ္နည္းနည္း ျပီးေအာင္ လုပ္လိုက္ရင္ ပြဲျပီးျပီ။

ပရီးမီးယားလိဂ္က လီဗာပူးအတြက္ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ပါ။ ဒီတစ္္ခုကို ရလိုက္ရင္ ဖိအားက လံုး၀ ကင္းသြားမွာ ျဖစ္တယ္။ အဲဒါဆိုရင္ ခ်န္ပီယံလိဂ္မွာ အကုန္ အားသြန္ ကစားနုိင္ျပီ။ လက္က်န္ရာသီ ပြဲေတြကိုလည္း ေအးေအးေဆးေဆး ကစားသြားနုိင္ျပီ ျဖစ္တယ္။

ခ်န္ပီယံ ျဖစ္ခါနီး ပြဲနည္းနည္းပဲ လိုတယ္ဆိုရင္ ထရိန္နင္မွာ နည္းနည္း ထူးျခားတယ္။ ပိုျပီး ေပါ့ေပါ့ပါးပါး ရွိတယ္ ေပ်ာ္စရာေကာင္းတယ္ လူတိုင္းကလည္း ျပံဳးရႊင္ေနၾကတယ္။

ေလာေလာဆယ္ က်ေန္ာတို႔ ၾကားေနရတာကေတာ့ ‘ဟာ သူတို႔က ပြဲေတြ စ ရွံဳးေနျပီ.. ဒီလူေတြ အလုပ္လုပ္ဖို႔ လိုေသးတယ္.. သူတို႔က ငါတို႔ ထင္သေလာက္လည္း မေကာင္းပါဘူး။ ” စသျဖင့္ေပါ့။

လီဗာပူးက ဘုန္းေမာက္နဲ႕ ပြဲမွာ သူတို႔အရည္အခ်င္းကို သက္ေသျပဖို႔ လိုတယ္။ သူတို႔က အေတာင့္တင္းဆံုး အသင္းဆိုတာ အားကုန္ထည့္ ကစားျပသြားလိမ့္မယ္။ ဒါေၾကာင့္ ဒီပြဲမွာ လီဗာပူး အနုိင္လို႔ပဲ က်ေနာ္ ထင္တယ္။ ဘုန္းေမာက္ကလည္း အားထုတ္မႈေကာင္းေတြ လုပ္မွာပါ။

ေနာက္ျပီး လီဗာပူး ဂိုးေတြ သြင္းလိမ့္မယ္လို႔ အဓိက ထင္ေနတဲ့ တစ္ခ်က္က ဘုန္းေမာက္က ဘတ္စ္ကားကြက္နဲ႕ ကန္မွာ မဟုတ္ဘူး။ ဒါက သူတို႔ အတြက္ အလုပ္ မျဖစ္ဘူး။ ဒီပြဲ ပထမ မိနစ္ ၂၀ ေလာက္က ေတာ္ေတာ္ အေရးၾကီးလိမ့္မယ္။ ဘုန္းေမာက္က ဒီပြဲကေန အမွတ္ ယူဖို႔ ယံုၾကည္ခ်က္ေကာင္း ရေအာင္ ပြဲအစတည္းက ဖိ ၾကဳိးစား ျပလိမ့္မယ္။

တကယ္လို႔ လီဗာပူးကသာ ေစာေစာ ဂိုးရျပီး အသာစီး ရသြားရင္ ဟို၀ီ အသင္း အေနနဲ႕ ဒီပြဲကေန ေမွ်ာ္လင့္စရာ ျမင္ရဖို႔ ကံၾကမၼာကို အားကိုးရရံုပဲ ရွိမယ္။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၃-၀ ဘုန္းေမာက္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ ၇ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာ ျဖစ္ပါတယ္။