လီဗာပူးအသင်းဟာ နွေအပြောင်းအတွက် အစီအစဉ်တွေကို ချမှတ်ရာမှာ ပရီးမီးယားလိဂ်ရဲ့ home-grown တွေကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ဟာ လူစာရင်းတင်သွင်းမှုမှာ ၁၇ ဦးကို နိုင်ငံခြားသား ကစားသမားနဲ့ ၈ ဦးကို home-grown ကစားသမားတွေ ထည့်သွင်းဖို့ သက်မှတ်ထားတာဖြစ်တယ်။ အင်္ဂလန်လိဂ်မှာ အသက် ၂၁ နှစ် မပြည့်ခင်ထိ အနည်းဆုံး သုံးရာသီတိုင်တိုင် နေထိုင် ကစားတဲ့သူတွေကို home-grown တွေအဖြစ် သက်မှတ်ပေးထားတာဖြစ်ပါတယ်။

လီဗာပူးရဲ့ ဒီရာသီ နောက်ဆုံး လူစာရင်းတင်မှုမှာ ချီရီဗီလာ၊ ကလိုင်း၊ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ လယ်လာနာ၊ လိုနာဂန်၊ မီလ်နာနဲ့ ချိန်ဘာလိန်တို့ ၈ ဦးဟာ မှတ်ပုံတင်သူ ၂၅ ဦးထဲမှာ home-grown ၈ ဦးအဖြစ် ပါဝင်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ လာမယ့် ရာသီမှာတော့ လယ်လာနာ၊ လိုနာဂန်နဲ့ ကလိုင်းတို့က ထွက်ခွာသွားဖို့ ရှိနေတာဖြစ်တယ်။

လာမယ့်ရာသီမှာ ချီရီဗီလာက ချန်ပီယံရှစ်ကလပ်တွေထံ ပြောင်းမယ်လို့ သိထားရပြီး ထရန့်ကတော့ စီနီယာလူစာရင်းထဲ စတင်ကာ မှတ်ပုံတင်ရတော့မှာဖြစ်တယ်။ လူငယ်ဂိုးသမား ဂလယ်ဟာကိုတော့ တတိယဦးစားပေး ဂိုးသမားအဖြစ် အသင်းမှာပဲ ဆက်ထားရဖို့ ရှိနေပါတယ်။ ထရန့်နဲ့ ဂလယ်ဟာတို့ အပါမှ လီဗာပူးမှာ home-grown သမား ၅ ဦးပဲ ရှိဦးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ လီဗာပူးဘက်က home-grown ကို ၈ ဦးထိ မဖြည့်နိုင်ခဲ့ရင် မှတ်ပုံတင်တဲ့အခါ လူလျော့ချခံရမှာဖြစ်ပြီး ၂၃ ဦးပဲ နာမည်စာရင်း သွင်းလို့ ရနိုင်မှာပါ။ ဒါကြောင့်မို့လို့ ကလပ်ဘက်က ကန့်ဝဲလ်လို အင်္ဂလန်သား ကစားသမားတွေကို ချိတ်ဆက်မှုတွေ ရှိနေခြင်းလည်းဖြစ်တယ်။

လီဗာပူးမှာ home-grown နောက်ထပ် ရွေးချယ်စရာအဖြစ် အိုဂျို၊ ဝဲလ်ဆန်နဲ့ နေးဖိလစ်တို့ ရှိနေပေမယ့် သူတို့ကို စီနီယာ ၂၅ ဦးစာရင်းထဲ ထည့်သွင်းဖို့ စွန့်စားရာကျမလား အသင်းဘက်က စဉ်းစားဖို့ လိုနေသေးတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအတြက္ အစီအစဥ္ေတြကို ခ်မွတ္ရာမွာ ပရီးမီးယားလိဂ္ရဲ႕ home-grown ေတြေၾကာင့္ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္တယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ဟာ လူစာရင္းတင္သြင္းမႈမွာ ၁၇ ဦးကို ႏုိင္ငံျခားသား ကစားသမားနဲ႔ ၈ ဦးကို home-grown ကစားသမားေတြ ထည့္သြင္းဖို႔ သက္မွတ္ထားတာျဖစ္တယ္။ အဂၤလန္လိဂ္မွာ အသက္ ၂၁ ႏွစ္ မျပည့္ခင္ထိ အနည္းဆံုး သံုးရာသီတိုင္တိုင္ ေနထိုင္ ကစားတဲ့သူေတြကို home-grown ေတြအျဖစ္ သက္မွတ္ေပးထားတာျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဒီရာသီ ေနာက္ဆံုး လူစာရင္းတင္မႈမွာ ခ်ီရီဗီလာ၊ ကလိုင္း၊ ဂိုးမက္စ္၊ ဟန္ဒါဆန္၊ လယ္လာနာ၊ လိုနာဂန္၊ မီလ္နာနဲ႔ ခ်ိန္ဘာလိန္တို႔ ၈ ဦးဟာ မွတ္ပံုတင္သူ ၂၅ ဦးထဲမွာ home-grown ၈ ဦးအျဖစ္ ပါဝင္ခဲ့ၾကတာပါ။ ဒါေပမယ့္လို႔ လာမယ့္ ရာသီမွာေတာ့ လယ္လာနာ၊ လိုနာဂန္နဲ႔ ကလိုင္းတို႔က ထြက္ခြာသြားဖို႔ ရွိေနတာျဖစ္တယ္။

လာမယ့္ရာသီမွာ ခ်ီရီဗီလာက ခ်န္ပီယံရွစ္ကလပ္ေတြထံ ေျပာင္းမယ္လို႔ သိထားရျပီး ထရန္႔ကေတာ့ စီနီယာလူစာရင္းထဲ စတင္ကာ မွတ္ပံုတင္ရေတာ့မွာျဖစ္တယ္။ လူငယ္ဂိုးသမား ဂလယ္ဟာကိုေတာ့ တတိယဦးစားေပး ဂိုးသမားအျဖစ္ အသင္းမွာပဲ ဆက္ထားရဖို႔ ရွိေနပါတယ္။ ထရန္႔နဲ႔ ဂလယ္ဟာတို႔ အပါမွ လီဗာပူးမွာ home-grown သမား ၅ ဦးပဲ ရွိဦးမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ လီဗာပူးဘက္က home-grown ကို ၈ ဦးထိ မျဖည့္ႏုိင္ခဲ့ရင္ မွတ္ပံုတင္တဲ့အခါ လူေလ်ာ့ခ်ခံရမွာျဖစ္ျပီး ၂၃ ဦးပဲ နာမည္စာရင္း သြင္းလို႔ ရႏုိင္မွာပါ။ ဒါေၾကာင့္မို႔လို႔ ကလပ္ဘက္က ကန္႔ဝဲလ္လို အဂၤလန္သား ကစားသမားေတြကို ခ်ိတ္ဆက္မႈေတြ ရွိေနျခင္းလည္းျဖစ္တယ္။

လီဗာပူးမွာ home-grown ေနာက္ထပ္ ေရြးခ်ယ္စရာအျဖစ္ အိုဂ်ိဳ၊ ဝဲလ္ဆန္နဲ႔ ေနးဖိလစ္တို႔ ရွိေနေပမယ့္ သူတို႔ကို စီနီယာ ၂၅ ဦးစာရင္းထဲ ထည့္သြင္းဖို႔ စြန္႔စားရာက်မလား အသင္းဘက္က စဥ္းစားဖို႔ လိုေနေသးတယ္လို႔ သိရပါတယ္။