လီဗာပူးအသင်းမှာ လစ်လှပ်နေတဲ့ ယူ-၂၃ အသင်း မန်နေဂျာရာထူးအတွက် စတီဗင်ဂျရတ် ပြန်လာမယ်ဆိုတဲ့ ရေပန်းစားမှုက ဒီရက်ပိုင်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားပါတယ်။

စကော်တလန်ကလပ် ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ စတီဗင်ဂျရတ်ဟာ ဒီသီတင်းပတ်တွေမှာ စကော့ပရီးမီးယားရှစ်အတွင်း ရုန်းကန်နေရတာဖြစ်တယ်။ သူဟာ ရိန်းဂျားကို ဥရောပအဆင့် ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာ နေရာတစ်နေရာ ပို့ဆောင်ထားနိုင်ပေမယ့် စကော့လိဂ်မှာတော့ စွမ်းဆောင်ရည်ပိုင်းတွေ ဆက်တိုက် ကျဆင်းလာနေတာပါ။

နေးခရစ်ချ်လေ ထွက်ခွာပြီးနောက်ပိုင်း သူ့နေရာ အစားထိုးဖို့ကို ဖြစ်နိုင်ချေ 100/1 လောက်ပဲ ရေပန်းစားခဲ့ပေမယ့် ဒီရက်တွေမှာ ရိန်းဂျားအသင်း ရလဒ်တွေ ဆိုးမှုနဲ့အတူ 5/1 ထိ ရေပန်းစားမှု မြင့်တက်လာခဲ့ပြီဖြစ်တယ်။ လောင်းကစား ဝဘ်ဆိုဒ်တွေက ဖြစ်နိုင်ချေကို အခုလို လျော့ချလိုက်ခြင်းက အသင်းခေါင်းဆောင်ဟောင်းဟာ ကီရာဘီကို ပြန်လာဖို့ အရမ်းကို နီးစပ်နေခြင်းကြောင့်လို့လည်း သတင်းကြီးလာခဲ့တယ်။

ဒီလအစောမှာပဲ နေးခရစ်ချ်လေဟာ ယူ-၂၃ မန်နေဂျာရာထူးကို စွန့်ကာ လိဂ်ဝမ်းကလပ် ဘလက်ပူးလ်အသင်းကို မန်နေဂျာအဖြစ် သွားရောက် ကိုင်တွယ်ခဲ့ပြီဖြစ်တယ်။ စတီဗင်ဂျရတ်ကလည်း ရိန်းဂျားကို မပြောင်းခင် ယူ-၁၈ နဲ့ ယူ-၁၉ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

ယူ-၂၃ မန်နေဂျာရာထူးအတွက် ရေပန်းစားသူတွေထဲမှာ လက်ရှိ ယူ-၁၈ မန်နေဂျာ ဘယ်ရီ လွီတက်စ်နဲ့ လီဗာပူးကစားသမားဟောင်းကြီး ဇာဗီ အလွန်ဆိုတို့ကလည်း ပါဝင်နေတာပါ။ ကလပ်အသင်းရဲ့ ဒုတိယအသင်းလို့ ဆိုနိုင်မယ့် ယူ-၂၃ အသင်းအတွက် ရာထူး ခန့်အပ်ဖို့ကို မန်နေဂျာကလော့ပ်၊ အားကစားဒါရိုက်တာ အပ်ဝဒ်တို့က တိုင်ပင် ဆွေးနွေးသွားဦးမှာဖြစ်တယ်။

နီးစပ်သူတွေကတော့ စတီဗင်ဂျရတ်ဟာ ရိန်းဂျာမှာ အခြေအနေ မကောင်းဖြစ်နေပေမယ့် သူ့ရဲ့ ရည်မှန်းချက်က မန်နေဂျာအဖြစ် လုပ်ကိုင်ဖို့ ဖြစ်တာကြောင့် လွယ်လွယ် လက်လျော့မှာ မဟုတ်ပဲ စိန်ခေါ်မှုတွေအတွက် ဆက်လက် ကြိုးစားဖွယ်ရှိနေသေးတယ်လို့လည်း ဆိုထားကြပါတယ်။

ZAWGYI

လီဗာပူးအသင္းမွာ လစ္လွပ္ေနတဲ့ ယူ-၂၃ အသင္း မန္ေနဂ်ာရာထူးအတြက္ စတီဗင္ဂ်ရတ္ ျပန္လာမယ္ဆိုတဲ့ ေရပန္းစားမႈက ဒီရက္ပိုင္းမွာ တစ္ဟုန္ထိုး ျမင့္တက္သြားပါတယ္။

စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ေနတဲ့ စတီဗင္ဂ်ရတ္ဟာ ဒီသီတင္းပတ္ေတြမွာ စေကာ့ပရီးမီးယားရွစ္အတြင္း ရုန္းကန္ေနရတာျဖစ္တယ္။ သူဟာ ရိန္းဂ်ားကို ဥေရာပအဆင့္ ျပိဳင္ပြဲျဖစ္တဲ့ ယူရိုပါလိဂ္မွာ ေနရာတစ္ေနရာ ပို႔ေဆာင္ထားႏုိင္ေပမယ့္ စေကာ့လိဂ္မွာေတာ့ စြမ္းေဆာင္ရည္ပိုင္းေတြ ဆက္တိုက္ က်ဆင္းလာေနတာပါ။

ေနးခရစ္ခ်္ေလ ထြက္ခြာျပီးေနာက္ပိုင္း သူ႔ေနရာ အစားထိုးဖို႔ကို ျဖစ္ႏုိင္ေခ် 100/1 ေလာက္ပဲ ေရပန္းစားခဲ့ေပမယ့္ ဒီရက္ေတြမွာ ရိန္းဂ်ားအသင္း ရလဒ္ေတြ ဆိုးမႈနဲ႔အတူ 5/1 ထိ ေရပန္းစားမႈ ျမင့္တက္လာခဲ့ျပီျဖစ္တယ္။ ေလာင္းကစား ဝဘ္ဆုိဒ္ေတြက ျဖစ္ႏုိင္ေခ်ကို အခုလို ေလ်ာ့ခ်လိုက္ျခင္းက အသင္းေခါင္းေဆာင္ေဟာင္းဟာ ကီရာဘီကို ျပန္လာဖို႔ အရမ္းကို နီးစပ္ေနျခင္းေၾကာင့္လို႔လည္း သတင္းၾကီးလာခဲ့တယ္။

ဒီလအေစာမွာပဲ ေနးခရစ္ခ်္ေလဟာ ယူ-၂၃ မန္ေနဂ်ာရာထူးကို စြန္႔ကာ လိဂ္ဝမ္းကလပ္ ဘလက္ပူးလ္အသင္းကို မန္ေနဂ်ာအျဖစ္ သြားေရာက္ ကိုင္တြယ္ခဲ့ျပီျဖစ္တယ္။ စတီဗင္ဂ်ရတ္ကလည္း ရိန္းဂ်ားကို မေျပာင္းခင္ ယူ-၁၈ နဲ႔ ယူ-၁၉ အသင္းေတြကို ကိုင္တြယ္ခဲ့ဖူးပါတယ္။

ယူ-၂၃ မန္ေနဂ်ာရာထူးအတြက္ ေရပန္းစားသူေတြထဲမွာ လက္ရွိ ယူ-၁၈ မန္ေနဂ်ာ ဘယ္ရီ လီြတက္စ္နဲ႔ လီဗာပူးကစားသမားေဟာင္းၾကီး ဇာဗီ အလြန္ဆိုတို႔ကလည္း ပါဝင္ေနတာပါ။ ကလပ္အသင္းရဲ႕ ဒုတိယအသင္းလို႔ ဆိုႏုိင္မယ့္ ယူ-၂၃ အသင္းအတြက္ ရာထူး ခန္႔အပ္ဖို႔ကို မန္ေနဂ်ာကေလာ့ပ္၊ အားကစားဒါရိုက္တာ အပ္ဝဒ္တို႔က တိုင္ပင္ ေဆြးေႏြးသြားဦးမွာျဖစ္တယ္။

နီးစပ္သူေတြကေတာ့ စတီဗင္ဂ်ရတ္ဟာ ရိန္းဂ်ာမွာ အေျခအေန မေကာင္းျဖစ္ေနေပမယ့္ သူ႔ရဲ႕ ရည္မွန္းခ်က္က မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ဖို႔ ျဖစ္တာေၾကာင့္ လြယ္လြယ္ လက္ေလ်ာ့မွာ မဟုတ္ပဲ စိန္ေခၚမႈေတြအတြက္ ဆက္လက္ ၾကိဳးစားဖြယ္ရွိေနေသးတယ္လို႔လည္း ဆိုထားၾကပါတယ္။