ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆဲလ်ဘက်ကနေ လီဗာပူးကို ပြောင်းလာပြီးနောက်ပိုင်း အနီရောင်ဂျာစီကို ၆ ကြိမ်ထိ ဝတ်ဆင်ထားပြီဖြစ်တဲ့ မီနာမီနိုက အသင်းအောင်မြင်ဖို့ ခြေစွမ်းကောင်းတွေ မပြနိုင်တာအတွက် ကိုယ်ဘာသာ မုန်းတီး ဒေါသထွက်နေပါတယ်။

ဂျပန်တိုက်စစ်သမားဟာ လီဗာပူးအတွက် သွင်းဂိုးနဲ့ ဂိုးထောက်ပံံ့မှုတွေ တစ်ကြိမ်မှ လုပ်ပေးနိုင်သေးခြင်း မရှိသေးသလို သူ့ရဲ့ အလားအလာကောင်းတွေကို ပြသနိုင်ခြင်းလည်း မရှိသေးပါဘူး။ မီနာမီနိုကတော့ ဒီအခြေအနေတွေကို ကျော်လွန်ဖို့ လေ့ကျင့်ရေးမှာ နေ့တိုင်း အကောင်းဆုံ သင်ယူနေပြီး လီဗာပူးအကြောင်း နားလည်လာဖို့ သူ ကြိုးစားနေပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မီနာမီနိုက ” ကုန်ခဲ့တဲ့ သုံးလအတွင်း လီဗာပူးမှာ ကျနော် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ကျနော်က သွင်းဂိုးနဲ့ ဂိုးထောက်ပံ့ရတာတွေကို လုပ်ပေးရတာ ပိုနှစ်သက်သူပါ။ အဲ့တာတွေကို လုပ်ပြနိုင်ဖို့ အရမ်းကို ဆာလောင်ပြင်းပြနေတယ်လို့ ခံစားရတယ်။

ဘယ်လောက်ထိ သင်ယူဖို့ လိုသေးလဲတော့ ကျနော် မသိဘူး။ ဒါပေမယ့် တစ်ရက်ပြီး တစ်ရက် မန်နေဂျာရဲ့ အတွေအခေါ်ကို ပိုပိုနားလည်လာပြီး ပိုကောင်းလာတယ်လို့တော့ ခံစားရတယ်။ လီဗာပူးကို ရောက်နေတာ သုံးလထိ ရှိနေပါပြီ။ ပွဲတွေလည်း အများကြီး မကစားရသေးဘူး။ ကျနော် ကစားခွင့်တွေလည်း သိပ်မများဘူး ဒါပေမယ့် ပွဲကစားခွင့် ကောင်းကောင်းမရလို့ ခြေစွမ်းကောင်းတွေ မပြနိုင်တာ ဆိုတာက သိပ်ကောင်းတဲ့ ဆင်ခြေလည်း မဟုတ်ပါဘူး။

အသင်းအကြောင်း အပြည့်အဝ နားလည်ဖို့ ကျနော် သင်ယူနေရဆဲပါ။ ဒါပေမယ့် စောင့်နေရတာကို မုန်းတီးမိပါတယ်။ အသင်းအတွက် ထောက်ပံ့မှုကောင်းတွေ လုပ်နိုင်ဖို့ ချက်ခြင်းကြီး အကျိုးသက်ရောက်ဖို့ဆိုရင် နေ့တိုင်း အကောင်းဆုံး လုပ်နိုင်ဖို့ လိုပါတယ်။ ကျနော်မှာ အခွင့်အရေးတွေ အကန့်အသတ် ရှိနေပေမယ့် မန်နေဂျာက လိုအပ်ချိန်တိုင်းမှာ မန်နေဂျာရဲ့ မျှော်လင့်ချက်တွေအတွက် ရလဒ်နဲ့ သက်သေပြနိုင်ရမှာပါ ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေဖလားအဖြစ် ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ တာကူမီဟာ ဂိုးထောက်ပံ့နိုင်လောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဖန်တီးပေးမှုက သွင်းဂိုးမဖြစ်ခဲ့ပဲ လီဗာပူးက ၂-၀ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အာရှသား တိုက်စစ်သမားလေး လီဗာပူးမှာ အောင်မြင်ဖို့ဆိုတာက ကျနေ်ာတို့လို အာရှပရိသတ်တွေရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဆဲလ္ဘက္ကေန လီဗာပူးကို ေျပာင္းလာျပီးေနာက္ပိုင္း အနီေရာင္ဂ်ာစီကို ၆ ၾကိမ္ထိ ဝတ္ဆင္ထားျပီျဖစ္တဲ့ မီနာမီႏိုက အသင္းေအာင္ျမင္ဖို႔ ေျခစြမ္းေကာင္းေတြ မျပႏုိင္တာအတြက္ ကိုယ္ဘာသာ မုန္းတီး ေဒါသထြက္ေနပါတယ္။

ဂ်ပန္တိုက္စစ္သမားဟာ လီဗာပူးအတြက္ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံံ့မႈေတြ တစ္ၾကိမ္မွ လုပ္ေပးႏုိင္ေသးျခင္း မရွိေသးသလို သူ႔ရဲ႕ အလားအလာေကာင္းေတြကို ျပသႏုိင္ျခင္းလည္း မရွိေသးပါဘူး။ မီနာမီႏိုကေတာ့ ဒီအေျခအေနေတြကို ေက်ာ္လြန္ဖို႔ ေလ့က်င့္ေရးမွာ ေန႔တိုင္း အေကာင္းဆံု သင္ယူေနျပီး လီဗာပူးအေၾကာင္း နားလည္လာဖို႔ သူ ၾကိဳးစားေနပါတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

မီနာမီႏိုက ” ကုန္ခဲ့တဲ့ သံုးလအတြင္း လီဗာပူးမွာ က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။ ဒါေပမယ့္ ပုဂၢိဳလ္ေရးအရ က်ေနာ္က သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့ရတာေတြကို လုပ္ေပးရတာ ပိုႏွစ္သက္သူပါ။ အဲ့တာေတြကို လုပ္ျပႏုိင္ဖို႔ အရမ္းကို ဆာေလာင္ျပင္းျပေနတယ္လို႔ ခံစားရတယ္။

ဘယ္ေလာက္ထိ သင္ယူဖို႔ လိုေသးလဲေတာ့ က်ေနာ္ မသိဘူး။ ဒါေပမယ့္ တစ္ရက္ျပီး တစ္ရက္ မန္ေနဂ်ာရဲ႕ အေတြအေခၚကို ပိုပိုနားလည္လာျပီး ပိုေကာင္းလာတယ္လို႔ေတာ့ ခံစားရတယ္။ လီဗာပူးကို ေရာက္ေနတာ သံုးလထိ ရွိေနပါျပီ။ ပြဲေတြလည္း အမ်ားၾကီး မကစားရေသးဘူး။ က်ေနာ္ ကစားခြင့္ေတြလည္း သိပ္မမ်ားဘူး ဒါေပမယ့္ ပြဲကစားခြင့္ ေကာင္းေကာင္းမရလို႔ ေျခစြမ္းေကာင္းေတြ မျပႏုိင္တာ ဆိုတာက သိပ္ေကာင္းတဲ့ ဆင္ေျခလည္း မဟုတ္ပါဘူး။

အသင္းအေၾကာင္း အျပည့္အဝ နားလည္ဖို႔ က်ေနာ္ သင္ယူေနရဆဲပါ။ ဒါေပမယ့္ ေစာင့္ေနရတာကို မုန္းတီးမိပါတယ္။ အသင္းအတြက္ ေထာက္ပံ့မႈေကာင္းေတြ လုပ္ႏုိင္ဖို႔ ခ်က္ျခင္းၾကီး အက်ိဳးသက္ေရာက္ဖို႔ဆိုရင္ ေန႔တိုင္း အေကာင္းဆံုး လုပ္ႏုိုင္ဖို႔ လိုပါတယ္။ က်ေနာ္မွာ အခြင့္အေရးေတြ အကန္႔အသတ္ ရွိေနေပမယ့္ မန္ေနဂ်ာက လိုအပ္ခ်ိန္တိုင္းမွာ မန္ေနဂ်ာရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတြက္ ရလဒ္နဲ႔ သက္ေသျပႏုိင္ရမွာပါ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအဖလားအျဖစ္ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ တာကူမီဟာ ဂိုးေထာက္ပံ့ႏုိင္ေလာက္တဲ့ အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့ေပမယ့္ သူ႔ရဲ႕ ဖန္တီးေပးမႈက သြင္းဂိုးမျဖစ္ခဲ့ပဲ လီဗာပူးက ၂-၀ နဲ႔ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ အာရွသား တိုက္စစ္သမားေလး လီဗာပူးမွာ ေအာင္ျမင္ဖို႔ဆိုတာက က်ေန္ာတုိ႔လို အာရွပရိသတ္ေတြရဲ႕ ဆႏၵပဲ ျဖစ္ပါတယ္။