လီဗာပူးကွင်းလယ်လူ ကီတာဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ အသေးစား ဒဏ်ရာဖြစ်တဲ့ တင်ပါးဒဏ်ရာကြောင့် အနားယူနေခဲ့ရသူပါ။

ဘာစီလိုနာက တီမိုဝါနာနဲ့ လီဗာပူးကြား အခြေအနေကို လေ့လာမှုတွေ လုပ်နေပါတယ်။ ၎င်းတို့ကလည်း တိုက်စစ်ပိုင်းအတွက် ကာလရှည် အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာပါ။

ဘက်ဆစ်တက်ဟာ ၎င်းတို့အသင်းမှ လူငယ်ဂိုးသမားလေးကို နေရာပေးဖို့ ပြင်ဆင်နေပြီး လာမယ့် ပွဲတွေမှာ ကားရီယက်စ်ကို ပွဲထွက် လူစာရင်းကနေ ခေါက်ထားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးက နော်ဝစ်ကွင်းလယ်လူ ကန့်ဝဲလ်ကို ခေါ်ယူဖို့ ကိစ္စအား သွေးအေးလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကင်းထောက် စောင့်ကြကည့်မှုကို ဆက်လုပ်မှာဖြစ်ပြီး ထိပ်တန်း ပပစ်မှတ်အဖြစ်တော့ ခေါ်ယူဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး။

လီဗာပူးတိုက်စစ်သမားဟောင်းကြီး ဂျွန်ဘမ်းက လာမယ့်အပတ်မှာ အန်ဖီးကို လာရောက်မယ့် အက်သလက်တီကို မက်ဒရစ်ဟာ ဘာစီလိုနာထက် ခက်ခဲတဲ့ အသင်းဖြစ်လာလိမ့်မယ်လို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

၂၀၁၅ ခုနှစ်မှာ လီဗာပူးကို မန်နေဂျာယာဂင်ကလော့ပ် စတင်ကိုင်တွယ်စဉ်က ကလပ်တန်ကြေးဟာ ပေါင် ၃၁၂ သန်းဖြစ်ပြီး လက်ရှိမှာတော့ ပေါင် ၁.၂ ဘီလီယံထိ တန်ကြေး မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

ဆေးအဖွဲ့တွေရဲ့ အကြံပေးမှုအရ ပရီးမီးယားလိဂ်မှာ အသင်းသားတွေက ပြိုင်ဘက်တွေ ဒိုင်လူကြီးတွေနဲ့ လက်ဆွဲနုတ်ဆက်တာတွေ ပွေ့ဖက်တာတွေကို လုပ်ခွင့် ပေးမှာ မဟုတ်ပါဘူး။

ယူအီးအက်ဖ်အေ ဥက္ကဌက အင်္ဂလိပ်ဘောလုံးလောကရဲ့ အစဉ်အလာ ဆုဖလားတစ်လုံးဖြစ်တဲ့ လိဂ်ဖလားကို ပယ်ဖျက်ပြီး ဆက်မကစားတော့ရင် ပိုကောင်းမယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ကီတာဟာ အသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ျပန္လည္ ပါဝင္သြားခဲ့ျပီျဖစ္ပါတယ္။ သူဟာ အေသးစား ဒဏ္ရာျဖစ္တဲ့ တင္ပါးဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူပါ။

ဘာစီလိုနာက တီမိုဝါနာနဲ႔ လီဗာပူးၾကား အေျခအေနကို ေလ့လာမႈေတြ လုပ္ေနပါတယ္။ ၄င္းတို႔ကလည္း တိုက္စစ္ပိုင္းအတြက္ ကာလရွည္ အစားထိုးဖို႔ တိုက္စစ္မွဴးသစ္ ရွာေဖြေနတာပါ။

ဘက္ဆစ္တက္ဟာ ၄င္းတို႔အသင္းမွ လူငယ္ဂိုးသမားေလးကို ေနရာေပးဖို႔ ျပင္ဆင္ေနျပီး လာမယ့္ ပြဲေတြမွာ ကားရီယက္စ္ကို ပြဲထြက္ လူစာရင္းကေန ေခါက္ထားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးက ေနာ္ဝစ္ကြင္းလယ္လူ ကန္႔ဝဲလ္ကို ေခၚယူဖို႔ ကိစၥအား ေသြးေအးလာခဲ့ျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ကင္းေထာက္ ေစာင့္ၾကကည့္မႈကို ဆက္လုပ္မွာျဖစ္ျပီး ထိပ္တန္း ပပစ္မွတ္အျဖစ္ေတာ့ ေခၚယူဖို႔ ၾကိဳးစားေတာ့မွာ မဟုတ္ပါဘူး။

လီဗာပူးတိုက္စစ္သမားေဟာင္းၾကီး ဂၽြန္ဘမ္းက လာမယ့္အပတ္မွာ အန္ဖီးကို လာေရာက္မယ့္ အက္သလက္တီကို မက္ဒရစ္ဟာ ဘာစီလိုနာထက္ ခက္ခဲတဲ့ အသင္းျဖစ္လာလိမ့္မယ္လို႔ အသင္းေဟာင္းကို သတိေပးလိုက္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ လီဗာပူးကို မန္ေနဂ်ာယာဂင္ကေလာ့ပ္ စတင္ကိုင္တြယ္စဥ္က ကလပ္တန္ေၾကးဟာ ေပါင္ ၃၁၂ သန္းျဖစ္ျပီး လက္ရွိမွာေတာ့ ေပါင္ ၁.၂ ဘီလီယံထိ တန္ေၾကး ျမင့္တက္လာခဲ့ျပီျဖစ္ပါတယ္။

ေဆးအဖြဲ႔ေတြရဲ႕ အၾကံေပးမႈအရ ပရီးမီးယားလိဂ္မွာ အသင္းသားေတြက ျပိဳင္ဘက္ေတြ ဒိုင္လူၾကီးေတြနဲ႔ လက္ဆြဲႏုတ္ဆက္တာေတြ ေပြ႔ဖက္တာေတြကို လုပ္ခြင့္ ေပးမွာ မဟုတ္ပါဘူး။

ယူအီးအက္ဖ္ေအ ဥကၠဌက အဂၤလိပ္ေဘာလံုးေလာကရဲ႕ အစဥ္အလာ ဆုဖလားတစ္လံုးျဖစ္တဲ့ လိဂ္ဖလားကို ပယ္ဖ်က္ျပီး ဆက္မကစားေတာ့ရင္ ပိုေကာင္းမယ္လို႔ မွတ္ခ်က္ေပးေျပာဆိုပါတယ္။