လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပါတယ်။ သူဟာ အက်သလက်တီကိုနဲ့ ပထမအကျော့မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲ့ကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ခံစစ်မှူးဗန်ဒိုက်က ဖလားပွဲတွေကို အသင်းက အကောင်းဆုံး ယှဉ်ပြိုင်ပြီးမှ အရေးနိမ့်ခဲ့တာဖြစ်ပြီး လီဗာပူးက အာရုံစိုက်စရာတွေများနေလို့ ဖလားပွဲတွေကို အလေးမထားပဲ ယှဉ်ပြိုင်ခဲ့တာပါဆိုတဲ့ ခပ်ညံ့ညံ့စကားတွေ မပြောကြဖို့ တောင်းဆိုလိုက်ပါတယ်။

လိုက်ဇစ်အားကစားဒါရိုက်တာက ၎င်းတို့အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာအတွက် မည်သည့် ကမ်းလှမ်းမှုတွေကိုမှ လက်ခံ ရှိထားခြင်း မရှိပါဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ရိန်းဂျားမှာ နောက်ဆုံး ၁၀ ပွဲအတွင်း ၄ ပွဲပဲ အနိုင်ရတဲ့နောက် စတီဗင်ဂျရတ်ရဲ့ အနာဂတ်က စတင်ကာ ယိမ်းယိုင်လာတယ်လို့ ဖော်ပြမှုတွေ ရှိနေပါတယ်။ ရိန်းဂျားဟာ ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာတော့ ဂျာမနီကလပ် လေဗာကူဆင်နဲ့ ထိပ်တိုက် တွေ့နေတာ ဖြစ်ပါတယ်။

လာဇီယိုမှာ ခြေစွမ်းပြနေတဲ့ လူးဝစ်အယ်ဘာတိုအတွက် ဘယ်လို အပြောင်းအရွှေ့အတွက်မဆို လီဗာပူးက ၃၀% ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လီဗာပူးကနေ လာဇီယိုကို ပြောင်းရွှေ့သွားတဲ့ အယ်ဘာတိုကို ခေါ်ယူဖို့ ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။

ယူအီးအက်ဖ်အေက ၂၀၂၁ ဘောလုံးရာသီကနေ စတင်ကာ နွေချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ပြိုင်ပွဲတစ်ရပ်ကို ကျင်းပလိုနေပြီး စီနီယာအသင်းတွေ ရာသီကြို ခြေစမ်းနိုင်မယ့် အဆိုပါပြိုင်ပွဲကို လီဗာပူးအပြင် တောင်အမေရိကအသင်းတွေကိုပါ ထည့်သွင်းလိုနေပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိ အသင်းဖြစ်လာဖို့ အချိန်ယူ တည်ဆောက်ခဲ့ရတာဖြစ်ပြီး မန်စီတီးရဲ့ မန်နေဂျာ ဂွာဒီယိုလာကလည်း ခေါ်ယူမှုတွေ အများကြီး လုပ်ခဲ့ရခြင်းဖြစ်ကာ ယူနိုက်တက်က ထိပ်ဆုံး နှစ်သင်းကို ယှဉ်ပြိုင်ဖို့ စိတ်ရှည်ဖို့ လိုမယ်လို့ ရွန်းနီက မှတ်ချက်ပေးလိုက်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဆင္းေနျပီျဖစ္ပါတယ္။ သူဟာ အက္သလက္တီကိုနဲ႔ ပထမအေက်ာ့မွာ ဒဏ္ရာရခဲ့တာျဖစ္ျပီး အဲ့ကတည္းက အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ခံစစ္မွဴးဗန္ဒိုက္က ဖလားပြဲေတြကို အသင္းက အေကာင္းဆံုး ယွဥ္ျပိဳင္ျပီးမွ အေရးနိမ့္ခဲ့တာျဖစ္ျပီး လီဗာပူးက အာရံုစိုက္စရာေတြမ်ားေနလို႔ ဖလားပြဲေတြကို အေလးမထားပဲ ယွဥ္ျပိဳင္ခဲ့တာပါဆိုတဲ့ ခပ္ညံ့ညံ့စကားေတြ မေျပာၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

လိုက္ဇစ္အားကစားဒါရိုက္တာက ၄င္းတို႔အသင္းရဲ႕ တိုက္စစ္မွဴး တီမိုဝါနာအတြက္ မည္သည့္ ကမ္းလွမ္းမႈေတြကိုမွ လက္ခံ ရွိထားျခင္း မရွိပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ရိန္းဂ်ားမွာ ေနာက္ဆံုး ၁၀ ပြဲအတြင္း ၄ ပြဲပဲ အႏုိင္ရတဲ့ေနာက္ စတီဗင္ဂ်ရတ္ရဲ႕ အနာဂတ္က စတင္ကာ ယိမ္းယိုင္လာတယ္လို႔ ေဖာ္ျပမႈေတြ ရွိေနပါတယ္။ ရိန္းဂ်ားဟာ ယူရိုပါလိဂ္ ၁၆ သင္း အဆင့္မွာေတာ့ ဂ်ာမနီကလပ္ ေလဗာကူဆင္နဲ႔ ထိပ္တိုက္ ေတြ႔ေနတာ ျဖစ္ပါတယ္။

လာဇီယိုမွာ ေျခစြမ္းျပေနတဲ့ လူးဝစ္အယ္ဘာတိုအတြက္ ဘယ္လို အေျပာင္းအေရႊ႔အတြက္မဆို လီဗာပူးက ၃၀% ခံစားခြင့္ရွိမွာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ လီဗာပူးကေန လာဇီယိုကို ေျပာင္းေရႊ႔သြားတဲ့ အယ္ဘာတိုကို ေခၚယူဖို႔ ဂ်ဴဗင္တပ္က စိတ္ဝင္စားေနပါတယ္။

ယူအီးအက္ဖ္ေအက ၂၀၂၁ ေဘာလံုးရာသီကေန စတင္ကာ ေႏြခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ ျပိဳင္ပြဲတစ္ရပ္ကို က်င္းပလိုေနျပီး စီနီယာအသင္းေတြ ရာသီၾကိဳ ေျခစမ္းႏုိင္မယ့္ အဆိုပါျပိဳင္ပြဲကို လီဗာပူးအျပင္ ေတာင္အေမရိကအသင္းေတြကိုပါ ထည့္သြင္းလိုေနပါတယ္။

လီဗာပူးအသင္းဟာ လက္ရွိ အသင္းျဖစ္လာဖို႔ အခ်ိန္ယူ တည္ေဆာက္ခဲ့ရတာျဖစ္ျပီး မန္စီတီးရဲ႕ မန္ေနဂ်ာ ဂြာဒီယိုလာကလည္း ေခၚယူမႈေတြ အမ်ားၾကီး လုပ္ခဲ့ရျခင္းျဖစ္ကာ ယူႏုိက္တက္က ထိပ္ဆံုး ႏွစ္သင္းကို ယွဥ္ျပိဳင္ဖို႔ စိတ္ရွည္ဖို႔ လိုမယ္လို႔ ရြန္းနီက မွတ္ခ်က္ေပးလုိက္ပါတယ္။