လီဗာပူး ရလဒ်တွေ ကျဆင်းနေပေမယ့် အသင်းအဝတ်လဲခန်းက စည်းလုံးမှုကောင်းတွေ ရှိနေဆဲဖြစ်ကာ ဆက်လက်ပြီးလည်း တိုးတက်လာဖို့ လိုအပ်တယ်လို့ ဗန်ဒိုက်က ထုတ်ဖော် ပြောဆိုပါတယ်။

သို့ပေမယ့် လီဗာပူးက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကိုပဲ ဦးစားပေးလိုတာကြောင့် ဖလားပွဲတွေကို တမင်အလေးမထားတာဆိုတဲ့ ဆင်ခြေမျိုးတွေကိုတော့ ပေးမှာ မဟုတ်ကြောင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့ခြင်းတာဖြစ်တယ်လို့ ဆိုတယ်။

ဗန်ဒိုက်က ” လီဗာပူးက ဖလားပွဲတွေနဲ့ ပက်သက်ပြီး စိတ်အနှောက်အယှက် မခံဘူးဆိုတာမျိုးက ခပ်ညံ့ညံ့ ဆင်ခြေတွေလို့ ကျနော် မြင်ပါတယ်။ ပြိုင်ပွဲတိုင်းကို ပါဝင်လိုတယ်၊ အနိုင်လည်း ရလိုပါတယ်။ ပွဲတိုင်းကို ဖြစ်နိုင်သလောက် အနိုင်ရဖို့ ကစားပါတယ်။ ကျနော်ကတော့ ရူံးတာကို မကြိက်ပါဘူး။

သီတင်းပတ်အကုန်ကပွဲမှာ ကျနေ်ာတို့ ရံှူးခဲ့တာက ရံှူးကို ရံှူးသင့်တာပါ။ ဒါကို ကျနေ်ာတို့ သိပါတယ်။ ကျနေ်ာတို့ ဆွေးနွေးစကားပြောခဲ့တယ်။ အသင်းဖော်တွေကြားမှာ စကားတွေပြောပြီး တိုးတက်လာဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ ချယ်ဆီးနဲ့ပွဲမှာလည်း ကျနေ်ာတို့ ရံှူးခဲ့တာကြောင့် ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ဒါက အမှန်ပဲဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ဂျော်ဒန် ဟန်ဒါဆန်နဲ့ မီလ်နာတို့ မရှိတဲ့ နောက်ပိုင်းပွဲတွေမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတာပါ။ ဒါပေမယ့် ရလဒ်တွေကောင်းအောင်တော့ ဦးဆောင်နိုင်စွမ်း နည်းခဲ့တာဖြစ်တယ်။ ဗန်ဒိုက်က အသင်းအတွက် ဟန်ဒါဆန်ရဲ့ ပါဝင်မှုက ကြီးမားကြောင့် ဝန်ခံခဲ့ပေမယ့် လူတိုင်းက တိုးတက်လာဖို့ လိုကြောင်းလည်း ဆိုခဲ့ပါတယ်။

ဗန်ဒိုက်ကပဲ ဆက်လက်ပြီး ” ဟန်ဒိုက ဒီရာသီမှာ ကျနေ်ာတို့အတွက် အရမ်းကောင်းပါတယ်၊ အရမ်းကို အရေးပါတာပါ။ သူက ကျနေ်ာတို့ရဲ့ အသင်းခေါင်းဆောင်ပါ။ ကျနေ်ာတို့အတွက် သူလုပ်ပေးတာတွေ အားလုံးကို ကျနေ်ာတို့တွေ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ကွင်းထဲမှာဖြစ်စေ ကွင်းပြင်ပမှာဖြစ်စေ လူတိုင်းက ပူးပေါင်း ပါဝင်ကြတာပါ။

ပွဲထဲ ဝင်ကစားဖို့ အဆင်သင့် ဖြစ်နေကြသလို လေ့ကျင့်ရေးမှာဖြစ်စေ အရန်ခုံမှာဖြစ်စေ ကိုယ်ရဲ့ နေရာအတွက် ပါဝင်ကစားဖို့ စိန်ခေါ်နေကြတာပါ။ ဟန်ဒိုက ကျနော်တို့အတွက် အရမ်းကို ထူးချွန်နေတာဖြစ်ပြီး အရေးလည်း ကြီးပါတယ်။ ဒါပေမယ့် အသင်းသားတိုင်းကလည်း ပိုမို တိုးတက်လာရမှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ရလဒ္ေတြ က်ဆင္းေနေပမယ့္ အသင္းအဝတ္လဲခန္းက စည္းလံုးမႈေကာင္းေတြ ရွိေနဆဲျဖစ္ကာ ဆက္လက္ျပီးလည္း တိုးတက္လာဖို႔ လိုအပ္တယ္လို႔ ဗန္ဒိုက္က ထုတ္ေဖာ္ ေျပာဆိုပါတယ္။

သို႔ေပမယ့္ လီဗာပူးက ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြကိုပဲ ဦးစားေပးလိုတာေၾကာင့္ ဖလားပြဲေတြကို တမင္အေလးမထားတာဆိုတဲ့ ဆင္ေျခမ်ိဳးေတြကိုေတာ့ ေပးမွာ မဟုတ္ေၾကာင္းနဲ႔ အေကာင္းဆံုး ယွဥ္ျပိဳင္ခဲ့ျပီး အေရးနိမ့္ခဲ့ျခင္းတာျဖစ္တယ္လို႔ ဆိုတယ္။

ဗန္ဒိုက္က ” လီဗာပူးက ဖလားပြဲေတြနဲ႔ ပက္သက္ျပီး စိတ္အေႏွာက္အယွက္ မခံဘူးဆိုတာမ်ိဳးက ခပ္ညံ့ညံ့ ဆင္ေျခေတြလို႔ က်ေနာ္ ျမင္ပါတယ္။ ျပိဳင္ပြဲတိုင္းကို ပါဝင္လိုတယ္၊ အႏုိင္လည္း ရလိုပါတယ္။ ပြဲတိုင္းကို ျဖစ္ႏုိင္သေလာက္ အႏုိင္ရဖို႔ ကစားပါတယ္။ က်ေနာ္ကေတာ့ ရံူးတာကို မၾကိက္ပါဘူး။

သီတင္းပတ္အကုန္ကပြဲမွာ က်ေန္ာတို႔ ရံွဴးခဲ့တာက ရံွဴးကို ရံွဴးသင့္တာပါ။ ဒါကို က်ေန္ာတို႔ သိပါတယ္။ က်ေန္ာတုိ႔ ေဆြးေႏြးစကားေျပာခဲ့တယ္။ အသင္းေဖာ္ေတြၾကားမွာ စကားေတြေျပာျပီး တိုးတက္လာဖို႔ လိုအပ္တယ္ဆိုတာ သိပါတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာလည္း က်ေန္ာတို႔ ရံွဴးခဲ့တာေၾကာင့္ ဖလားျပိဳင္ပြဲကေန ထြက္ခဲ့ရတာပါ။ ဒါက အမွန္ပဲျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ မီလ္နာတို႔ မရွိတဲ့ ေနာက္ပိုင္းပြဲေတြမွာ ဗန္ဒိုက္က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတာပါ။ ဒါေပမယ့္ ရလဒ္ေတြေကာင္းေအာင္ေတာ့ ဦးေဆာင္ႏုိင္စြမ္း နည္းခဲ့တာျဖစ္တယ္။ ဗန္ဒိုက္က အသင္းအတြက္ ဟန္ဒါဆန္ရဲ႕ ပါဝင္မႈက ၾကီးမားေၾကာင့္ ဝန္ခံခဲ့ေပမယ့္ လူတုိင္းက တိုးတက္လာဖို႔ လိုေၾကာင္းလည္း ဆိုခဲ့ပါတယ္။

ဗန္ဒိုက္ကပဲ ဆက္လက္ျပီး ” ဟန္ဒိုက ဒီရာသီမွာ က်ေန္ာတို႔အတြက္ အရမ္းေကာင္းပါတယ္၊ အရမ္းကို အေရးပါတာပါ။ သူက က်ေန္ာတို႔ရဲ႕ အသင္းေခါင္းေဆာင္ပါ။ က်ေန္ာတို႔အတြက္ သူလုပ္ေပးတာေတြ အားလံုးကို က်ေန္ာတုိ႔ေတြ အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ အမ်ားၾကီးပါ။ ကြင္းထဲမွာျဖစ္ေစ ကြင္းျပင္ပမွာျဖစ္ေစ လူတိုင္းက ပူးေပါင္း ပါဝင္ၾကတာပါ။

ပြဲထဲ ဝင္ကစားဖို႔ အဆင္သင့္ ျဖစ္ေနၾကသလို ေလ့က်င့္ေရးမွာျဖစ္ေစ အရန္ခံုမွာျဖစ္ေစ ကိုယ္ရဲ႕ ေနရာအတြက္ ပါဝင္ကစားဖို႔ စိန္ေခၚေနၾကတာပါ။ ဟန္ဒိုက က်ေနာ္တို႔အတြက္ အရမ္းကို ထူးခၽြန္ေနတာျဖစ္ျပီး အေရးလည္း ၾကီးပါတယ္။ ဒါေပမယ့္ အသင္းသားတိုင္းကလည္း ပိုမို တိုးတက္လာရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။