နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပွဲတွေမှာ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ လီဗာပူးအတွက် သတင်းကောင်းတစ်ခုကတော့ တီကိုပွဲအမှီ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်ပါလာနိုင်မယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

သတင်းထောက် ဂျိမ်းပီယာ့စ်ကပဲ ” တီကိုနဲ့ပွဲကို ဟန်ဒါဆန် ပြန်လာနိုင်မှာက အရမ်းကို အကျိုးဖြစ်မယ့် ကိစ္စပါပဲ။ သူက မဲဝုဒ်မှာ ပြန်လည် ထူထောင်ရေးကိစ္စတွေကို စတင် လုပ်ဆောင်နေပါပြီ ” လို့ သတင်းပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဘုန်းမောက်နဲ့ အမှတ်ပေးပွဲမှာ ပါဝင်နိုင်မလား ဆိုတဲ့အပေါ်ကိုတော့ ဖြေဆိုပေးခဲ့ခြင်း မရှိပါဘူး။

ပီယာ့စ့်ကပဲ ဆက်လက်ပြီး မန်နေဂျာကလော့ပ်က မီနာမီနိုထံက အတော်လေး မျှော်လင့်ထားကာ ဒီနှစ်လအတွင်းမှာ တိုက်စစ်သမားက အလားအလာကောင်းတွေ အများကြီး မပြနိုင်ပေမယ့် ရော်ဘတ်ဆန်၊ ဖာဘင်ညိုတို့လိုပဲ အချိန်တစ်ခု ယူပြီးရင် အသားကျလာမယ်လို့ ယုံကြည်ထားကြောင်း ဆိုပါတယ်။

ပီယာ့စ့်က ” ချယ်ဆီးနဲ့ပွဲမှာ အသင်းရ့ စွမ်းဆောင်ရည်က ဝတ်ဖိုဒ့်ပွဲလောက် မဆိုးတော့ပါဘူး။ ပထမပိုင်းမှာ အခွင့်အရေးတွေကို ရယူနိုင်မယ်ဆိုရင် လီဗာပူးက ခြားနားစွာ လုပ်ဆောင်နိုင်ခဲ့မှာပါ။ သူတို့က သွင်းဂိုး နှစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာဖြစ်တယ်။ ပထမဂိုးက ဖာဘင်ညိုရဲ့ အမှားကနေ ဝီလီယမ် ကန်ခွင့်ရပြီး အတ်ဒရီယန် လွတ်ကျခဲ့တယ်။ ဒုတိယဂိုးကလည်း ကားတစ်ဂျူံးရဲ့ ဘောလုံး ပျက်မှုကနေ ကောင်တာပြန်ပေးလိုက်ရတာဖြစ်တယ်။

မီနာမီနိုအတွက်ကတော့ သူက တကယ်ကို ခြေလှမ်းသစ် လှမ်းနိုင်ခဲ့တာပါ။ သူက လှုပ်ရှား ကစားခဲ့ပြီး တိုက်စစ်ကို ချိတ်ဆက် ကစားခဲ့တယ်။ false No 9 နေရာကိုလည်း ဝင်ရောက်ကစားခဲ့ပြီး ကောင်းမွန်တဲ့ ပြေးမှုတွေလည်း လုပ်ခဲ့ပေမယ့် ခံစစ်တန်းတွေကို လွတ်မြောက်အောင်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ယုံကြည်မှုတွေ ရဖို့အတွက် သူက သွင်းဂိုးတစ်ဂိုး ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

လီဗာပူးအတွက် သူ့ရဲ့ တတိယအကြိမ် ပွဲထွက်လူစာရင်းကနေ ပါဝင်လာမှုပါ။ မီနာမီနိုက ယဉ်ကျေးမှုသစ်၊ ဘာသာစကားအသစ်နဲ့ ကစားဟန် အသစ်တွေမှာ အသားကျဖို့ ကြိုးစားနေရဆဲဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးလောကရဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုကလည်း သူ့ကို အံ့အားသင့်စေတယ်။ ကလော့ပ်က သူ့ကို သဘောကျပြီး ပွဲထွက် လူစာရင်းကို ဖိအားပေးဖို့လောက် မဟုတ်ပဲ ကာလရှည်အတွက် အသင်းရဲ့ အစီအစဉ်တွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပြဲေတြမွာ စြမ္းေဆာင္ရည္ က်ဆင္းေနတဲ့ လီဗာပူးအတြက္ သတင္းေကာင္းတစ္ခုကေတာ့ တီကိုပြဲအမွီ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ျပန္ပါလာႏုိင္မယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။

သတင္းေထာက္ ဂ်ိမ္းပီယာ့စ္ကပဲ ” တီကိုနဲ႔ပြဲကို ဟန္ဒါဆန္ ျပန္လာႏုိင္မွာက အရမ္းကို အက်ိဳးျဖစ္မယ့္ ကိစၥပါပဲ။ သူက မဲဝုဒ္မွာ ျပန္လည္ ထူေထာင္ေရးကိစၥေတြကို စတင္ လုပ္ေဆာင္ေနပါျပီ ” လို႔ သတင္းေပးခဲ့တာျဖစ္တယ္။ ဒါေပမယ့္ ဘုန္းေမာက္နဲ႔ အမွတ္ေပးပြဲမွာ ပါဝင္ႏုိင္မလား ဆိုတဲ့အေပၚကိုေတာ့ ေျဖဆိုေပးခဲ့ျခင္း မရွိပါဘူး။

ပီယာ့စ့္ကပဲ ဆက္လက္ျပီး မန္ေနဂ်ာကေလာ့ပ္က မီနာမီႏိုထံက အေတာ္ေလး ေမွ်ာ္လင့္ထားကာ ဒီႏွစ္လအတြင္းမွာ တုိက္စစ္သမားက အလားအလာေကာင္းေတြ အမ်ားၾကီး မျပႏုိင္ေပမယ့္ ေရာ္ဘတ္ဆန္၊ ဖာဘင္ညိဳတို႔လိုပဲ အခ်ိန္တစ္ခု ယူျပီးရင္ အသားက်လာမယ္လို႔ ယံုၾကည္ထားေၾကာင္း ဆိုပါတယ္။

ပီယာ့စ့္က ” ခ်ယ္ဆီးနဲ႔ပြဲမွာ အသင္းရ႕ စြမ္းေဆာင္ရည္က ဝတ္ဖိုဒ့္ပြဲေလာက္ မဆိုးေတာ့ပါဘူး။ ပထမပိုင္းမွာ အခြင့္အေရးေတြကို ရယူႏုိင္မယ္ဆိုရင္ လီဗာပူးက ျခားနားစြာ လုပ္ေဆာင္ႏုိင္ခဲ့မွာပါ။ သူတို႔က သြင္းဂိုး ႏွစ္ဂိုးကိုလည္း ခြင့္ျပဳခဲ့ရတာျဖစ္တယ္။ ပထမဂိုးက ဖာဘင္ညိဳရဲ႕ အမွားကေန ဝီလီယမ္ ကန္ခြင့္ရျပီး အတ္ဒရီယန္ လြတ္က်ခဲ့တယ္။ ဒုတိယဂိုးကလည္း ကားတစ္ဂ်ံဴးရဲ႕ ေဘာလံုး ပ်က္မႈကေန ေကာင္တာျပန္ေပးလိုက္ရတာျဖစ္တယ္။

မီနာမီႏိုအတြက္ကေတာ့ သူက တကယ္ကို ေျခလွမ္းသစ္ လွမ္းႏုိင္ခဲ့တာပါ။ သူက လႈပ္ရွား ကစားခဲ့ျပီး တိုက္စစ္ကို ခ်ိတ္ဆက္ ကစားခဲ့တယ္။ false No 9 ေနရာကိုလည္း ဝင္ေရာက္ကစားခဲ့ျပီး ေကာင္းမြန္တဲ့ ေျပးမႈေတြလည္း လုပ္ခဲ့ေပမယ့္ ခံစစ္တန္းေတြကို လြတ္ေျမာက္ေအာင္ေတာင္ မလုပ္ႏုိင္ခဲ့ပါဘူး။ ယံုၾကည္မႈေတြ ရဖို႔အတြက္ သူက သြင္းဂိုးတစ္ဂိုး ရဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

လီဗာပူးအတြက္ သူ႔ရဲ႕ တတိယအၾကိမ္ ပြဲထြက္လူစာရင္းကေန ပါဝင္လာမႈပါ။ မီနာမီႏိုက ယဥ္ေက်းမႈသစ္၊ ဘာသာစကားအသစ္နဲ႔ ကစားဟန္ အသစ္ေတြမွာ အသားက်ဖို႔ ၾကိဳးစားေနရဆဲျဖစ္တယ္။ အဂၤလိပ္ေဘာလံုးေလာကရဲ႕ ရုပ္ပိုင္းဆိုင္ရာ အားျပဳမႈကလည္း သူ႔ကို အံ့အားသင့္ေစတယ္။ ကေလာ့ပ္က သူ႔ကို သေဘာက်ျပီး ပြဲထြက္ လူစာရင္းကို ဖိအားေပးဖို႔ေလာက္ မဟုတ္ပဲ ကာလရွည္အတြက္ အသင္းရဲ႕ အစီအစဥ္ေတြမွာ အသံုးျပဳဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။