အင်္ဂလန်လက်ရွေးစင်အသင်း မန်နေဂျာဟောင်း စတိဗ် မက္ကလာရင်က လီဗာပူးမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေအပေါ် သူ့ရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲဆိုတဲ့အပေါ် ဆွေးနွေးပြောဆိုမှုတစ်ခု ပြုလုပ်သွားပါတယ်။

တစ်ရာသီလုံး ခြေစွမ်းထက်ခဲ့တဲ့ လီဗာပူးဟာ နောက်ဆုံး လေးပွဲမှာ သုံးပွဲထိ အရေးနိမ့်ခဲ့ပြီး အဆိုပါ သုံးပွဲမှာ သွင်းဂိုး တစ်ဂိုးမှ မခဲ့သလို ပေးဂိုးက ၈ ဂိုးထိ ရှိခဲ့တာကလည်း အံ့အားသင့်ဖွယ် အနေအထားအဖြစ် အားလုံးက မှတ်ချက်တွေ ပေးလာနေကြတာ ဖြစ်ပါတယ်။

မက္ကလာရင်က ပြောရာမှာ ” ပြဿနာက လီဗာပူးမှာပဲ ရှိနေတာပါ။ သူတို့က လိဂ်ကို အနိုင်ရလု အနေအထားတောင် ရှိနေပါပြီ။ ကျနော်ကို သောကများစေတာ တစ်ခုကတော့ နောက်ဆုံး လေးပွဲမှာ သူတို့ ပေးဂိုး ၈ ဂိုးထိ ရှိထားရတဲ့ အနေအထားဖြစ်ပါတယ်။

အနိုင်ရဖို့အတွက်ဆိုရင် clean sheet တွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့က အရေးကြီးပါတယ်။ တိုက်စစ်သမားတွေ ဂိုးသွင်းနိုင်တာကိုပဲ အမြဲတမ်း မှီခိုနေလို့ မရပါဘူး။ လီဗာပူးက လိဂ်ကို အရမ်း စောစောကို အနိုင်ရသွားမယ်လို့ မြင်နေပါတယ်။ ဒီကိစ္စက နောက်ဆုံး လေးပွဲအတွင်း သူတို့ ရလဒ်တွေ ခံစားနေရမှုအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။

ယာဂင်ကလော့ပ်က အသင်းသားတွေကို အာရုံစိုက်မှုတွေ ပြန်ရလာအောင် ကြိုးစားနိုင်ရမှာပါ။ အာရုံစိုက်မှုတွေက ပိုက်ခေါင်းလို ဖွင့်လိုက် ပိတ်လိုက် လုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အန်ဖီးကွင်းမှာ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို ဒီရာသီရဲ့ အကြီးကျယ်ဆုံး ပွဲတစ်ပွဲဖြစ်အောင် ကလော့ပ်က လုပ်ဆောင်ပါလိမ့်မယ်။

ကစားပွဲရဲ့ ရိုက်ခတ်မှုနဲ့ ပက်သက်ပြီး ကစားသမာားတွေက ကြောက်ရွံ့နေတာတွေ ဖြစ်နိုင်တယ်။ သူတို့ အနိုင်ရသည်ဖြစ်စေ အရေးနိမ့်သည်ဖြစ်စေ ပုံစံကောင်းတွေကို ခပ်မြန်မြန်လေး ပြန်ရလာဖို့ လိုပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

အဂၤလန္လက္ေရြးစင္အသင္း မန္ေနဂ်ာေဟာင္း စတိဗ္ မကၠလာရင္က လီဗာပူးမွာ လက္ရွိျဖစ္ေနတဲ့ ျပႆနာေတြအေပၚ သူ႔ရဲ႕ အေတြ႔အၾကံဳအရ ဘယ္လိုျမင္လဲဆိုတဲ့အေပၚ ေဆြးေႏြးေျပာဆိုမႈတစ္ခု ျပဳလုပ္သြားပါတယ္။

တစ္ရာသီလံုး ေျခစြမ္းထက္ခဲ့တဲ့ လီဗာပူးဟာ ေနာက္ဆံုး ေလးပြဲမွာ သံုးပြဲထိ အေရးနိမ့္ခဲ့ျပီး အဆိုပါ သံုးပြဲမွာ သြင္းဂိုး တစ္ဂိုးမွ မခဲ့သလို ေပးဂိုးက ၈ ဂိုးထိ ရွိခဲ့တာကလည္း အံ့အားသင့္ဖြယ္ အေနအထားအျဖစ္ အားလံုးက မွတ္ခ်က္ေတြ ေပးလာေနၾကတာ ျဖစ္ပါတယ္။

မကၠလာရင္က ေျပာရာမွာ ” ျပႆနာက လီဗာပူးမွာပဲ ရွိေနတာပါ။ သူတို႔က လိဂ္ကို အႏုိင္ရလု အေနအထားေတာင္ ရွိေနပါျပီ။ က်ေနာ္ကို ေသာကမ်ားေစတာ တစ္ခုကေတာ့ ေနာက္ဆံုး ေလးပြဲမွာ သူတို႔ ေပးဂိုး ၈ ဂိုးထိ ရွိထားရတဲ့ အေနအထားျဖစ္ပါတယ္။

အႏုိင္ရဖို႔အတြက္ဆိုရင္ clean sheet ေတြကို ဆက္လက္ ထိန္းသိမ္းႏုိင္ဖို႔က အေရးၾကီးပါတယ္။ တိုက္စစ္သမားေတြ ဂိုးသြင္းႏုိင္တာကိုပဲ အျမဲတမ္း မွီခိုေနလို႔ မရပါဘူး။ လီဗာပူးက လိဂ္ကို အရမ္း ေစာေစာကို အႏုိင္ရသြားမယ္လို႔ ျမင္ေနပါတယ္။ ဒီကိစၥက ေနာက္ဆံုး ေလးပြဲအတြင္း သူတို႔ ရလဒ္ေတြ ခံစားေနရမႈအေပၚ သက္ေရာက္မႈေတြ ရွိလာေနပါတယ္။

ယာဂင္ကေလာ့ပ္က အသင္းသားေတြကို အာရံုစိုက္မႈေတြ ျပန္ရလာေအာင္ ၾကိဳးစားႏုိင္ရမွာပါ။ အာရံုစိုက္မႈေတြက ပိုက္ေခါင္းလို ဖြင့္လိုက္ ပိတ္လုိက္ လုပ္လို႔ရတဲ့ ကိစၥလည္း မဟုတ္ပါဘူး။ အန္ဖီးကြင္းမွာ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲကို ဒီရာသီရဲ႕ အၾကီးက်ယ္ဆံုး ပြဲတစ္ပြဲျဖစ္ေအာင္ ကေလာ့ပ္က လုပ္ေဆာင္ပါလိမ့္မယ္။

ကစားပြဲရဲ႕ ရိုက္ခတ္မႈနဲ႔ ပက္သက္ျပီး ကစားသမာားေတြက ေၾကာက္ရြံ႔ေနတာေတြ ျဖစ္ႏုိင္တယ္။ သူတို႔ အႏုိင္ရသည္ျဖစ္ေစ အေရးနိမ့္သည္ျဖစ္ေစ ပံုစံေကာင္းေတြကို ခပ္ျမန္ျမန္ေလး ျပန္ရလာဖို႔ လိုပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။