လီဗာပူးပရိသတ်တွေကတော့ ကလော့ပ်ရဲ့ စကားကြွယ်မှု၊ နည်းစနစ်ပိုင်း ချဉ်းကပ်ပုံတွေ ကောင်းမွန်မှုနဲ့ မှန်ကန်တဲ့ စကားကိုပဲ အမြဲတမ်း ပြောဆိုမှုတွေကြောင့် သဘောတွေ့ကြမှာပါ။

ကလော့ပ်ကို မန်နေဂျာကောင်းအဖြစ် လီဗာပူးပရိသတ်တွေတင် မဟုတ်ပဲ ပြိုင်ဘက် ပရိသတ်တွေကလည်း လေးစားမှု ရှိကြသူတွေ များပါတယ်။ ဒီတစ်ကြိမ် ကလော့ပ်ရဲ့ ပြောဆိုမှုကတော့ အားလုံးသော ဘောလုံးပရိသတ်တွေ သဘောကျ လက်ခံကြတဲ့ ကိစ္စဖြစ်ပါတယ်။

ဘောလုံးလောကကို ရိုက်ခတ်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း မေးခွန်းထုတ်ခံရမှုမှာ ကလော့ပ်က ဒီလိုကိစ္စဟာ ကျော်ကြားသူတိုင်းကို လိုက်မေးနေရမယ့် ကိစ္စ မဟုတ်ပဲ တကယ်ကို တတ်သိနားလည်သူတွေရဲ့ အကူအညီကို ရယူဖို့ တုန့်ပြန်လိုက်တာပါ။ ဒီရောဂါဖြစ်လာပြီးကတည်း ကမ္ဘာအနှံ့မှာ များစွာသော ထင်မြင်ချက်တွေ ထွက်ပေါ်နေပေမယ့် ကလော့ပ်ကတော့ ဒီကိစ္စမှာ သူက ဗဟုသုတ လုံးဝမရှိပဲ မှန်ကန်တဲ့ သူတွေကိုပဲ ချဉ်းကပ် မေးမြန်းဖို့ အကြံပေးခဲ့ပါတယ်။

ကလော့ပ်က ပြောရာမှာ ” ဘဝမှာ ငါ သဘောမကျဆုံး ကိစ္စက ဘောလုံးမန်နေဂျာတစ်ယောက်ရဲ့ အမြင်က အရမ်းကို အရေးပါတယ်လို့ ယူဆလာတာမျိုးတွေမှာပါ။ အဲ့အကြောင်း (ကိုရိုနာ ဗိုင်းရပ်စ်) ကို ငါ နားမလည်ဘူး။ အဲ့အကြောင်းတွေနဲ့ ပက်သက်ပြီး တကယ်ကို မသိတာပါ။

မင်းတို့ကို (သတင်းထောက်တွေ) ဗိုင်းရပ်စ်အကြောင်း ဘာသိလည်းလို့ မေးရင် မင်းတို့လည်း ငါ့လိုပဲ မသိဘူးလို့ပဲ ပြောကြမှာပါ။ ကျော်ကြားသူတွေက ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာတွေပြောကြသလဲနဲ့ သူတို့ ဘယ်လို အမြင်တွေ ရှိသလဲဆိုတာက လုံးဝ အရေးမပါပါဘူး။

ဒီကိစ္စနဲ့ ပက်သက်ပြီး မှန်ကန်တဲ့ ပုံစံတွေနဲ့ တုန့်ပြန်ရမှာပါ။ ဒီအကြောင်းကို ဗဟုသုတ လုံးဝမရှိတဲ့ ငါလိုလူနဲ့ မေးမြန်း စကားပြောနေရမှာ မဟုတ်ဘူး။ ဒီအကြောင်းကို ကောင်းကောင်းကြီး နားလည်သိတတ်တဲ့ သူတွေနဲ့ မေးမြန်း အကြံဉာဏ်ရယူရမှာဖြစ်တယ်။ နိုင်ငံရေးတွေ၊ ကိုရိုနာတွေ ဘာလို့ ငါ့ကို လာမေးနေကြတာလဲ။ ငါက ဘေ့စ်ဘော ဦးထုတ်ဆောင်းပြီး ညှင်းသိုးသိုး ပါးသိုင်းမွှေးရှိတဲ့ ဘောလုံး မန်နေဂျာ တစ်ယောက်ပါကွာ ” လို့ ပြန်ဖြေပေးခဲ့တာဖြစ်တယ်။

ကလော့ပ်ရဲ့ ဖြေဆိုမှုကို ဘောလုံးပရိသတ် အများအပြားက သဘောတွေ့ကြပြီး အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စကို ထင်သလို ဖြေကြာခြင်း မရှိပဲ နားလည်သိကျွမ်းသူတွေရဲ့ အကူအညီကို ယူဖို့ တိုက်တွန်းမှုက မှန်ကန်တဲ့ လုပ်ရပ်ပါလို့ ထောက်ခံနေကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြကေတာ့ ကေလာ့ပ္ရဲ႕ စကားၾကြယ္မႈ၊ နည္းစနစ္ပိုင္း ခ်ဥ္းကပ္ပံုေတြ ေကာင္းမြန္မႈနဲ႔ မွန္ကန္တဲ့ စကားကိုပဲ အျမဲတမ္း ေျပာဆိုမႈေတြေၾကာင့္ သေဘာေတြ႔ၾကမွာပါ။

ကေလာ့ပ္ကို မန္ေနဂ်ာေကာင္းအျဖစ္ လီဗာပူးပရိသတ္ေတြတင္ မဟုတ္ပဲ ျပိဳင္ဘက္ ပရိသတ္ေတြကလည္း ေလးစားမႈ ရွိၾကသူေတြ မ်ားပါတယ္။ ဒီတစ္ၾကိမ္ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈကေတာ့ အားလံုးေသာ ေဘာလံုးပရိသတ္ေတြ သေဘာက် လက္ခံၾကတဲ့ ကိစၥျဖစ္ပါတယ္။

ေဘာလံုးေလာကကို ရိုက္ခတ္လာေနတဲ့ ကိုရိုနာဗိုင္းရပ္စ္အေၾကာင္း ေမးခြန္းထုတ္ခံရမႈမွာ ကေလာ့ပ္က ဒီလိုကိစၥဟာ ေက်ာ္ၾကားသူတိုင္းကို လိုက္ေမးေနရမယ့္ ကိစၥ မဟုတ္ပဲ တကယ္ကို တတ္သိနားလည္သူေတြရဲ႕ အကူအညီကို ရယူဖို႔ တုန္႔ျပန္လိုက္တာပါ။ ဒီေရာဂါျဖစ္လာျပီးကတည္း ကမၻာအႏွံ႔မွာ မ်ားစြာေသာ ထင္ျမင္ခ်က္ေတြ ထြက္ေပၚေနေပမယ့္ ကေလာ့ပ္ကေတာ့ ဒီကိစၥမွာ သူက ဗဟုသုတ လံုးဝမရွိပဲ မွန္ကန္တဲ့ သူေတြကိုပဲ ခ်ဥ္းကပ္ ေမးျမန္းဖို႔ အၾကံေပးခဲ့ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” ဘဝမွာ ငါ သေဘာမက်ဆံုး ကိစၥက ေဘာလံုးမန္ေနဂ်ာတစ္ေယာက္ရဲ႕ အျမင္က အရမ္းကို အေရးပါတယ္လို႔ ယူဆလာတာမ်ိဳးေတြမွာပါ။ အဲ့အေၾကာင္း (ကိုရိုုနာ ဗိုင္းရပ္စ္) ကို ငါ နားမလည္ဘူး။ အဲ့အေၾကာင္းေတြနဲ႔ ပက္သက္ျပီး တကယ္ကို မသိတာပါ။

မင္းတို႔ကို (သတင္းေထာက္ေတြ) ဗိုင္းရပ္စ္အေၾကာင္း ဘာသိလည္းလို႔ ေမးရင္ မင္းတို႔လည္း ငါ့လိုပဲ မသိဘူးလို႔ပဲ ေျပာၾကမွာပါ။ ေက်ာ္ၾကားသူေတြက ဒီကိစၥနဲ႔ ပက္သက္ျပီး ဘာေတြေျပာၾကသလဲနဲ႔ သူတို႔ ဘယ္လို အျမင္ေတြ ရွိသလဲဆိုတာက လံုးဝ အေရးမပါပါဘူး။

ဒီကိစၥနဲ႔ ပက္သက္ျပီး မွန္ကန္တဲ့ ပံုစံေတြနဲ႔ တုန္႔ျပန္ရမွာပါ။ ဒီအေၾကာင္းကို ဗဟုသုတ လံုးဝမရွိတဲ့ ငါလိုလူနဲ႔ ေမးျမန္း စကားေျပာေနရမွာ မဟုတ္ဘူး။ ဒီအေၾကာင္းကို ေကာင္းေကာင္းၾကီး နားလည္သိတတ္တဲ့ သူေတြနဲ႔ ေမးျမန္း အၾကံဥာဏ္ရယူရမွာျဖစ္တယ္။ ႏိုင္ငံေရးေတြ၊ ကိုရိုနာေတြ ဘာလို႔ ငါ့ကို လာေမးေနၾကတာလဲ။ ငါက ေဘ့စ္ေဘာ ဦးထုတ္ေဆာင္းျပီး ညွင္းသိုးသိုး ပါးသိုင္းေမႊးရွိတဲ့ ေဘာလံုး မန္ေနဂ်ာ တစ္ေယာက္ပါကြာ ” လို႔ ျပန္ေျဖေပးခဲ့တာျဖစ္တယ္။

ကေလာ့ပ္ရဲ႕ ေျဖဆိုမႈကို ေဘာလံုးပရိသတ္ အမ်ားအျပားက သေဘာေတြ႔ၾကျပီး အေရးၾကီးတဲ့ က်န္းမာေရးဆိုင္ရာ ကိစၥကို ထင္သလို ေျဖၾကာျခင္း မရွိပဲ နားလည္သိကၽြမ္းသူေတြရဲ႕ အကူအညီကို ယူဖို႔ တိုက္တြန္းမႈက မွန္ကန္တဲ့ လုပ္ရပ္ပါလို႔ ေထာက္ခံေနၾကတာျဖစ္ပါတယ္။