၂၀၁၂ခုနှစ်မှာတုန်းက အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ တရုတ်ပေါ့ပ်အဆိုတော်တစ်ယောက်ဖြစ်သူ Zhang Muyi ဟာ အသက် ၁၂နှစ်ရှိပြီဖြစ်တဲ့ ကနေဒါဖွားမော်ဒယ်လေးဖြစ်တဲ့ Miki Akama နဲ့ သူရဲ့အချစ်ရေးကို လူသိရှင်ကြားကြေငြာလိုက်ချိန်မှာတော့ နိုင်ငံတကာမှာ အုန်းအုန်းကြွတ်ကြွတ်ဖြစ်သွားခဲ့ဖူးပါတယ်။ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ထူးဆန်းတဲ့သူတို့ရဲ့ဖြစ်ရပ်ဟာဆိုရင်လည်း လက်ရှိအချိန်မှာတော့ အံ့အားသင့်စရာအနည်းငယ်ကျန်ရှိလို့နေပါသေးတယ်။

Akama Miki ရဲ့သီချင်းနည်းပြအနေနဲ့ အဆိုပါ ပေါ့ပ်စတားကို ငှားယမ်းထားတာ သူမရဲ့အသက် (၈) နှစ်ကတည်းက ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကောင်မလေးဟာ သူမရဲ့ဆရာအပေါ်မှာထားရှိတဲ့ ပြင်းပြတဲ့ချစ်ခြင်းတွေကို သီချင်းတွေထဲမှာ ထည့်သွင်သီဆိုခဲ့ပြီးနောက်မှာ ဆရာဟာလည်း သူမရဲ့အချစ်ကို လက်ခံခဲ့တယ်လို့ဆိုပါတယ်။သူတို့ရဲ့ချစ်ခြင်းကို လူသိရှင်ကြားကြေငြာခဲ့စဉ်က ကောင်မလေးဟာ အသက်(၁၂)နှစ်ဖြစ်ပြီး ကောင်လေးဟာ အသက် (၂၄)နှစ်ပဲရှိပါသေးတယ်။

follower 5သိန်းကျော်ရှိပြီး တရုတ်ပြည်မှာတော့ အနည်းနဲ့အများဆိုသလို အားပေးတဲ့ပရိတ်သတ်ရှိတဲ့ ကလေးမလေးဟာ သူမအနေနဲ့တော့ follow လုပ်ထားတာ ၁ယောက်ပဲရှိပါတယ်တဲ့။ ဒါကတော့ တခြားမဟုတ်ဘဲ သူမရဲ့ချစ်သူပါပဲ။ ချစ်သူတစ်ယောက်တည်းကို follow လုပ်ထားတဲ့ သူမရဲ့အကောင့်ထဲမှာ တစ်ခါတစ်ရံဆိုသလိုမှာ ချစ်ခြင်းတွေကို လူသိရှင်ကြားထုတ်ပြတတ်ပါသေးတယ်။

ဒီလိုနဲ့ရှေ့ဆက်လာလိုက်တဲ့ သူတို့ရဲ့အချစ်ရေးဟာဆိုရင်တော့ နောက်ထပ်တစ်လှမ်း ထပ်တက်ဖို့ပြင်ဆင်နေပါပြီ။ ဧပြီလ ၄ရက်နေ့မှာ ကောင်လေးဖြစ်သူက ယခုလိုပဲ သူ့ရဲ့weibo စာမျက်နှာပေါ်မှာ ယခုလိုပဲဖော်ပြခဲ့ပါတယ်။ “ကမ္ဘာပေါ်မှာ အလှဆုံးပုံရိပ်ကို တွေ့ရအောင် သူကတော့ လုပ်နိုင်ခဲ့ပြီ။ ” လို့ စာ တင်ခဲ့ပါတယ်။ ကောင်မလေးဖြစ်သူရဲ့ မင်္ဂလာဝတ်စုံနဲ့ ပုံကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပြီး ကောင်မလေးကလည်း “ကျွန်မရဲ့အလှဆုံးအချိန်တွေဖြစ်လာအောင် အကိုက စွမ်းဆောင်ခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက သမီးရည်းစားတွေဖြစ်ခဲ့တဲ့အပြင်ကို အသက်၁၈နှစ်ပြည့်အောင် စောင့်ပြီး လက်ထပ်ခဲ့တဲ့ အတွက်ကြောင့် လူအများက ဝေဖန်နေကြသလို အားပေးနေကြတဲ့သူတွေလည်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဖူးစာရှင်ဆိုတာ အသက်အရွယ် အပိုင်းအခြား အကန့်အသတ်မရှိဘူးဆိုတာကို သူတို့စုံတွဲက သက်သေပြပေးလိုက်တာပဲဖြစ်ပါတယ်။ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

momolay