ချယ်ဆီးအသင်း မန်နေဂျာဟောင်း ဒီမက်တီယိုက ဟာဇက် အသင်းကနေ ထွက်ခွာမယ်ဆိုတာ ပြောသလောက် လွယ်ကူမှာ မဟုတ်ကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းသို့ ရောက်လာတော့မယ့် ပူလာဆစ်ကတော့ လန်ဒန်ကလပ်အသင်းထံ ပြောင်းရွှေ့ရတာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာတာ ဖြစ်ပြီး ဒေါ့မွန်နဲ့ စာမျက်နှာကို ကန့်လန့်ကာ ချကာ ချယ်ဆီးအသင်းထံလာဖို့ ပြင်ဆင်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး အီဒင်ဟာဇက်က အနာဂတ်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက်ချပြီး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၄င်းက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ပုံပါ။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံထားရမှုကိုသာ ရှောင်လွှဲနိုင်ပါက ဖိလစ်ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရိုမန် အေရာမိုဗစ်ကိုယ်တိုင်ကလည်း ကော်တင်ညိုကို ဟာဇက်နေရာ အစားထိုလိုနေတာပါ။

အက်စ်တွန်ဗီလာဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ရင် ချယ်ဆီး အငှါးကစားသမား တန်မီ အေဗရာဟမ်ကို ပေါင် ၂၅ သန်းနဲ့ စာချုပ် ချုပ်ဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်က နောက်ရာသီမှာလည်း ချယ်ဆီးမှ ဘယ်လ်ဂျီယံတိုက်စစ်သမား ဘတ်ရှူဝါရီကို ခေါ်ယူဖို့ အလိုရှိကြောင်း ပြောကြားခဲံပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ဒရင့်ဝါးတားဟာ တနင်္လာနေ့က အရက်သောက်ပြီး ကားမောင်းခဲ့တဲ့ ဖြစ်စဉ်ကြောင့် ၁၂ လ ကြာ ကားမောင်းခွင့် ပိတ်ပင်ခံရတဲ့ အပြင် ၁၂ လတာ လူမှုရေးလုပ်ငန်များမှာလည်း လုပ်အားပေး လုပ်ဆောင်ရတော့မှာပါ။