ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ UEFA ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့တယ်လို့ UEFAက စွပ်စွဲထားပြီး မကြာခင်မှာ ပြစ်ဒဏ်ပေး အရေးယူခံရပါတော့မယ်။

မန်စီးတီး အသင်းက UEFA ရဲ့ စုံးစမ်းမှု ကို ခံနေရပီး အကယ်၍ ပြစ်မှု ကျူးလွန်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့် တစ်နှစ် ပိတ်ခံရနိုင်ပါတယ်။ မန်စီးတီးအသင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရရင် အဆင့် ၅ နေရာမှာ ရှိနေတဲ့ အာဆင်နယ် အသင်း ချန်ပီလိဂ်ဝင်ခွင့် ရရှိမှာပါ။

မန်စီးတီးအသင်းဘက်က တင်ပြလာတဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေကို UEFA က စစ်ဆေးနေပြီး စည်းမျဉ်းချိုးဖောက်တယ်လို့ သတ်မှတ်ခံထားရတယ်။ မန်စီးတီးရဲ့ စပွန်ဆာစာချုပ်တွေက လက်တစ်လုံးခြားနည်းနဲ့ လှည့်စားထားတဲ့ အသင်းပိုင်ရှင်အဘူဒါဘီမိသားစုပိုင် ငွေကြေးတွေဖြစ်တယ်ဆိုတာက အီးမေးတွေကတစ်ဆင့် ဖော်ထုတ်ခံခဲ့ပါတယ်။

Football Leaks ရဲ့ဖော်ထုတ်မှုကြောင့် UEFA က စုံစမ်းစစ်ဆေးခဲ့ရာမှာ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ဆိုးဆိုးရွားရွားချိုးဖောက်ထားတာကို စစ်ဆေးတွေ့ရှိထားပါတယ်။ ဒီအမှုကို UEFA တာယန်ရှိသူ ဘယ်လ်ဂျီယံဝန်ကြီးချုပ်ဟောင်း လက်တာမီက ဦးဆောင်ခဲ့ပြီး မကြာခင်မှာ မန်စီးတီးအသင်းကို အရေးယူသွားတော့မှာပါ။

ဆိုးရွားတဲ့ စည်းမျဉ်းချိုးဖောက်မှုတွေကို ပြိုင်ပွဲကနေထုတ်ပယ်တဲ့ အထိအရေးယူသွားမှာဖြစ်ပြီး တကယ်လို့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရမယ်ဆိုရင် အဆင့် ၅ နေရာက အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြနေပါတယ်။