လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ နိုင်ငံခြား ကစားသမားတွေ သီးသန့်ပါတဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို စပေါ့မေလ်းက ပြုစုပေးသွားပါတယ်။

ဂိုးသမား – အယ်လီဆန်

လီဗာပူးအသင်းမှာ ရေနာနဲ့ ဒူးဒက်လို ဂိုးသမားတွေ ရှိခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို ပူးတွဲအောင်မြင်တဲ့ နိုင်ငံခြားဂိုးသမားက အယ်လီဆန် တစ်ဦးတည်းရှိပါတယ်။ ဒါ့အပြင် ဘရာဇီးဂိုးသမားက ဘလွန်းဒီအော့က ပေးအပ်တဲ့ ဥရောပအကောင်းဆုံး ဂိုးသမားဆုကိုလည်း ရရှိခဲ့သေးသူပါ။

ညာအစွန် – မာကစ် ဘဘ်ဘယ်

ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဘဘ်ဘယ်ဟာ မန်နေဂျာဟောင်း ဟူလီယာလက်ထက်မှာ ကစားခဲ့သူဖြစ်တယ်။ အဲ့တုန်းက ဘွန်ဒက်လီဂါက အရမ်း နာမည်မရှိသေးဘဲ ဂျာမနီကနေ အင်္ဂလန်ကို ပြောင်းလာခြင်းက စိန်ခေါ်မှုကြီးပါပဲ။ သူဟာ ၂၀၀၁ က ယခုခေတ်မှာ ယူရိုပါလိဂ်လို့ခေါ်တဲ့ ယူအီးအက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ အဖွင့်ဂိုး သွင်းခဲ့သူ ဖြစ်ပါတယ်။

ဗဟိုခံစစ်မှူး – ဟစ်ပီယာ

သွေးအေးတဲ့ ရုပ်ရည်ရှိတဲ့ ဖင်လန်သားဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော်ဟောင်း ဖြစ်ပါတယ်။ သူဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ဖောင်လာတို့နဲ့အတူ တာယန်ယူရင်းက လူငယ်လေး စတီဗင်ဂျရတ်ထံ စွန့်ပေးခဲ့သူလည်းဖြစ်တယ်။ လီဗာပူးပရိသတ်တွေကြား ဟစ်ပီယာအကြောင်း မေးမယ်ဆိုရင် ကောင်းသောစကားတွေကိုပဲ ကြားရပါမယ်။

ဗဟိုခံစစ်မှူး – ဗန်ဒိုက်

နယ်သာလန်သားဟာ လက်ရှိ ကမ္ဘာဘောလုံးလောကရဲ့ အကောင်းဆုံး ခံစစ်မှူး ၂ ဦးထဲက တစ်ဦးပဲဖြစ်ပါတယ်။ လီဗာပူးက ဗန်ဒိုက်ကို ခေါ်ယူမှုဟာ ဥရောပဘောလုံးလောကနဲ့ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးဖို့ထိ သက်ရောက်မှုကြီးခဲ့တယ်။ ပရီးမီးယားလိဂ်မှာ လူလေးစားခံ ခံစစ်မှူးကို ရွေးထုတ်ပြပါဆိုရင် အင်္ဂလန်ပြင်ပ ဥရောပပြိုင်ဘက်တွေ အားလုံးက ဗန်ဒိုက်ကိုပဲ ထိပ်ဆုံးမှာ ထားကြမယ့်အထိကို လွှမ်းမိုးမှု ကြီးမားလှပါတယ်။

ဘယ်အစွန်လူ – ရစ်ဆီ

လီဗာပူးက ရော်ဘတ်ဆန်ကို မပိုင်ဆိုင်ခင် ပရိသတ်တွေရဲ့ အထင်ကြီးခြင်းကို နောက်ဆုံးရခဲ့သူက ရစ်ဆီဖြစ်ပါတယ်။ ရစ်ဆီနောက်ပိုင်း မည့်သည် ဘယ်အစွန်လူကိုမှ လီဗာပူးပရိသတ်တွေ သဘောမတွေ့တဲ့ထိ နော်ဝေသားက တောက်ပခဲ့ပါတယ်။ ပြင်းထန်တဲ့ ဘယ်ခြေကန်ချက်နဲ့ တိုက်စစ်လိုက်နိုင်စွမ်းတွေကို စတီဗင်ဂျရတ်တို့နဲ့ တွဲဘက်ပြီး ပြသခဲ့တယ်။

ကွင်းလယ်လူ – ဂျန် မိုလ်ဘီ

ဂျန်မိုလ်ဘီဟာ လီဗာပူးသမိုင်းမှာတော့ အဆင့်မြင့်တန်းလိဂ်အပြင် နာမည်ပြောင်းပြီး ကျင်းပတဲ့ ပရီးမီးယားလိဂ်ခေတ်ဦးမှာပါ ကစားခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ်ဖလား အနိုင်မရခဲ့ပေမယ့် အမှတ်ပေးဖလား ၃ ကြိမ် အနိုင်ရခဲ့ကာ ဟေဒဘရော့ဖြစ်ရပ်ကို မှီခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေက ဒိန်းမတ်သားကြီးကို ချစ်ခင်ခဲ့ကြပြီး စတီဗင်ဂျရတ် ပေါ်ထွက်လာမှုမှာ မိုလ်ဘီရဲ့ နေ့ရက်တွေ စတင်ကုန်ဆုံးခဲ့ပါတယ်။

ကွင်းလယ်လူ – အလွန်ဆို

လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်လူထဲမှာတော့ အလွန်ဆိုကို ဘယ်သူကမှ ဖယ်ထုတ်ကြမှာ မဟုတ်ပါဘူး။ သွေးအေးလွန်းတဲ့သူက တိုက်ခိုက်ဖို့ ဝန်မလေးသလို ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာလည်း ကောင်းမွန်သူပါ။ အလွန်ဆို၊ ဂျရတ်နဲ့ မာရှေးယာနိုတို့ တွဲကစားခဲ့စဉ် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်တင်မကပဲ ဥရောပမှာပါ ခြေစွာတဲ့ ကွင်းလယ် တွဲဘက်တွေ ဖြစ်ခဲ့ပါတယ်။

ညာတောင်ပံ – ဆာလက်

လီဗာပူးမှာ ဒတ်ကွတ်ချ်လို ကစားသမားလည်း ရှိခဲ့ပေမယ့် ညာတောင်ပံအတွက်ဆိုရင်တော့ ဆာလက်ကိုပဲ ရွေးကြမှာပါ။ ဆာလက်ဟာ ကမ္ဘာအဆင့် တိုက်စစ်သမားဖြစ်သလို သူဟာ ဂလိုဘယ်အဆင့် ပုံရိပ်ရှိသူလည်းဖြစ်ပါတယ်။ အာဖရိကနဲ့ အာရပ်ဝန်းကျင်မှာ ဆာလက်ရဲ့ သြဇာက ကြီးမားပြီး သူဟာ ဂိုသွင်းမှတ်တမ်းလည်း သိပ်ကောင်းသူဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ လီဗာပူးကို ရောက်လာပြီးနောက် အီဂျစ်သားက စံချိန်ပေါင်းများစွာကို ရိုက်ချိုးခဲ့ပါတယ်။

ဘယ်တောင်ပံ – မာနေး

ဆာလက် တောက်ပလာသလို မာနေးကလည်း အခြားသော တောင်ပံတစ်ဘက်ကနေ တောက်ပလာခဲ့တယ်။ သဘောရိုးသလောက် အကြောမားတဲ့ ဆီနီဂေါသားဟာ ဇာတိမြေအတွက်တော့ ဟီးရိုးတစ်ယောက်ဖြစ်ပါတယ်။ ကွင်းတွင်းမှာ အောင်မြင်မှု ဆာလောင်တဲ့ မာနေးဟာ မိခင်နိုင်ငံအတွက် အလှူအဒါန်းတွေ သိပ်လုပ်သလို သူရဲ့ ဘာသာရေးကိုင်းရှိုင်းမှုအတွက်လည်း လေးစားခံရသူဖြစ်ပါတယ်။

တိုက်စစ်မှူး – လူးဝစ်ဆွာရက်စ်

ချစ်သူမုန်းသူ သိပ်များပေမယ့်လည်း ဆွာရက်စ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာပါ အကောင်းဆုံး တိုက်စစ်သမားတစ်ဦးအဖြစ် ရှိနေမယ်သူပါ။ အန်ဖီးအတွက် ဆွာရက်စ် ကစားပေးခဲ့စဉ်က မည့်သည့် ပြိုင်ဘက်အသင်း ခံစစ်သမားကမှ ဆွာရက်စ်ကို ရပ်တန့်ပြမယ်လို့ မကြွေးကြော်ရဲခဲ့ဘူး။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တာက သူ့ရဲ့ အားနည်းချက်ဖြစ်ခဲ့ကာ လာလီဂါကို ပြောင်းရွှေ့ခဲ့စဉ်မှာလည်း မက်ဆီ၊ နေမာတို့နဲ့တွဲပြီး လာလီဂါကို ကိုင်လှုပ်ခဲ့ပါတယ်။

တိုက်စစ်မှူး – ဖာနန်ဒို တောရက်စ်

ပရီးမီးယားလိဂ်မှာ ချစ်သူသာရှိ၊ မုန်းသူမရှိတဲ့ ရှားပါး တိုက်စစ်သမားတွေထဲမှာ တောရက်စ်လည်း ပါဝင်ခဲ့တယ်။ လာလီဂါကနေ အသက်ငယ်ငယ်နဲ့ ရောက်လာခဲ့တဲ့ လီဗာပူးရဲ့ ကလပ်စံချိန်တင် တိုက်စစ်သမားဟာ သူ့ခေတ်မှာ လိဂ်အကောင်းဆုံး ခံစစ်သမားတွေပါဆိုတဲ့ ဗီဒစ်နဲ့ ဖာဒီနန်တို့ရဲ့ ခံစစ်ကြောင်းကိုတောင် အလဲလဲ အပြိုပြို ဖြစ်စေခဲ့သူဖြစ်တယ်။ တောရက်စ်ဟာ သူ့ရဲ့ အကောင်းဆုံးဆိုတဲ့ အချိန်မှာ လီဗာပူးနဲ့ မည့်သည့် ဆုဖလားမှ အနိုင်မရခဲ့တာကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ သမိုင္းမွာ ႏုိင္ငံျခား ကစားသမားေတြ သီးသန္႔ပါတဲ့ အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္းကို စေပါ့ေမလ္းက ျပဳစုေပးသြားပါတယ္။

ဂိုးသမား – အယ္လီဆန္

လီဗာပူးအသင္းမွာ ေရနာနဲ႔ ဒူးဒက္လို ဂိုးသမားေတြ ရွိခဲ့ေပမယ့္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ကို ပူးတြဲေအာင္ျမင္တဲ့ ႏုိင္ငံျခားဂိုးသမားက အယ္လီဆန္ တစ္ဦးတည္းရွိပါတယ္။ ဒါ့အျပင္ ဘရာဇီးဂိုးသမားက ဘလြန္းဒီေအာ့က ေပးအပ္တဲ့ ဥေရာပအေကာင္းဆံုး ဂိုးသမားဆုကိုလည္း ရရွိခဲ့ေသးသူပါ။

ညာအစြန္ – မာကစ္ ဘဘ္ဘယ္

ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ဘဘ္ဘယ္ဟာ မန္ေနဂ်ာေဟာင္း ဟူလီယာလက္ထက္မွာ ကစားခဲ့သူျဖစ္တယ္။ အဲ့တုန္းက ဘြန္ဒက္လီဂါက အရမ္း နာမည္မရွိေသးဘဲ ဂ်ာမနီကေန အဂၤလန္ကို ေျပာင္းလာျခင္းက စိန္ေခၚမႈၾကီးပါပဲ။ သူဟာ ၂၀၀၁ က ယခုေခတ္မွာ ယူရိုပါလိဂ္လို႔ေခၚတဲ့ ယူအီးအက္ဖ္ေအ ဖလား ဗိုလ္လုပြဲမွာ အဖြင့္ဂိုး သြင္းခဲ့သူ ျဖစ္ပါတယ္။

ဗဟိုခံစစ္မွဴး – ဟစ္ပီယာ

ေသြးေအးတဲ့ ရုပ္ရည္ရွိတဲ့ ဖင္လန္သားဟာ လီဗာပူးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေဟာင္း ျဖစ္ပါတယ္။ သူဟာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ေဖာင္လာတို႔နဲ႔အတူ တာယန္ယူရင္းက လူငယ္ေလး စတီဗင္ဂ်ရတ္ထံ စြန္႔ေပးခဲ့သူလည္းျဖစ္တယ္။ လီဗာပူးပရိသတ္ေတြၾကား ဟစ္ပီယာအေၾကာင္း ေမးမယ္ဆိုရင္ ေကာင္းေသာစကားေတြကိုပဲ ၾကားရပါမယ္။

ဗဟိုခံစစ္မွဴး – ဗန္ဒိုက္

နယ္သာလန္သားဟာ လက္ရွိ ကမၻာေဘာလံုးေလာကရဲ႕ အေကာင္းဆံုး ခံစစ္မွဴး ၂ ဦးထဲက တစ္ဦးပဲျဖစ္ပါတယ္။ လီဗာပူးက ဗန္ဒိုက္ကို ေခၚယူမႈဟာ ဥေရာပေဘာလံုးေလာကနဲ႔ အဂၤလန္ေဘာလံုးေလာကကို လႊမ္းမိုးဖို႔ထိ သက္ေရာက္မႈၾကီးခဲ့တယ္။ ပရီးမီးယားလိဂ္မွာ လူေလးစားခံ ခံစစ္မွဴးကို ေရြးထုတ္ျပပါဆိုရင္ အဂၤလန္ျပင္ပ ဥေရာပျပိဳင္ဘက္ေတြ အားလံုးက ဗန္ဒိုက္ကိုပဲ ထိပ္ဆံုးမွာ ထားၾကမယ့္အထိကို လႊမ္းမိုးမႈ ၾကီးမားလွပါတယ္။

ဘယ္အစြန္လူ – ရစ္ဆီ

လီဗာပူးက ေရာ္ဘတ္ဆန္ကို မပိုင္ဆုိင္ခင္ ပရိသတ္ေတြရဲ႕ အထင္ၾကီးျခင္းကို ေနာက္ဆံုးရခဲ့သူက ရစ္ဆီျဖစ္ပါတယ္။ ရစ္ဆီေနာက္ပိုင္း မည့္သည္ ဘယ္အစြန္လူကိုမွ လီဗာပူးပရိသတ္ေတြ သေဘာမေတြ႔တဲ့ထိ ေနာ္ေဝသားက ေတာက္ပခဲ့ပါတယ္။ ျပင္းထန္တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ တိုက္စစ္လိုက္ႏုိင္စြမ္းေတြကို စတီဗင္ဂ်ရတ္တို႔နဲ႔ တြဲဘက္ျပီး ျပသခဲ့တယ္။

ကြင္းလယ္လူ – ဂ်န္ မိုလ္ဘီ

ဂ်န္မိုလ္ဘီဟာ လီဗာပူးသမိုင္းမွာေတာ့ အဆင့္ျမင့္တန္းလိဂ္အျပင္ နာမည္ေျပာင္းျပီး က်င္းပတဲ့ ပရီးမီးယားလိဂ္ေခတ္ဦးမွာပါ ကစားခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ္ဖလား အႏုိင္မရခဲ့ေပမယ့္ အမွတ္ေပးဖလား ၃ ၾကိမ္ အႏုိင္ရခဲ့ကာ ေဟဒဘေရာ့ျဖစ္ရပ္ကို မွီခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ လီဗာပူးပရိသတ္ေတြက ဒိန္းမတ္သားၾကီးကို ခ်စ္ခင္ခဲ့ၾကျပီး စတီဗင္ဂ်ရတ္ ေပၚထြက္လာမႈမွာ မိုလ္ဘီရဲ႕ ေန႔ရက္ေတြ စတင္ကုန္ဆံုးခဲ့ပါတယ္။

ကြင္းလယ္လူ – အလြန္ဆို

လီဗာပူးရဲ႕ အေကာင္းဆံုး ကြင္းလယ္လူထဲမွာေတာ့ အလြန္ဆိုကို ဘယ္သူကမွ ဖယ္ထုတ္ၾကမွာ မဟုတ္ပါဘူး။ ေသြးေအးလြန္းတဲ့သူက တိုက္ခုိက္ဖို႔ ဝန္မေလးသလို ေဘာလံုးပိုင္ဆိုင္မႈပိုင္းမွာလည္း ေကာင္းမြန္သူပါ။ အလြန္ဆို၊ ဂ်ရတ္နဲ႔ မာေရွးယာႏိုတို႔ တြဲကစားခဲ့စဥ္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္တင္မကပဲ ဥေရာပမွာပါ ေျခစြာတဲ့ ကြင္းလယ္ တြဲဘက္ေတြ ျဖစ္ခဲ့ပါတယ္။

ညာေတာင္ပံ – ဆာလက္

လီဗာပူးမွာ ဒတ္ကြတ္ခ်္လို ကစားသမားလည္း ရွိခဲ့ေပမယ့္ ညာေတာင္ပံအတြက္ဆိုရင္ေတာ့ ဆာလက္ကိုပဲ ေရြးၾကမွာပါ။ ဆာလက္ဟာ ကမၻာအဆင့္ တိုက္စစ္သမားျဖစ္သလို သူဟာ ဂလိုဘယ္အဆင့္ ပံုရိပ္ရွိသူလည္းျဖစ္ပါတယ္။ အာဖရိကနဲ႔ အာရပ္ဝန္းက်င္မွာ ဆာလက္ရဲ႕ ၾသဇာက ၾကီးမားျပီး သူဟာ ဂိုသြင္းမွတ္တမ္းလည္း သိပ္ေကာင္းသူျဖစ္တယ္။ ၂၀၁၇ ခုႏွစ္မွာ ရိုးမားကေန လီဗာပူးကို ေရာက္လာျပီးေနာက္ အီဂ်စ္သားက စံခ်ိန္ေပါင္းမ်ားစြာကို ရိုက္ခ်ိဳးခဲ့ပါတယ္။

ဘယ္ေတာင္ပံ – မာေနး

ဆာလက္ ေတာက္ပလာသလို မာေနးကလည္း အျခားေသာ ေတာင္ပံတစ္ဘက္ကေန ေတာက္ပလာခဲ့တယ္။ သေဘာရိုးသေလာက္ အေၾကာမားတဲ့ ဆီနီေဂါသားဟာ ဇာတိေျမအတြက္ေတာ့ ဟီးရိုးတစ္ေယာက္ျဖစ္ပါတယ္။ ကြင္းတြင္းမွာ ေအာင္ျမင္မႈ ဆာေလာင္တဲ့ မာေနးဟာ မိခင္ႏုိင္ငံအတြက္ အလွဴအဒါန္းေတြ သိပ္လုပ္သလို သူရဲ႕ ဘာသာေရးကိုင္းရိႈင္းမႈအတြက္လည္း ေလးစားခံရသူျဖစ္ပါတယ္။

တိုက္စစ္မွဴး – လူးဝစ္ဆြာရက္စ္

ခ်စ္သူမုန္းသူ သိပ္မ်ားေပမယ့္လည္း ဆြာရက္စ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာပါ အေကာင္းဆံုး တိုက္စစ္သမားတစ္ဦးအျဖစ္ ရွိေနမယ္သူပါ။ အန္ဖီးအတြက္ ဆြာရက္စ္ ကစားေပးခဲ့စဥ္က မည့္သည့္ ျပိဳင္ဘက္အသင္း ခံစစ္သမားကမွ ဆြာရက္စ္ကို ရပ္တန္႔ျပမယ္လို႔ မေၾကြးေၾကာ္ရဲခဲ့ဘူး။ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏုိင္တာက သူ႔ရဲ႕ အားနည္းခ်က္ျဖစ္ခဲ့ကာ လာလီဂါကို ေျပာင္းေရႊ႔ခဲ့စဥ္မွာလည္း မက္ဆီ၊ ေနမာတို႔နဲ႔တြဲျပီး လာလီဂါကို ကိုင္လႈပ္ခဲ့ပါတယ္။

တိုက္စစ္မွဴး – ဖာနန္ဒို ေတာရက္စ္

ပရီးမီးယားလိဂ္မွာ ခ်စ္သူသာရွိ၊ မုန္းသူမရွိတဲ့ ရွားပါး တိုက္စစ္သမားေတြထဲမွာ ေတာရက္စ္လည္း ပါဝင္ခဲ့တယ္။ လာလီဂါကေန အသက္ငယ္ငယ္နဲ႔ ေရာက္လာခဲ့တဲ့ လီဗာပူးရဲ႕ ကလပ္စံခ်ိန္တင္ တိုက္စစ္သမားဟာ သူ႔ေခတ္မွာ လိဂ္အေကာင္းဆံုး ခံစစ္သမားေတြပါဆိုတဲ့ ဗီဒစ္နဲ႔ ဖာဒီနန္တို႔ရဲ႕ ခံစစ္ေၾကာင္းကိုေတာင္ အလဲလဲ အျပိဳျပိဳ ျဖစ္ေစခဲ့သူျဖစ္တယ္။ ေတာရက္စ္ဟာ သူ႔ရဲ႕ အေကာင္းဆံုးဆိုတဲ့ အခ်ိန္မွာ လီဗာပူးနဲ႔ မည့္သည့္ ဆုဖလားမွ အႏုိင္မရခဲ့တာကေတာ့ ဝမ္းနည္းစရာပဲ ျဖစ္ပါတယ္။