ဒီအပတ်တွေမှာတော့ လီဗာပူးက ခက်ခဲ့ပြီး ကြပ်တည်းတဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ၃ ရက် တစ်ပွဲနှုန်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပွဲကြီးပွဲကောင်းတွေအဖြစ် ပွဲနေ့တွေမှာ ကစားလိုက်၊ ပြန်လည် အားဖြည့်မှုတွေလုပ်လိုက်၊ ခရီးသွားလိုက်နဲ့ ဆက်တိုက် အချိန်ကုန်ရမှာဖြစ်ပေမယ့် ဟန်ဒါဆန်က ပြင်းထန်တဲ့ ပွဲစဉ်တွေနဲ့ ပက်သက်ပြီး စိန်ခေါ်စကား ပြောဆိုလာခဲ့တယ်။

ဟန်ဒါဆန်က “ ခက်ခဲတဲ့ ကာလတွေ ရောက်လာပါတော့မယ်။ ဒါပေမယ့် ကျနေ်ာတို့ ဘောလုံးကစားရတာကို မြတ်နိုးပါတယ်။ ဒီပွဲတွေကို ကစားလိုပါတယ်။ အရင်လတွေကို ပြန်ကြည့်မယ်ဆိုရင် လော့ဒေါင်းတွေကြောင့် ကျနေ်ာတို့တွေ အိမ်မှာထိုင်နေခဲ့ရပြီး ဘယ်ကိုမှ မသွားနိုင်ပါဘူး။ အကယ်လို့ ကစားခွင့်ရနိုင်မယ်ဆိုရင် နေ့တိုင်းတောင် ဘောလုံး ကစားလိုခဲ့တယ် ” လို့ ဆိုခဲ့ပါတယ်။

ဟန်ဒါဆန်က ကပ်ဘေးဟာ ကမ္ဘာကြီးကို အခက်တွေ့စေကာ လူတွေရဲ့ နေစဉ်ဘဝတွေကို သက်ရောက်မှုကြီးစေတယ်လို့ မြင်တယ်။ ကိုယ်နှစ်သက်ရတဲ့ ဘောလုံးကစားခြင်းနဲ့အတူ လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် အကောင်းဖြစ်အောင် လုပ်ပေးလိုစိတ် ရှိပါကြောင်းလည်း လီဗာပူးအသင်းခေါင်းဆောင်က ဖွင့်ဟခဲ့တယ်။

ဟန်ဒါဆန်ကပဲ “ ကမ္ဘာကြီးမှာ ကိစ္စတွေအများကြီး ဖြစ်ပွားခဲ့တယ်။ လူတွေအတွက် အိမ်မှာ ထိုင်နေဖို့က ခက်ခဲပါတယ်။ ကပ်ဘေးက လူတွေအပေါ်ကို သက်ရောက်မှု ကြီးခဲ့တယ်။ ဒီတော့ လူတွေရဲ့ မျက်နှာကို ပြုံးပျော်နေအောင် ကျနေ်ာတို့ လုပ်ပေးလိုပါတယ်။

ဒီတော့ ကျနေ်ာတို့က ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေကို ရင်ဆိုင်ရမယ် နောက်ပြီး ပွဲတွေကို ပျော်ရွှင်ရပါမယ်။ အသင်းလူစာရင်းမှာ ရှိနေတဲ့ အသင်းဖော်တွေ အားလုံးနဲ့အတူ ရာသီတစ်ခုလုံးအတွက် လူတိုင်းကို လိုပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ပျော်ပါတယ်။ ကျနော်က ဘောလုံးကစားရတာကို မြတ်နိုးတယ်၊ ကျနေ်ာတို့ အားလုံး မြတ်နိုးပါတယ်၊ ပျော်ရွှင်လိုက်ရအောင်ပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ေတြမွာေတာ့ လီဗာပူးက ခက္ခဲ့ျပီး ၾကပ္တည္းတဲ့ ပြဲစဥ္ေတြကို ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြကို ၃ ရက္ တစ္ပြဲႏႈန္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ပြဲၾကီးပြဲေကာင္းေတြအျဖစ္ ပြဲေန႔ေတြမွာ ကစားလိုက္၊ ျပန္လည္ အားျဖည့္မႈေတြလုပ္လိုက္၊ ခရီးသြားလိုက္နဲ႔ ဆက္တိုက္ အခ်ိန္ကုန္ရမွာျဖစ္ေပမယ့္ ဟန္ဒါဆန္က ျပင္းထန္တဲ့ ပြဲစဥ္ေတြနဲ႔ ပက္သက္ျပီး စိန္ေခၚစကား ေျပာဆိုလာခဲ့တယ္။

ဟန္ဒါဆန္က “ ခက္ခဲတဲ့ ကာလေတြ ေရာက္လာပါေတာ့မယ္။ ဒါေပမယ့္ က်ေန္ာတို႔ ေဘာလံုးကစားရတာကို ျမတ္ႏိုးပါတယ္။ ဒီပြဲေတြကို ကစားလိုပါတယ္။ အရင္လေတြကို ျပန္ၾကည့္မယ္ဆိုရင္ ေလာ့ေဒါင္းေတြေၾကာင့္ က်ေန္ာတို႔ေတြ အိမ္မွာထိုင္ေနခဲ့ရျပီး ဘယ္ကိုမွ မသြားႏုိင္ပါဘူး။ အကယ္လို႔ ကစားခြင့္ရႏုိင္မယ္ဆိုရင္ ေန႔တိုင္းေတာင္ ေဘာလံုး ကစားလိုခဲ့တယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဟန္ဒါဆန္က ကပ္ေဘးဟာ ကမၻာၾကီးကို အခက္ေတြ႔ေစကာ လူေတြရဲ႕ ေနစဥ္ဘဝေတြကို သက္ေရာက္မႈၾကီးေစတယ္လို႔ ျမင္တယ္။ ကိုယ္ႏွစ္သက္ရတဲ့ ေဘာလံုးကစားျခင္းနဲ႔အတူ လူေတြကို ေပ်ာ္ရႊင္ေစႏုိင္တယ္ဆိုရင္ အေကာင္းျဖစ္ေအာင္ လုပ္ေပးလိုစိတ္ ရွိပါေၾကာင္းလည္း လီဗာပူးအသင္းေခါင္းေဆာင္က ဖြင့္ဟခဲ့တယ္။

ဟန္ဒါဆန္ကပဲ “ ကမၻာၾကီးမွာ ကိစၥေတြအမ်ားၾကီး ျဖစ္ပြားခဲ့တယ္။ လူေတြအတြက္ အိမ္မွာ ထိုင္ေနဖို႔က ခက္ခဲပါတယ္။ ကပ္ေဘးက လူေတြအေပၚကို သက္ေရာက္မႈ ၾကီးခဲ့တယ္။ ဒီေတာ့ လူေတြရဲ႕ မ်က္ႏွာကို ျပံဳးေပ်ာ္ေနေအာင္ က်ေန္ာတို႔ လုပ္ေပးလိုပါတယ္။

ဒီေတာ့ က်ေန္ာတို႔က ရုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုမႈေတြကို ရင္ဆိုင္ရမယ္ ေနာက္ျပီး ပြဲေတြကို ေပ်ာ္ရႊင္ရပါမယ္။ အသင္းလူစာရင္းမွာ ရွိေနတဲ့ အသင္းေဖာ္ေတြ အားလံုးနဲ႔အတူ ရာသီတစ္ခုလံုးအတြက္ လူတိုင္းကို လိုပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ေပ်ာ္ပါတယ္။ က်ေနာ္က ေဘာလံုးကစားရတာကို ျမတ္ႏိုးတယ္၊ က်ေန္ာတို႔ အားလံုး ျမတ္ႏိုးပါတယ္၊ ေပ်ာ္ရႊင္လိုက္ရေအာင္ပါ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။