လီဗာပူးတိုက်စစ်သမား မိုဆာလက်က ဒီအပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကောင်းအတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီ ပရီးမီးယားလိဂ်ကို ကိုယ်စီ အနိုင်ယူထားတဲ့ နှစ်သင်းဟာ အီသီဟတ်မှာ ထိပ်တိုက်တွေ့မှု ပွဲရလဒ် မထွက်ခင် မန်စီးတီးက တစ်ပွဲလျော့ အနေအထားမှာ ရမှတ် ၅ မှတ် ကွာဟနေပါတယ်။ နှစ်သင်းကစားသမားတွေက ဒီပွဲမှာ ရလဒ် ပြတ်သားခြင်းက နှစ်သင်းလုံးအတွက် ကောင်းမွန်းတဲ့ ဦးတည်ချက်ကို ပေးမယ်ဆိုတာကိုလည်း နားလည်ကြမှာဖြစ်တယ်။

လီဗာပူးရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့ရာ မန်စီးတီးက ပြိုင်ဘက်ကောင်းဖြစ်သလို ချန်ပီယံဟောင်းတွေကလည်း ဒီပွဲအတွက် အာရုံစိုက်လာမယ်ဆိုတာကို ဆာလက်က ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။

ဆာလက်က “ သူတို့ကစားတဲ့ ကိုယ်ပိုင်းနည်းလမ်းနဲ့အတူ မန်စီးတီးဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ရှိလာတာပါ။ မနှစ်ကရာသီ ကျနေ်ာတို့ ပရီးမီးယားလိဂ်ဖလားကို အနိုင်မရခင် နောက်ဆုံး ၂ ရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ၂ ကြိမ် အနိုင်ရခဲ့တယ်။

သူတို့က ပရီးမီးယားလိဂ်မှာတင် မကဘဲ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ကျနေ်ာတို့ကြားမှာ အမြဲတမ်း ပြိုင်ဆိုင်မှု ရှိပါတယ်။ နှစ်ဘက်စလုံးအတွက်က ပြိုင်ဆိုင်မှု ရှိကြပါတယ်။ ဒါကြောင့် ရောက်လာမယ့်ပွဲအတွက် အာရုံစိုက်ရမှာပါ။ သူတို့ကလည်း ဒီပွဲကို အာရုံစိုက်နေမယ်ဆိုတာ သေချာပြောရဲပါတယ်။

အခုချိန်မှာ ကျနေ်ာတို့က ပရီးမီးယားလိဂ် ချန်ပီယံတွေအဖြစ် ဆုဖလားကို ကာကွယ်ကြရမှာပါ။ ဒီပွဲအတွက် စိတ်လှုပ်ရှားနေပြီး သူတို့လည်း စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဒီရာသီ လီဗာပူးရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်သမားအဖြစ် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ ဂိုးထိ ရယူထားပြီဖြစ်ပါတယ်။ သူဟာ ဂိုးသွင်းမှတ်တမ်းကို ပိုကောင်းလာဖို့ အီသီဟတ်မှာ သွင်းဂိုး ရယူနိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မိုဆာလက္က ဒီအပတ္မွာ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲေကာင္းအတြက္ ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။

ျပီးခဲ့တဲ့ ၂ ရာသီ ပရီးမီးယားလိဂ္ကို ကိုယ္စီ အႏုိင္ယူထားတဲ့ ႏွစ္သင္းဟာ အီသီဟတ္မွာ ထိပ္တိုက္ေတြ႔မႈ ပြဲရလဒ္ မထြက္ခင္ မန္စီးတီးက တစ္ပြဲေလ်ာ့ အေနအထားမွာ ရမွတ္ ၅ မွတ္ ကြာဟေနပါတယ္။ ႏွစ္သင္းကစားသမားေတြက ဒီပြဲမွာ ရလဒ္ ျပတ္သားျခင္းက ႏွစ္သင္းလံုးအတြက္ ေကာင္းမြန္းတဲ့ ဦးတည္ခ်က္ကို ေပးမယ္ဆိုတာကိုလည္း နားလည္ၾကမွာျဖစ္တယ္။

လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ဖို႔ရာ မန္စီးတီးက ျပိဳင္ဘက္ေကာင္းျဖစ္သလို ခ်န္ပီယံေဟာင္းေတြကလည္း ဒီပြဲအတြက္ အာရံုစိုက္လာမယ္ဆိုတာကို ဆာလက္က ပြဲၾကိဳမွာ ထုတ္ေျပာလာပါတယ္။

ဆာလက္က “ သူတို႔ကစားတဲ့ ကိုယ္ပိုင္းနည္းလမ္းနဲ႔အတူ မန္စီးတီးဟာ ထိပ္တန္းအဆင့္မွာ ႏွစ္ေပါင္းမ်ားစြာ ရွိလာတာပါ။ မႏွစ္ကရာသီ က်ေန္ာတို႔ ပရီးမီးယားလိဂ္ဖလားကို အႏုိင္မရခင္ ေနာက္ဆံုး ၂ ရာသီမွာ မန္စီးတီးက ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ၂ ၾကိမ္ အႏုိင္ရခဲ့တယ္။

သူတို႔က ပရီးမီးယားလိဂ္မွာတင္ မကဘဲ ခ်န္ပီယံလိဂ္မွာလည္း အေကာင္းဆံုး ၾကိဳးစားထားပါတယ္။ က်ေန္ာတို႔ၾကားမွာ အျမဲတမ္း ျပိဳင္ဆိုင္မႈ ရွိပါတယ္။ ႏွစ္ဘက္စလံုးအတြက္က ျပိဳင္ဆိုင္မႈ ရွိၾကပါတယ္။ ဒါေၾကာင့္ ေရာက္လာမယ့္ပြဲအတြက္ အာရံုစိုက္ရမွာပါ။ သူတို႔ကလည္း ဒီပြဲကို အာရံုစိုက္ေနမယ္ဆိုတာ ေသခ်ာေျပာရဲပါတယ္။

အခုခ်ိန္မွာ က်ေန္ာတို႔က ပရီးမီးယားလိဂ္ ခ်န္ပီယံေတြအျဖစ္ ဆုဖလားကို ကာကြယ္ၾကရမွာပါ။ ဒီပြဲအတြက္ စိတ္လႈပ္ရွားေနျပီး သူတို႔လည္း စိတ္လႈပ္ရွားေနမယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဆာလက္ဟာ ဒီရာသီ လီဗာပူးရဲ႕ သြင္းဂိုး အမ်ားဆံုး တိုက္စစ္သမားအျဖစ္ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၉ ဂိုးထိ ရယူထားျပီျဖစ္ပါတယ္။ သူဟာ ဂိုးသြင္းမွတ္တမ္းကို ပိုေကာင္းလာဖို႔ အီသီဟတ္မွာ သြင္းဂိုး ရယူႏုိင္ဖို႔ စိတ္အားထက္သန္ေနမွာ ျဖစ္ပါတယ္။