လီဗာပူးတိုက်စစ်သမား ဆာလက်က မန်စီးတီးပွဲကြိုမှာ အကောင်းဆုံး ပုံစံရနေတဲ့ အသင်းဖော် ဂျိုတာကိုကော အသင်းအတွက် အမြဲတမ်း ပေးဆပ်ကစားတဲ့ တိုက်စစ်မှူး ဖာမင်နိုကိုပါ ချီးကျူးပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။

အတ္တလန်တာပွဲမှာတော့ hat-trick ရှင် ဂျိုတာရဲ့ နေရာမှာ ဖာမင်နိုက လူစားဝင် ကစားခဲ့တယ်။ ဒါပေမယ့်လို့ မန်နေဂျာကလော့ပ်က ဘရာဇီးသားကို အသင်းမှာ အရေးပါဆုံး သူတွေထဲက တစ်ဦးအဖြစ် ထည့်သွင်းထားဆဲဖြစ်တယ်။ ဆာလက်ကလည်း ဖာမင်နိုဟာ ကိုယ်အတွက် မကြည့်ဘဲ အသင်းအတွက် ဦးစားပေးသူ ဖြစ်ကြောင်းနဲ့ သူမပါဝင်ဘဲ အသင်းက အဓိကဆုဖလားတွေ အနိုင်မရနိုင်ဘူးလို့ ပြောပါတယ်။

ဆာလက်က “ ဘော်ဘီက ကျနေ်ာတို့အတွက် တကယ်ကို အရေးပါတဲ့ အသင်းဖော်ဖြစ်ပါတယ်။ သူက ကလပ်အတွက် လေးနှစ်၊ ငါးနှစ်လောက် အကောင်းဆုံးတွေ လုပ်လာပေးတာပါ။ သူက မယုံနိုင်လောက်အောင်ပါပဲ။ သူမပါဘဲ ကျနေ်ာတို့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို အနိုင်ရခဲ့မှာ မဟုတ်ပါဘူး။

သူက အသင်းအတွက် သူ့ကိုယ်သူ ကိုယ်ကျိုးမငဲ့တတ်သူပါ။ သူ ကစားတဲ့ နည်းလမ်းအရ အသင်းဖော်တွေဖြစ်တဲ့ ကျနေ်ာတို့ကို ဂိုးသွင်းခွင့်တွေ ပိုရစေပါတယ်။ ကွင်းတွင်းမှာကော ကွင်းပြင်မှာပါ သူက မယုံနိုင်လောက်အောင် ကောင်းမွန်သူဖြစ်တယ်။ ဘယ်သူနဲ့ပဲ ကစားရပါစေ သူက အကောင်းဆုံး ပေးဆပ်ကစားပါတယ်။

ကျနေ်ာတို့က အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီအသင်းမှာ အချင်းချင်းကူညီဖို့ ရှိနေကြတာပါ။ ဒီအတိုင်းပဲ ရှေ့ဆက် လုပ်ဆောင်မှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ခြေစွမ်းကောင်းတွေရနေတဲ့ အသင်းဖော် ဂျိုတာနဲ့ ပက်သက်လို့လည်း ဆာလက်က “ ကျနေ်ာတို့ အသင်းဖော်တွေ အားလုံးက ဂျိုတာအတွက် ပျော်ပါတယ်။ ကျနေ်ာတို့က အသင်းဖော်တွေပါ။ လေ့ကျင့်ရေးမှာ နေ့တိုင်း အချင်းချင်း တွန်းအားပေးဖို့ ကြိုးစားကြပါတယ်။ တစ်ယောက်ယောက်က ဝင်လာပြီး ဂိုးသွင်းသွားရင်ကို သူ့အတွက် ကျနေ်ာတို့ ပျော်ပါတယ်။

ဂျိုတာက တိုက်စစ်မှာ ကျနေ်ာတို့အတွက် ပိုလွယ်ကူအောင် လုပ်ပေးပြီး အသင်းကို ကူညီပေးနေတာပါ။ ဒီမျိုးကို ထပ်ဖန်တလဲလဲ သူလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူက ဂိုးတွေ သွင်းခဲ့ပြီး အစကောင်းမှုနဲ့အတူ ယုံကြည်မှုတွေ ရလာနေတယ်။ ဒီတော့ သူ့အတွက် ကျနေ်ာတို့ အတော်လေး ပျော်ရွှင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလက္က မန္စီးတီးပြဲၾကိဳမွာ အေကာင္းဆံုး ပံုစံရေနတဲ့ အသင္းေဖာ္ ဂ်ိဳတာကိုေကာ အသင္းအတြက္ အျမဲတမ္း ေပးဆပ္ကစားတဲ့ တိုက္စစ္မွဴး ဖာမင္ႏိုကိုပါ ခ်ီးက်ဴးေျပာဆိုမႈေတြ လုပ္သြားခဲ့ပါတယ္။

အတၱလန္တာပြဲမွာေတာ့ hat-trick ရွင္ ဂ်ိဳတာရဲ႕ ေနရာမွာ ဖာမင္ႏိုက လူစားဝင္ ကစားခဲ့တယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာကေလာ့ပ္က ဘရာဇီးသားကို အသင္းမွာ အေရးပါဆံုး သူေတြထဲက တစ္ဦးအျဖစ္ ထည့္သြင္းထားဆဲျဖစ္တယ္။ ဆာလက္ကလည္း ဖာမင္ႏိုဟာ ကိုယ္အတြက္ မၾကည့္ဘဲ အသင္းအတြက္ ဦးစားေပးသူ ျဖစ္ေၾကာင္းနဲ႔ သူမပါဝင္ဘဲ အသင္းက အဓိကဆုဖလားေတြ အႏုိင္မရႏုိင္ဘူးလို႔ ေျပာပါတယ္။

ဆာလက္က “ ေဘာ္ဘီက က်ေန္ာတို႔အတြက္ တကယ္ကို အေရးပါတဲ့ အသင္းေဖာ္ျဖစ္ပါတယ္။ သူက ကလပ္အတြက္ ေလးႏွစ္၊ ငါးႏွစ္ေလာက္ အေကာင္းဆံုးေတြ လုပ္လာေပးတာပါ။ သူက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ သူမပါဘဲ က်ေန္ာတို႔ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို အႏုိင္ရခဲ့မွာ မဟုတ္ပါဘူး။

သူက အသင္းအတြက္ သူ႔ကိုယ္သူ ကိုယ္က်ိဳးမငဲ့တတ္သူပါ။ သူ ကစားတဲ့ နည္းလမ္းအရ အသင္းေဖာ္ေတြျဖစ္တ့ဲ က်ေန္ာတို႔ကို ဂိုးသြင္းခြင့္ေတြ ပိုရေစပါတယ္။ ကြင္းတြင္းမွာေကာ ကြင္းျပင္မွာပါ သူက မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္သူျဖစ္တယ္။ ဘယ္သူနဲ႔ပဲ ကစားရပါေစ သူက အေကာင္းဆံုး ေပးဆပ္ကစားပါတယ္။

က်ေန္ာတို႔က အသင္းတစ္သင္းျဖစ္ပါတယ္။ ဒီအသင္းမွာ အခ်င္းခ်င္းကူညီဖို႔ ရွိေနၾကတာပါ။ ဒီအတိုင္းပဲ ေရွ႔ဆက္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ေျခစြမ္းေကာင္းေတြရေနတဲ့ အသင္းေဖာ္ ဂ်ိဳတာနဲ႔ ပက္သက္လို႔လည္း ဆာလက္က “ က်ေန္ာတို႔ အသင္းေဖာ္ေတြ အားလံုးက ဂ်ိဳတာအတြက္ ေပ်ာ္ပါတယ္။ က်ေန္ာတို႔က အသင္းေဖာ္ေတြပါ။ ေလ့က်င့္ေရးမွာ ေန႔တိုင္း အခ်င္းခ်င္း တြန္းအားေပးဖို႔ ၾကိဳးစားၾကပါတယ္။ တစ္ေယာက္ေယာက္က ဝင္လာျပီး ဂိုးသြင္းသြားရင္ကို သူ႔အတြက္ က်ေန္ာတို႔ ေပ်ာ္ပါတယ္။

ဂ်ိဳတာက တိုက္စစ္မွာ က်ေန္ာတို႔အတြက္ ပိုလြယ္ကူေအာင္ လုပ္ေပးျပီး အသင္းကို ကူညီေပးေနတာပါ။ ဒီမ်ိဳးကို ထပ္ဖန္တလဲလဲ သူလုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူက ဂိုးေတြ သြင္းခဲ့ျပီး အစေကာင္းမႈနဲ႔အတူ ယံုၾကည္မႈေတြ ရလာေနတယ္။ ဒီေတာ့ သူ႔အတြက္ က်ေန္ာတို႔ အေတာ္ေလး ေပ်ာ္ရႊင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။