မန်ယူအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့်လည်း ဒေါ့မွန် တောင်ပံသမား ဆန်ချိုကို မန်ချက်စတာမြေထံ ပြန်လည်ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

အသက် ၁၉ နှစ် အရွယ် တောင်ပံ ကစားသမားလေးဟာ ပြီးခဲ့တဲ့ နှစ်ရာသီကပဲ မန်ချက်စတာကလပ် မန်စီးတီးကနေ ဂျာမန်မြေကို ပြောင်းရွှေ့ပြီးကတည်းက အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတာပါ။ သူ့ကိုကမ်းလှမ်းမယ့် အသင်းတွေထံက ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်းရဖို့ ဒေါ့မွန်ဘက်ကေ မျှာ်လင့်နေပါတယ်။

လာမယ့် နွေရာသီမှာတော့ ဥရောပ အသင်းကြီးတွေရဲ့ ထိပ်တန်းပစ်မှတ်ထဲမှာ ထိပ်ဆုံးတစ်နေရာက ဆန်ချိုပါဝင်နေပါတယ်။ မန်ယူနည်းပြ ဆိုးရှားက သူ့ကို အတော်လေး သဘောတွေ့နေပြီး နွေအပြောင်းအရွှေ့မှာ ခေါ်ယူလိုတာပါ။ မန်ယူဟာ အဆင့် ၆ နေရာမှာ ရာသီ သိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပေမယ့်လည်း ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းမှာလည်း ပုံမှန် ရွေးချယ်ခြင်း ခံခဲ့ရတဲ့အထိ ခြေစွမ်းပြနေတဲ့ ဆန်ချိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရှိမယ့် ကလပ်အသင်းမှာပဲ အဓိက ကစားလိုတယ်။ ဒါပေမယ့် မန်ယူကလည်း ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာချုပ်ကို ပြင်ဆင်ပေးပို့မှာဖြစ်တယ်။

မန်ယူဟာ လာမယ့် ရာသီအသင်း လူစာရင်းကို ကြီးမားတဲ့ ပြင်ဆင်မှု ပြုလုပ်ဖို့ စီစဉ်နေပြီး အသင်းမှာ အသုံးမ၀င်တဲ့ ကစားသမား အများအပြားကို ရောင်းချကာ လူငယ်သွေးသစ် ကစားသမားသစ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။