ထရန့်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပေမယ့် ဆောက်သမ်တန်ပွဲအတွင်း ပွဲချိန် ၇၇ မိနစ်မှာတော့ ကလော့ပ်က သူ့ကို လူစားလဲခဲ့ကာ အရန်ခုံမှာ ထိုင်နေစေခဲ့တယ်။

ထရန့်ဟာ ပွဲအတွင်း ၃၈ ကြိမ် တိုင် ဘောလုံးဆုံးရှုံးခဲ့တဲ့နောက် ဒါဟာ ဒီရာသီ လိဂ်မှာ အများဆုံးအရေအတွက်လဲ ဖြစ်ပါတယ်။ သူဟာ ဂျိမ်းစ်ဝက်ပရောက်စ်ရဲ့ ပေးပို့မှုကို တားဆီးဖို့ လုံးဝလွဲချော်ခဲ့တာကြောင့် ဒန်နီအင့် ဂိုးသွင်းဖို့ အခွင့်အရေး ရစေခဲ့ပါတယ်။

အင့်ရဲ့ သွင်းဂိုးအပေါ် သူ့အမြင်နဲ့ ပတ်သက်ပြီး ကလော့ပ်က “ဒီဂိုးကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ အဲ့ဒီ့နားမှာ ဘောလုံးကို ရယူဖို့ ကျွန်တော်တို့ ကစားသမားတစ်ယောက် ရှိခဲ့ပေမယ့် သူက ဘောလုံးကို ရှင်းထုတ်ဖို့ လွဲခဲ့တယ်။ တည်ကန်ဘောကလဲ ကောင်းမွန်သလို ကျွန်တော်တို့ ကစားသမားတစ်ယောက် အဲ့ဒီ့မှာရှိပြီးတော့ လွဲချော်သွားတယ်။ သိပ်ကောင်းတဲ့ အဆုံးသတ်ပုံပေမယ့် အဲ့ဒါကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ အဝေးကွင်းမှာ ရုန်းကန်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကလော့ပ်က ငြင်းပယ်ခဲ့ပြီး ပြီးခဲ့တဲ့ ၃ ပွဲမှာ အမြင့်ဆုံးဖြစ်နိုင်ခြေ ရမှတ် ၉ မှတ်ကနေ ၂ မှတ်သာ ရယူခဲ့တဲ့ အသင်းရဲ့ လက်ရှိ ခြေချော်မှုကို ကစားသမားတွေအနေနဲ့ ကျော်ဖြတ်နိုင်ဖို့ အလိုရှိနေတာပါ။

“ကျွန်တော်တို့ ပြဿနာတွေရှိနေတာက အဝေးကွင်းတွေမှာပဲ ဖြစ်နေဖို့ ဆုတောင်းပါတယ်။ ဆောက်သမ်တန်ကွင်းမှာ ဖြစ်ခဲ့တာကို ဘာမှ လုပ်လို့ မရတော့ပါဘူး။ ဝက်စ်ဘရွန်းနဲ့လည်း အိမ်ကွင်းမှာ သရေကျခဲ့တယ်။ ဒါက သံချေးတက်နေတဲ့ အခိုက်အတန့်ပဲ။ ဒါကို ကျွန်တော်တို့ ဝန်ခံရမှာပါ။

ပြဿနာကို သိမှ ဖြေရှင်းမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပြဿနာကို မမြင်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ကျော်ဖြတ်ဖို့ တိုက်ပွဲဝင်ရမှာပါ။ ဒီအခြေအနေကို ပြောင်းလဲဖို့က ကျွန်တော်တို့ တာဝန်ပါပဲ”လို့ ကလော့ပ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ထရန္႔ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ ျဖစ္ေပမယ့္ ေဆာက္သမ္တန္ပြဲအတြင္း ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ကေလာ့ပ္က သူ႔ကို လူစားလဲခဲ့ကာ အရန္ခံုမွာ ထိုင္ေနေစခဲ့တယ္။

ထရန္႔ဟာ ပြဲအတြင္း ၃၈ ႀကိမ္ တိုင္ ေဘာလုံးဆုံးရႈံးခဲ့တဲ့ေနာက္ ဒါဟာ ဒီရာသီ လိဂ္မွာ အမ်ားဆုံးအေရအတြက္လဲ ျဖစ္ပါတယ္။ သူဟာ ဂ်ိမ္းစ္ဝက္ပေရာက္စ္ရဲ႕ ေပးပို႔မႈကို တားဆီးဖို႔ လုံးဝလြဲေခ်ာ္ခဲ့တာေၾကာင့္ ဒန္နီအင့္ ဂိုးသြင္းဖို႔ အခြင့္အေရး ရေစခဲ့ပါတယ္။

အင့္ရဲ႕ သြင္းဂိုးအေပၚ သူ႔အျမင္နဲ႔ ပတ္သက္ၿပီး ကေလာ့ပ္က “ဒီဂိုးကို ကာကြယ္ႏုိင္ခဲ့သင့္ပါတယ္။ အဲ့ဒီ့နားမွာ ေဘာလုံးကို ရယူဖို႔ ကြၽန္ေတာ္တို႔ ကစားသမားတစ္ေယာက္ ရွိခဲ့ေပမယ့္ သူက ေဘာလုံးကို ရွင္းထုတ္ဖို႔ လြဲခဲ့တယ္။ တည္ကန္ေဘာကလဲ ေကာင္းမြန္သလို ကြၽန္ေတာ္တို႔ ကစားသမားတစ္ေယာက္ အဲ့ဒီ့မွာရွိၿပီးေတာ့ လြဲေခ်ာ္သြားတယ္။ သိပ္ေကာင္းတဲ့ အဆုံးသတ္ပုံေပမယ့္ အဲ့ဒါကို ကာကြယ္ႏိုင္ခဲ့သင့္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးဟာ အေဝးကြင္းမွာ ႐ုန္းကန္ေနရတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ကေလာ့ပ္က ျငင္းပယ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၃ ပြဲမွာ အျမင့္ဆုံးျဖစ္ႏိုင္ေျခ ရမွတ္ ၉ မွတ္ကေန ၂ မွတ္သာ ရယူခဲ့တဲ့ အသင္းရဲ႕ လက္ရွိ ေျခေခ်ာ္မႈကို ကစားသမားေတြအေနနဲ႔ ေက်ာ္ျဖတ္ႏိုင္ဖို႔ အလိုရွိေနတာပါ။

“ကြၽန္ေတာ္တို႔ ျပႆနာေတြရွိေနတာက အေဝးကြင္းေတြမွာပဲ ျဖစ္ေနဖို႔ ဆုေတာင္းပါတယ္။ ေဆာက္သမ္တန္ကြင္းမွာ ျဖစ္ခဲ့တာကို ဘာမွ လုပ္လို႔ မရေတာ့ပါဘူး။ ဝက္စ္ဘ႐ြန္းနဲ႔လည္း အိမ္ကြင္းမွာ သေရက်ခဲ့တယ္။ ဒါက သံေခ်းတက္ေနတဲ့ အခိုက္အတန႔္ပဲ။ ဒါကို ကြၽန္ေတာ္တို႔ ဝန္ခံရမွာပါ။

ျပႆနာကို သိမွ ေျဖရွင္းမႈေတြ လုပ္ႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ျပႆနာကို မျမင္ႏိုင္တဲ့သူေတြ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဒါကို ေက်ာ္ျဖတ္ဖို႔ တိုက္ပြဲဝင္ရမွာပါ။ ဒီအေျခအေနကို ေျပာင္းလဲဖို႔က ကြၽန္ေတာ္တို႔ တာဝန္ပါပဲ”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။