လီဗာပူးအသင်းဘက်က အယ်လီဆန်ရဲ့ ဖခင်ဖြစ်သူ ရုတ်တရတ် ကွယ်လွန်သွားတာကြောင့် ကစားသမားဘက်က တောင်းဆိုရင် သူ့နိုင်ငံ ပြန်ခွင့်ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

အယ်လီဆန်ရဲ့ ဖခင်ဖြစ်သူ အသက် ၅၇ နှစ်အရွယ်ဖြစ်တဲ့ ဂျိုစ့် ဘက်ကာဟာ ဘရာဇီးက သူ့ရဲ့ နေအိမ်မှာ ရေကူးနေရင်း ရေနစ် သေဆုံးခဲ့တာဖြစ်တယ်။ ဒီသတင်းကို မနေ့ကပဲ လီဗာပူးအသင်းက စာထုတ်ပြီး အတည်ပြုပေးထားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေတုန်းကပဲ ယာဂင်ကလော့ပ်ရဲ့ မိခင်ဟာ ရုတ်တရတ် ကွယ်လွန်ခဲ့ကာ ကလော့ပ်ကတော့ ဂျာမနီကိုပြန်ပြီး မိခင်ဖြစ်သူရဲ့ ဇာပနကို တက်ရောက်ခွင့် မရခဲ့ပါဘူး။ အယ်လီဆန်အတွက်ကတော့ သူ့ဘက်က တောင်းဆိုမယ်ဆိုရင် ဘရာဇီးကို ပြန်ခွင့်ပေးသွားဖွယ်ရှိတယ်။

အယ်လီဆန်ကိုယ်တိုင်ကတော့ ဘရာဇီးကို ပြန်ဖို့ကို နည်းလမ်းရှာနေဆဲလို့ သိရတယ်။ ဗြိတိန်ဟာ ပြင်ပထွက်ခွာမှုမှာ လေကြောင်းတွေကို ပိတ်ထားသလို၊ ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေလည်း များပြားနေတာဖြစ်တယ်။

အယ်လီဆန် ဘရာဇီးကို ပြန်ခဲ့မယ်ဆိုရင် သူဟာ ၃ ပတ်လောက်ထိ လီဗာပူးအတွက် ကိုယ်စားပြုနိုင်မှာ မဟုတ်ပါဘူး။ အဆိုပါထဲမှာတော့ ဗြိတိန်ကို ပြန်ဝင်လာရင် ကွာရန်တင်း ဝင်ရမယ့် ၁၀ ရက်လည်း အပါအဝင်ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်တဲ့ ကိစ္စကို အယ်လီဆန် အတော်လေး ခံစားနေရသလို တစ်ဘက်မှာလည်း ဇနီးဖြစ်သူက ကိုယ်ဝန် ၂၈ ပတ် ရှိနေတယ်လို့ သိရတယ်။ လီဗာပူးဘက်ကတော့ အသင်းရဲ့ပွဲတွေ အများအပြားကို လွဲချော်နိုင်ပေမယ့် အယ်လီဆန်ရဲ့ သဘောအတိုင်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဘက္က အယ္လီဆန္ရဲ႕ ဖခင္ျဖစ္သူ ရုတ္တရတ္ ကြယ္လြန္သြားတာေၾကာင့္ ကစားသမားဘက္က ေတာင္းဆိုရင္ သူ႔ႏုိင္ငံ ျပန္ခြင့္ေပးသြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။

အယ္လီဆန္ရဲ႕ ဖခင္ျဖစ္သူ အသက္ ၅၇ ႏွစ္အရြယ္ျဖစ္တဲ့ ဂ်ိဳစ့္ ဘက္ကာဟာ ဘရာဇီးက သူ႔ရဲ႕ ေနအိမ္မွာ ေရကူးေနရင္း ေရနစ္ ေသဆံုးခဲ့တာျဖစ္တယ္။ ဒီသတင္းကို မေန႔ကပဲ လီဗာပူးအသင္းက စာထုတ္ျပီး အတည္ျပဳေပးထားျပီျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အပတ္ေတြတုန္းကပဲ ယာဂင္ကေလာ့ပ္ရဲ႕ မိခင္ဟာ ရုတ္တရတ္ ကြယ္လြန္ခဲ့ကာ ကေလာ့ပ္ကေတာ့ ဂ်ာမနီကိုျပန္ျပီး မိခင္ျဖစ္သူရဲ႕ ဇာပနကို တက္ေရာက္ခြင့္ မရခဲ့ပါဘူး။ အယ္လီဆန္အတြက္ကေတာ့ သူ႔ဘက္က ေတာင္းဆိုမယ္ဆိုရင္ ဘရာဇီးကို ျပန္ခြင့္ေပးသြားဖြယ္ရွိတယ္။

အယ္လီဆန္ကိုယ္တိုင္ကေတာ့ ဘရာဇီးကို ျပန္ဖို႔ကို နည္းလမ္းရွာေနဆဲလို႔ သိရတယ္။ ျဗိတိန္ဟာ ျပင္ပထြက္ခြာမႈမွာ ေလေၾကာင္းေတြကို ပိတ္ထားသလို၊ ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြလည္း မ်ားျပားေနတာျဖစ္တယ္။

အယ္လီဆန္ ဘရာဇီးကို ျပန္ခဲ့မယ္ဆိုရင္ သူဟာ ၃ ပတ္ေလာက္ထိ လီဗာပူးအတြက္ ကိုယ္စားျပဳႏိုင္မွာ မဟုတ္ပါဘူး။ အဆိုပါထဲမွာေတာ့ ျဗိတိန္ကို ျပန္ဝင္လာရင္ ကြာရန္တင္း ဝင္ရမယ့္ ၁၀ ရက္လည္း အပါအဝင္ျဖစ္ပါတယ္။

ဖခင္ျဖစ္သူ ကြယ္လြန္တဲ့ ကိစၥကို အယ္လီဆန္ အေတာ္ေလး ခံစားေနရသလို တစ္ဘက္မွာလည္း ဇနီးျဖစ္သူက ကိုယ္ဝန္ ၂၈ ပတ္ ရွိေနတယ္လို႔ သိရတယ္။ လီဗာပူးဘက္ကေတာ့ အသင္းရဲ႕ပြဲေတြ အမ်ားအျပားကို လြဲေခ်ာ္ႏုိင္ေပမယ့္ အယ္လီဆန္ရဲ႕ သေဘာအတိုင္း ခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။