လီဗာပူးအသင်းနဲ့ ယခင် နည်းပြဟောင်း ရာဖေး ဘင်နီတက်ဇ် ကြားမှာ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်း ဆောင်တာတွေ ရှိနေတာကြောင့် စပိန်သားကတော့ ပြန်လာချင်ကြောင်းနဲ့ အခု မဟုတ်သေးတောင် နောင်တချိန်မှာ ဖြစ်နိုင်ကြောင်း စပိန် သတင်းထောက် ဂူလမ် ဘာလာဂဲက ဖော်ထုတ်လိုက်ပါတယ်။

ဘင်နီတက်ဇ်ဟာ ဒီရာသီ အစောပိုင်းက တရုတ်ကလပ် ဒါလီယန်း ပရိုကနေ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေဆဲပါ။ စပိန်သားဟာ လီနွန် ထွက်ခွာသွားပြီး နည်းပြသစ် ရှာဖွေနေတဲ့ ဆဲလ်တစ် အသင်းရဲ့ ချိတ်ဆက်မှုလည်း ခံနေရပါတယ်။

ဘင်နီတက်ဇ်ဟာ လီဗာပူးအသင်းကို ပြန်လည် ကိုင်တွယ်ချင်နေတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ရှိနေသေးပြီး လောလောဆယ်တော့ မာဆေးဆိုဒ်မှာ ယာဂင်ကလော့ပ် ရှိနေသေးတာကြောင့် သိပ်မြန်မြန်တော့ ဖြစ်လာဖို့ မရှိသေးကြောင်း ဘာလာဂဲက ဆိုပါတယ်။

” ရာဖာနဲ့ လီဗာပူး ကြားမှာ မပြီးသေးတဲ့ ကိစ္စတွေ ရှိတယ်လို့ အမြဲ ခံစားနေရတယ်။ ဒါကို ကျနော် အမြဲ ပြောပါတယ်။ ရာဖာကတော့ တချိန်မှာ လီဗာပူး အသင်း မန်နေဂျာ ပြန်ဖြစ်ချင်တယ်။ အသင်း အကြပ်အတည်း တွေ့ချိန်၊ အခက်တွေ့ချိန်မှ ဖြစ်ဖြစ် သူ အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ မဟုတ်နိုင်ဘူး။

သင်္ဘောတည်ငြိမ်ဖို့ ခပ်မာမာ ကိုင်တွယ်ဖို့ လူတစ်ယောက် လိုချိန်မျိုးမှာမှ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်က လီဗာပူးအသင်း ပိုင်ရှင်တွေဟာ ကလော့ပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပြီး စီမံနိုင်နေတာကြောင့် သူ အခွင့်အရေး ရဖို့ မဖြစ်နိုင်သေးဘူး။

ကျနော်တို့က ကလော့ပ် ခေတ် ဘယ်တော့ ကုန်မလဲ တွေးလို့ မရပါဘူး။ အဲဒါကတော့ ဟာသပါပဲ။ ကလော့ပ် မရှိတဲ့ အချိန် ဆိုတာ ထိ ခုနေ ဆွေးနွေးနေဖို့ ကတော့ ရူးမိုက်ရာ ကျပါတယ်။ ” လို့ ၎င်းက ဆိုပါတယ်။

Zawgyi – လီဗာပူးအသင္းနဲ႕ ယခင္ နည္းျပေဟာင္း ရာေဖး ဘင္နီတက္ဇ္ ၾကားမွာ မျပီးျပတ္ေသးတဲ့ ရည္မွန္းခ်က္နဲ႕ လုပ္ငန္း ေဆာင္တာေတြ ရွိေနတာေၾကာင့္ စပိန္သားကေတာ့ ျပန္လာခ်င္ေၾကာင္းနဲ႕ အခု မဟုတ္ေသးေတာင္ ေနာင္တခ်ိန္မွာ ျဖစ္နုိင္ေၾကာင္း စပိန္ သတင္းေထာက္ ဂူလမ္ ဘာလာဂဲက ေဖာ္ထုတ္လိုက္ပါတယ္။

ဘင္နီတက္ဇ္ဟာ ဒီရာသီ အေစာပိုင္းက တရုတ္ကလပ္ ဒါလီယန္း ပရိုကေန ထြက္ခြာလာျပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနဆဲပါ။ စပိန္သားဟာ လီႏြန္ ထြက္ခြာသြားျပီး နည္းျပသစ္ ရွာေဖြေနတဲ့ ဆဲလ္တစ္ အသင္းရဲ႕ ခ်ိတ္ဆက္မႈလည္း ခံေနရပါတယ္။

ဘင္နီတက္ဇ္ဟာ လီဗာပူးအသင္းကို ျပန္လည္ ကိုင္တြယ္ခ်င္ေနတဲ့ ဆႏၵ ျပင္းျပင္းျပျပ ရွိေနေသးျပီး ေလာေလာဆယ္ေတာ့ မာေဆးဆိုဒ္မွာ ယာဂင္ကေလာ့ပ္ ရွိေနေသးတာေၾကာင့္ သိပ္ျမန္ျမန္ေတာ့ ျဖစ္လာဖို႔ မရွိေသးေၾကာင္း ဘာလာဂဲက ဆိုပါတယ္။

” ရာဖာနဲ႕ လီဗာပူး ၾကားမွာ မျပီးေသးတဲ့ ကိစၥေတြ ရွိတယ္လို႔ အျမဲ ခံစားေနရတယ္။ ဒါကို က်ေနာ္ အျမဲ ေျပာပါတယ္။ ရာဖာကေတာ့ တခ်ိန္မွာ လီဗာပူး အသင္း မန္ေနဂ်ာ ျပန္ျဖစ္ခ်င္တယ္။ အသင္း အၾကပ္အတည္း ေတြ႔ခ်ိန္၊ အခက္ေတြ႔ခ်ိန္မွ ျဖစ္ျဖစ္ သူ အခြင့္အေရး ရနိုင္ပါတယ္။ ဒါေပမယ့္ အခုေတာ့ မဟုတ္နုိင္ဘူး။

သေဘၤာတည္ျငိမ္ဖို႔ ခပ္မာမာ ကိုင္တြယ္ဖို႔ လူတစ္ေယာက္ လိုခ်ိန္မ်ိဳးမွာမွ ျဖစ္လာနုိင္ပါတယ္။ ေလာေလာဆယ္က လီဗာပူးအသင္း ပိုင္ရွင္ေတြဟာ ကေလာ့ပ္နဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိျပီး စီမံနုိင္ေနတာေၾကာင့္ သူ အခြင့္အေရး ရဖို႔ မျဖစ္နုိင္ေသးဘူး။

က်ေနာ္တို႔က ကေလာ့ပ္ ေခတ္ ဘယ္ေတာ့ ကုန္မလဲ ေတြးလို႔ မရပါဘူး။ အဲဒါကေတာ့ ဟာသပါပဲ။ ကေလာ့ပ္ မရွိတဲ့ အခ်ိန္ ဆိုတာ ထိ ခုေန ေဆြးေႏြးေနဖို႔ ကေတာ့ ရူးမိုက္ရာ က်ပါတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။