၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အစ္စတန်ဘူလ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့ခြင်းဟာ အေစီမီလန် တိုက်စစ်မှူးဟောင်း ခရက်စပိုကို အခုချိန်ထိ နာကျင်နေဆဲဖြစ်ပါတယ်။

လီဗာပူးနဲ့ အေစီမီလန်တို့ဟာ ဥရောပပြိုင်ပွဲ သမိုင်းမှာ နှစ်ကြိမ်တွေ့ထားခဲ့ဖူးပြီး နှစ်ကြိမ်လုံး ဗိုလ်လုပွဲ ဖြစ်နေတာကတော့ ဒီနှစ်သင်းရဲ့ အဆင့်အတန်း မြင့်မားမှုပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၀၅ မှာ လီဗာပူးက အနိုင်ရခဲ့ပြီး ၂၀၀၇ မှာတော့ အေစီမီလန်က အနိုင်ရခဲ့တယ်။

ဒါပေမယ့်လို့ လီဗာပူးလို့ ဆိုလိုက်တာနဲ့ ၂၀၀၅ ညကို ပြန်အမှတ်ရနေမိတဲ့ ခရက်စပိုက လက်စားချေလိုစိတ်တွေ ပြင်းပြနေပါတယ်။ သူကတော့ လက်ရှိ အေစီမီလန်အသင်းကို သူတို့ ကိုယ်စား ယာဂင်ကလော့ပ်ရဲ့ အသင်းကို အနိုင်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ခရက်စပိုက “ကျနော်ရဲ့ ဒဏ်ရာတွေက အခုချိန်ထိ အနာမကျက်သေးပါဘူး။ ဒီရာသီ လီဗာပူး-မီလန် ပွဲက ကျနော် စိတ်ဝင်စားရတဲ့ ပထမဆုံးပွဲပါပဲ။ ဒီပွဲက ကျနော့် အတွက် ဘယ်လို အဓိပ္ပာယ်ရှိလဲဆိုတာ အားလုံးလည်း သိကြပါလိမ့်မယ်။

ပထမပိုင်းမှာ သိပ်ကောင်းတဲ့ သွင်းဂိုးကို သွင်းယူခဲ့ပြီး အဲ့ညကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ၂၀၀၇ ဗိုလ်လုပွဲမှာ မီလန်နဲ့အတူ လီဗာပူးကို ပြန်လည် အနိုင်ယူခဲ့ပြီးဖြစ်ပေမယ့် မန်နေဂျာ Pioli ကို အန်ဖီးမှာ လီဗာပူးကို အနိုင်ယူပေးဖို့ ကျနော်အတွက် လီဗာပူးကို လက်စားချေပေးပြီး မီလန်ဆိုတာ ဘာလဲပြသဖို့ တောင်းဆိုသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် လီဗာပူးရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ပွဲအဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့ အန်ဖီးကွင်းမှာ အေစီမီလန်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ZAWGYI

၂၀၀၅ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ အစၥတန္ဘူလ္မွာ လီဗာပူးကို အေရးနိမ့္ခဲ့ျခင္းဟာ ေအစီမီလန္ တိုက္စစ္မွဴးေဟာင္း ခရက္စပိုကို အခုခ်ိန္ထိ နာက်င္ေနဆဲျဖစ္ပါတယ္။

လီဗာပူးနဲ႔ ေအစီမီလန္တို႔ဟာ ဥေရာပျပိဳင္ပြဲ သမိုင္းမွာ ႏွစ္ၾကိမ္ေတြ႔ထားခဲ့ဖူးျပီး ႏွစ္ၾကိမ္လံုး ဗိုလ္လုပြဲ ျဖစ္ေနတာကေတာ့ ဒီႏွစ္သင္းရဲ႕ အဆင့္အတန္း ျမင့္မားမႈပဲ ျဖစ္ပါလိမ့္မယ္။ ၂၀၀၅ မွာ လီဗာပူးက အႏုိင္ရခဲ့ျပီး ၂၀၀၇ မွာေတာ့ ေအစီမီလန္က အႏုိင္ရခဲ့တယ္။

ဒါေပမယ့္လို႔ လီဗာပူးလို႔ ဆိုလိုက္တာနဲ႔ ၂၀၀၅ ညကို ျပန္အမွတ္ရေနမိတဲ့ ခရက္စပိုက လက္စားေခ်လိုစိတ္ေတြ ျပင္းျပေနပါတယ္။ သူကေတာ့ လက္ရွိ ေအစီမီလန္အသင္းကို သူတို႔ ကိုယ္စား ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကို အႏုိင္ယူေပးဖို႔ ေတာင္းဆိုလုိက္ပါတယ္။

ခရက္စပိုက “က်ေနာ္ရဲ႕ ဒဏ္ရာေတြက အခုခ်ိန္ထိ အနာမက်က္ေသးပါဘူး။ ဒီရာသီ လီဗာပူး-မီလန္ ပြဲက က်ေနာ္ စိတ္ဝင္စားရတဲ့ ပထမဆုံးပြဲပါပဲ။ ဒီပြဲက က်ေနာ့္ အတြက္ ဘယ္လို အဓိပၸာယ္ရွိလဲဆိုတာ အားလုံးလည္း သိၾကပါလိမ့္မယ္။

ပထမပိုင္းမွာ သိပ္ေကာင္းတဲ့ သြင္းဂိုးကို သြင္းယူခဲ့ျပီး အဲ့ညကို ဘယ္ေတာ့မွ မေမ့ႏုိင္ပါဘူး။ ၂၀၀၇ ဗိုလ္လုပြဲမွာ မီလန္နဲ႔အတူ လီဗာပူးကို ျပန္လည္ အႏုိင္ယူခဲ့ျပီးျဖစ္ေပမယ့္ မန္ေနဂ်ာ Pioli ကို အန္ဖီးမွာ လီဗာပူးကို အႏုိင္ယူေပးဖို႔ က်ေနာ္အတြက္ လီဗာပူးကို လက္စားေခ်ေပးျပီး မီလန္ဆိုတာ ဘာလဲျပသဖို႔ ေတာင္းဆိုသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ လီဗာပူးရဲ႕ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ စက္တင္ဘာလ ၁၅ ရက္ေန႔ အန္ဖီးကြင္းမွာ ေအစီမီလန္ကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။