ဒီရာသီ လီဗာပူးအတွက် ၁၀ ပွဲကစား ၁၀ ဂိုး သွင်းယူပေးထားနိုင်တဲ့နောက် ဆာလာကို ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် ယာဂင်ကလော့ပ်က ကင်ပွန်းတပ်ခဲ့ပါတယ်။

ဆာလာကို ‘အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား’ လို့ ကလော့ပ်ရဲ့ တင်စားမှုဟာ အင်္ဂလန်ရုပ်သံတွေမှာ ဘောလုံးကလောင်ရှင်တွေကြား ဆွေးနွေးစရာတွေ ဖြစ်လာခဲ့တယ်။ လီဗာပူးကစားသမားဟောင်း စတိဗ်မက်မန်နာမန်းက ဆာလာရဲ့ လက်ရှိခြေစွမ်းတွေအရ သူဟာ အမ်ဘာပေ၊ နေမာ၊ လီဝန်ဒေါစကီးနဲ့ တခြားသူတွေထက် ပိုမြင့်တဲ့အဆင့်မှာ ရှိနေတယ်လို့ ထောက်ခံခဲ့ပါတယ်။

“ အခု လက်ရှိ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့ကို ကျွန်တော် ကြည့်ခဲ့ပြီးပါပြီ။ မက်ဆီက လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ဘူး။ လီဝန်ဒေါစကီးက ဘိုင်ယန်ကို သွင်းဂိုးတွေနဲ့ ဆွဲတင်ပေးနေပေမယ့် ဆာလာလို ဂိုးမျိုးတွေ မဟုတ်နေဘူး။ အခုချိန်မှာ မိုဆာလာထက် ပိုကောင်းအောင် ကစားထားနိုင်တဲ့သူမျိုး ကျွန်တော် စဉ်းစားလို့ မရဘူး”လို့ မက်မန်နာမန်းက ဆိုပါတယ်။

BT Sport မှာ သုံးသပ်ပေးနေတဲ့ ချယ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်ကလည်း “ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ငြင်းခုံမှုတစ်ခု ရှိပါတယ်။ ဒီနိုင်ငံမှာ အကောင်းဆုံး ကစားသမားဆိုတာကတော့ သေချာတယ်။ သူက သူ့ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိနေတာပါ။ သူကစားတဲ့ပုံက ဆွဲဆောင်မှုရှိတယ်။ ပထမဂိုးအတွက် ပေးပို့ပုံက သိပ်ကို ထူးချွန်ခဲ့ပါတယ်။

သူက အဲ့လို ထိပ်တန်းကစားသမားပဲ။ သူ့ရဲ့ ဘောလုံးမပါပဲ လှုပ်ရှားမှုတွေကို မမြင်ခင်အထိ မင်း ဒါကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘောလုံးမပါပဲနဲ့လည်း သူက ကောင်းကောင်း ကစားနိုင်တယ်။ နည်းစနစ်ပိုင်းအရ မယုံနိုင်စရာကောင်းတဲ့သူပဲ။ သူ့ကိုမြင်ရင် ရော်နယ်ဒင်ညိုကို သတိရမိစေတယ်။ သူက ဘယ်သူနဲ့မှမတူတဲ့ အင်အားတောင့်တင်းမှု ရှိခဲ့တာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေမှာ ဆာလာဟာ လက်ရှိရဲ့ ကမ္ဘာအကောင်းဆုံးဆိုတဲ့ ချီးကျူးမှုတွေ ဆက်တိုက် ရနေတာပါ။ အထူးသဖြင့် ပရီးမီးယားလိဂ် ရပ်ဝန်းမှာတော့ သူ့ကို လိဂ်ရဲ့ ချွင်းချက်မရှိ အကောင်းဆုံး ကစားသမားအဖြစ် လက်ခံနေကြပြီဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ပရီးမီးယားလိဂ်မှာ ဒီလိုမျိုး လက်ခံမှုတွေ ရဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

ဒီရာသီ လီဗာပူးအတြက္ ၁၀ ပြဲကစား ၁၀ ဂိုး သြင္းယူေပးထားႏုိင္တဲ့ေနာက္ ဆာလာကို ကမၻာအေကာင္းဆံုး ကစားသမားအျဖစ္ ယာဂင္ကေလာ့ပ္က ကင္ပြန္းတပ္ခဲ့ပါတယ္။

ဆာလာကို ‘အခုလက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမား’ လို႔ ကေလာ့ပ္ရဲ႕ တင္စားမႈဟာ အဂၤလန္ရုပ္သံေတြမွာ ေဘာလံုးကေလာင္ရွင္ေတြၾကား ေဆြးေႏြးစရာေတြ ျဖစ္လာခဲ့တယ္။ လီဗာပူးကစားသမားေဟာင္း စတိဗ္မက္မန္နာမန္းက ဆာလာရဲ႕ လက္ရွိေျခစြမ္းေတြအရ သူဟာ အမ္ဘာေပ၊ ေနမာ၊ လီဝန္ေဒါစကီးနဲ႔ တျခားသူေတြထက္ ပိုျမင့္တဲ့အဆင့္မွာ ရွိေနတယ္လို႔ ေထာက္ခံခဲ့ပါတယ္။

“ အခု လက္ရွိ ဆာလာက ကမာၻ႔အေကာင္းဆုံး ကစားသမားပဲ။ အမ္ဘာေပ၊ ေနမာ၊ မက္ဆီတို႔ကို ကြၽန္ေတာ္ ၾကည့္ခဲ့ၿပီးပါၿပီ။ မက္ဆီက လုံေလာက္တဲ့ ေကာင္းမြန္မႈ မရွိခဲ့ဘူး။ လီဝန္ေဒါစကီးက ဘိုင္ယန္ကို သြင္းဂိုးေတြနဲ႔ ဆြဲတင္ေပးေနေပမယ့္ ဆာလာလို ဂိုးမ်ိဳးေတြ မဟုတ္ေနဘူး။ အခုခ်ိန္မွာ မိုဆာလာထက္ ပိုေကာင္းေအာင္ ကစားထားႏိုင္တဲ့သူမ်ိဳး ကြၽန္ေတာ္ စဥ္းစားလို႔ မရဘူး”လို႔ မက္မန္နာမန္းက ဆိုပါတယ္။

BT Sport မွာ သံုးသပ္ေပးေနတဲ့ ခ်ယ္ဆီးကစားသမားေဟာင္း ဂ်ိဳကိုးလ္ကလည္း “ကမာၻ႔အေကာင္းဆုံး ကစားသမားနဲ႔ ပတ္သက္ၿပီး ႀကီးမားတဲ့ ျငင္းခုံမႈတစ္ခု ရွိပါတယ္။ ဒီႏိုင္ငံမွာ အေကာင္းဆုံး ကစားသမားဆိုတာကေတာ့ ေသခ်ာတယ္။ သူက သူ႔ကစားသမားဘဝ အေကာင္းဆုံးပုံစံကို ရရွိေနတာပါ။ သူကစားတဲ့ပုံက ဆြဲေဆာင္မႈရွိတယ္။ ပထမဂိုးအတြက္ ေပးပို႔ပုံက သိပ္ကို ထူးခြၽန္ခဲ့ပါတယ္။

သူက အဲ့လို ထိပ္တန္းကစားသမားပဲ။ သူ႔ရဲ႕ ေဘာလုံးမပါပဲ လႈပ္ရွားမႈေတြကို မျမင္ခင္အထိ မင္း ဒါကို အသိအမွတ္ျပဳမွာ မဟုတ္ဘူး။ ေဘာလုံးမပါပဲနဲ႔လည္း သူက ေကာင္းေကာင္း ကစားႏိုင္တယ္။ နည္းစနစ္ပိုင္းအရ မယုံႏိုင္စရာေကာင္းတဲ့သူပဲ။ သူ႔ကိုျမင္ရင္ ေရာ္နယ္ဒင္ညိဳကို သတိရမိေစတယ္။ သူက ဘယ္သူနဲ႔မွမတူတဲ့ အင္အားေတာင့္တင္းမႈ ရွိခဲ့တာပါ”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီရက္ပိုင္းေတြမွာ ဆာလာဟာ လက္ရွိရဲ႕ ကမၻာအေကာင္းဆံုးဆိုတဲ့ ခ်ီးက်ဴးမႈေတြ ဆက္တုိက္ ရေနတာပါ။ အထူးသျဖင့္ ပရီးမီးယားလိဂ္ ရပ္ဝန္းမွာေတာ့ သူ႔ကို လိဂ္ရဲ႕ ခၽြင္းခ်က္မရွိ အေကာင္းဆံုး ကစားသမားအျဖစ္ လက္ခံေနၾကျပီျဖစ္ပါတယ္။ ျပိဳင္ဆိုင္မႈ ျပင္းထန္လွတဲ့ ပရီးမီးယားလိဂ္မွာ ဒီလိုမ်ိဳး လက္ခံမႈေတြ ရဖို႔ဆိုတာ ခက္ခဲတဲ့ ကိစၥပဲ ျဖစ္ပါလိမ့္မယ္။