အိမ်ကွင်းမှာ အာဆင်နယ်ကို ၄-၀ ဖြင့် အနိုင်ရမှုအတွင်း အသင်းအတွက် သက်ရောက်မှုကြီးမားခဲ့တဲ့ သီယာဂို၊ ဖာဘင်ညို ကွင်းလယ် တွဲဘက်မှုဟာ သတိပြုခံရခြင်း တိုးပွားလာနေခဲ့ပါတယ်။

သီယာဂိုဟာ အာဆင်နယ်ပွဲမှာ ဘောလုံးပေးမှု ၉၀% တိကျခဲ့သလို ထိချက် ၉၃ ကြိမ်ရှိခဲ့ပြီး အရေးပါတဲ့ ပေးမှု ၂ ကြိမ် လုပ်ခဲ့တာဖြစ်တယ်။ ဖာဘင်ညိုကလည်း ပထမပိုင်းအတွက် လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ အဓိကအားဖြင့် သူတို့ နှစ်ဦး တွဲဘက်ရင် လီဗာပူးကွင်းလယ်ရဲ့ တောင့်တင်းမှုက သတိထားစရာ ဖြစ်လာခဲ့တယ်။

တွစ်တာရဲ့ နာမည်ကြီး ဘောလုံးအားကစားစာမျက်နှာ တစ်ခုကဆိုရင် ” သီယာဂိုနဲ့ ဖာဘင်ညိုတို့ ကွင်းလယ်မှာ ပွဲထွက်စာရင်းက တွဲထွက်ခဲ့တဲ့ ၁၁ ပွဲအတွင်း လီဗာပူးက ၁၀ ပွဲနိုင် ၁ ပွဲ သရေကျခဲ့တယ်။ သူတို့အတွဲက ဘောလုံးပြန်လည် အောင်မြင်ဖို့ရော နည်းစနစ်ပိုင်းမှာပါ ပြည့်စုံတဲ့ ပေါင်းဘက်မှုပဲ ဖြစ်ပါတယ်။ သူတို့အတွဲကပဲ အာဆင်နယ်ပွဲမှာ ဖိအားတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ” လို့ ဖော်ပြခဲ့တယ်။

သူတို့ကွင်းလယ်အတွဲကြောင့်ပဲ လီဗာပူးဟာ ပုံမှန်တိုက်စစ်ဆင်နေတဲ့ ညာတောင်ပံ လမ်းကြောင်းအပြင်ကို ကွင်းလယ်ကနေ ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့တယ်။ သီယာဂိုတို့ရဲ့ ကွင်းလယ်အတွဲကို အာဆင်နယ်ကွင်းလယ်က ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ စီးချင်းထိုးမှုတွေမှာလည်း ပါတေး ဦးဆောင်တဲ့ ကွင်းလယ်က ကျရှုံးခဲ့တာဖြစ်ပါတယ်။

ဖာဘင်ညိုနဲ့ သီယာဂိုတို့က ခံစစ်ကြောင်း ကာကွယ်ရေးနဲ့ ဖန်တီးမှုတွေ လုပ်ရေးတွေကို ဦးဆောင်ပေးခဲ့တာကြောင့် တွဲဘက် ကွင်းလယ်လူ ချိန်ဘာလိန်ဟာ ခံစစ်ကို အာရုံစိုက်စရာ မလိုဘဲ အဆုံးသတ် ဧရိယာတွေမှာ လွတ်လပ်စွာ ကစားခွင့်ရခဲ့တယ်။

လီဗာပူးသတင်းထောက် အတော်များများကလည်း သီယာဂို၊ ဖာဘင်ညို၊ ချိန်ဘာလိန် ကွင်းလယ်အတွဲရဲ့ လုပ်နိုင်စွမ်းတွေအပေါ် ချီးကျူးခဲ့ကြပြီး သူတို့ သုံးဦး ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်မယ်ဆိုရင် ဟန်ဒါဆန်၊ ကိတ်တာတို့တောင် နေရာပြန်ရဖို့ ခက်ခဲမယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ZAWGYI

အိမ္ကြင္းမွာ အာဆင္နယ္ကို ၄-၀ ျဖင့္ အႏုိင္ရမႈအတြင္း အသင္းအတြက္ သက္ေရာက္မႈၾကီးမားခဲ့တဲ့ သီယာဂို၊ ဖာဘင္ညိဳ ကြင္းလယ္ တြဲဘက္မႈဟာ သတိျပဳခံရျခင္း တိုးပြားလာေနခဲ့ပါတယ္။

သီယာဂိုဟာ အာဆင္နယ္ပြဲမွာ ေဘာလံုးေပးမႈ ၉၀% တိက်ခဲ့သလို ထိခ်က္ ၉၃ ၾကိမ္ရွိခဲ့ျပီး အေရးပါတဲ့ ေပးမႈ ၂ ၾကိမ္ လုပ္ခဲ့တာျဖစ္တယ္။ ဖာဘင္ညိဳကလည္း ပထမပိုင္းအတြက္ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့ပါတယ္။ အဓိကအားျဖင့္ သူတို႔ ႏွစ္ဦး တြဲဘက္ရင္ လီဗာပူးကြင္းလယ္ရဲ႕ ေတာင့္တင္းမႈက သတိထားစရာ ျဖစ္လာခဲ့တယ္။

တြစ္တာရဲ႕ နာမည္ၾကီး ေဘာလံုးအားကစားစာမ်က္ႏွာ တစ္ခုကဆိုရင္ ” သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ ကြင္းလယ္မွာ ပြဲထြက္စာရင္းက တြဲထြက္ခဲ့တဲ့ ၁၁ ပြဲအတြင္း လီဗာပူးက ၁၀ ပြဲႏုိင္ ၁ ပြဲ သေရက်ခဲ့တယ္။ သူတို႔အတြဲက ေဘာလံုးျပန္လည္ ေအာင္ျမင္ဖို႔ေရာ နည္းစနစ္ပိုင္းမွာပါ ျပည့္စံုတဲ့ ေပါင္းဘက္မႈပဲ ျဖစ္ပါတယ္။ သူတို႔အတြဲကပဲ အာဆင္နယ္ပြဲမွာ ဖိအားေတြကို ဖန္တီးေပးႏုိင္ခဲ့ပါတယ္ ” လို႔ ေဖာ္ျပခဲ့တယ္။

သူတို႔ကြင္းလယ္အတြဲေၾကာင့္ပဲ လီဗာပူးဟာ ပံုမွန္တိုက္စစ္ဆင္ေနတဲ့ ညာေတာင္ပံ လမ္းေၾကာင္းအျပင္ကို ကြင္းလယ္ကေန ထိုးေဖာက္မႈေတြ လုပ္ႏုိင္ခဲ့တယ္။ သီယာဂိုတို႔ရဲ႕ ကြင္းလယ္အတြဲကို အာဆင္နယ္ကြင္းလယ္က ယွဥ္ျပိဳင္ႏုိင္ျခင္း မရွိဘဲ စီးခ်င္းထိုးမႈေတြမွာလည္း ပါေတး ဦးေဆာင္တဲ့ ကြင္းလယ္က က်ရွံဳးခဲ့တာျဖစ္ပါတယ္။

ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔က ခံစစ္ေၾကာင္း ကာကြယ္ေရးနဲ႔ ဖန္တီးမႈေတြ လုပ္ေရးေတြကို ဦးေဆာင္ေပးခဲ့တာေၾကာင့္ တြဲဘက္ ကြင္းလယ္လူ ခ်ိန္ဘာလိန္ဟာ ခံစစ္ကို အာရံုစိုက္စရာ မလိုဘဲ အဆံုးသတ္ ဧရိယာေတြမွာ လြတ္လပ္စြာ ကစားခြင့္ရခဲ့တယ္။

လီဗာပူးသတင္းေထာက္ အေတာ္မ်ားမ်ားကလည္း သီယာဂို၊ ဖာဘင္ညိဳ၊ ခ်ိန္ဘာလိန္ ကြင္းလယ္အတြဲရဲ႕ လုပ္ႏုိင္စြမ္းေတြအေပၚ ခ်ီးက်ဴးခဲ့ၾကျပီး သူတို႔ သံုးဦး ၾကံ႕ခိုင္မႈ ထိန္းသိမ္းႏုိင္မယ္ဆိုရင္ ဟန္ဒါဆန္၊ ကိတ္တာတို႔ေတာင္ ေနရာျပန္ရဖို႔ ခက္ခဲမယ္လို႔ မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။