မန်စီးတီးနဲ့ ဆာနေးရဲ့ သက်တမ်းတိုး စာချုပ်ဆွေးနွေးမှု နောက်ဆုံးအကြိမ်ကလည်း အဆင် မပြေ ဖြစ်နေတာကြောင့် စီးတီး အနေနဲ့ ဒီနွေမှာ ဆာနေးကို ရောင်းချရန် စဉ်းစားလာရပြီ ဖြစ်ပါတယ်။

အီတလီသတင်းစာ အချို့ အဆိုအရ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ် မကစားရရင် အသင်းကနေ ထွက်ခွာခွင့် ရှိတယ်လို့ ၄င်းရဲ့ စာချုပ်မှာ ပါရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ ဥရောပ ပွဲပယ် ၂ နှစ်ထိ ခံရဖွယ် ရှိနေပါတယ်။

မန်စီးတီးနဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားတဲ့ စပို့တင်းရဲ့ ကြယ်ပွင့်ကစားသမား ဖာနန်ဒက်စ်က အင်္ဂလန်လိဂ်မှာ သူ့ရဲ့စိတ်ကြိုက်အသင်းက လီဗာပူးပါလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ လိုင်ယွန် ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး ဂျူဗင်တပ်ကတော့ ကမ်းလှမ်းမှုပါ ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အမ် ဒွမ်ဘီလီကို မန်ချက်စတာ နှစ်သင်းနဲ့ ရီးရဲလ်တို့ကလည်း စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

မန်စီးတီးအသင်းဟာ ဂျူဗင်တပ်ကစားသမား ကန်ဆယ်လိုအတွက် ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု တစ်ရပ်ပြုလုပ်ထားတယ်လို့ သိရပြီး အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးဟာ အသင်းကို အားဖြည့်နိုင်မယ်လို့ စီးတီးဘက်က ယုံကြည်နေပါတယ်။

လီဗာပူးအသင်းက ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဖက်ကီရာကို ခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်းနဲ့ အပြိုင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗင်းဆင့်ကွန်ပနီဟာ မန်ချက်စတာစီးတီးကနေ စွန့်ခွာသွားခဲ့ရင် သူနေရာမှာ အစားဝင်ပြီး အသင်းခေါင်းဆောင် ဖြစ်လာမယ့် ကစားသမားစာရင်းမှာ ဘာနာတို့ကို လူကြိုက်များနေပါတယ်။ ဝါရင့်တွေ ကျန်နေသေးပေမယ့် အသက်အရွယ်အရ ရေရှည် လုပ်နိုင်စွမ်းရှိခြင်းကြောင့်ဖြစ်တယ်လို့ သိရတယ်။