လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဖီဖာရဲ့ Semi-Automated Offside Technology (SAOT) နည်းပညာကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဒီနည်းပညာအကြောင်းက ပြီးခဲ့တဲ့လတည်းက စတင်မိတ်ဆက်ပေးခဲ့လို့ သိတဲ့သူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ လူကျွံဘောတွေကို နည်းပညာ အကူအညီနဲ့ ဖမ်းသွားမှာဖြစ်ပြီး ဒီအပိုင်းမှာ ဒိုင်လူကြီးတွေရဲ့ ပါဝင်မှုကို လျော့ချသွားမှာဖြစ်ပါတယ်။

မျှော်လင့်ထားတာထက် ခပ်မြန်မြန် ရောက်ရှိလာတဲ့ ဒီစည်းမျဉ်းအရ ဗီဒီယိုဒိုင်တွေဟာ ဘယ်ဘောလုံးကို ကန်ရမယ်ဆိုတာနဲ့ ကွင်းတွင်းက လိုင်းတွေကို ချိတ်ဆက်ထားဖို့ရာ လိုအပ်မှာ မဟုတ်ဘူးလို့လည်း သိရတယ်။

ပွဲနေ့ဘောလုံးရဲ့ အတွင်းမှာ အာရုံခံစက်တစ်ခု တပ်ဆင်ထားမှာဖြစ်ပြီး သက်ရောက်မှု ရှိတိုင်းမှာ အလိုလို ထောက်လှမ်းပေးနိုင်မှာဖြစ်ပါတယ်။ ကွင်းထဲက ကစားသမား အားလုံးရဲ့ နေရာတွေကိုတော့ AI model ပုံစံ ပုံကြမ်းတွေ ဖန်တီးပြီး ထောက်လှမ်းမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ လူကျွံဘော အနေအထားအတွက် VAR ဒိုင်လူကြီးတွေဟာ စက္ကန့် ၇၀ ကြာ အချိန်ယူ ဆုံးဖြတ်ရပါတယ်။ ဒါပေမယ့်လို့ ဒီ ဆီမီး-အော်တို စနစ်မှာတော့ လူကျွံဖြစ်ရပ်တွေကို ၂၅ စက္ကန့်နဲ့တင် ဆုံးဖြတ်ပေးနိုင်မှာဖြစ်လို့ ကြာချိန်ကို လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ကို ပထမဆုံး ကျင်းသုံးမယ့် ပွဲစဉ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ယူအီးအက်ဖ်အေ စူပါလိဂ်ပွဲစဉ်ဖြစ်တယ်လို့ သိရတယ်။ ပြီးရင်တော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကျင့်သုံးပါမယ်။

ဒီလို အော်တို လူကျွံဘောဖမ်းတဲ့ စနစ်ကို အသုံးပြုမယ့် အကြီးမားဆုံး ပြိုင်ပွဲကတော့ ၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။