မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပွဲ အန်ဖီးကွင်းမှာ ဂိုးမရှိ သရေ ရလဒ်ထွက်အောက် အားထုတ်နိုင် ခဲ့ပြီး လီဗာပူးထံက ရမှတ် တစ်မှတ် ခွဲယူနိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာသလို ဂိုးမပေးရတဲ့ ပထမဆုံး အသင်းလည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် နည်းပြတန်ဟက် ရင်ဆိုင်နေရတဲ့ ဖိအားတွေကလည်း လျော့ပါးခဲ့ခြင်းနဲ့အတူ ဇန်နဝါရီ မှာတော့ ယူနိုက်တက်ဟာ နည်းပြအတွက် ကစားသမား ခေါ်ယူမှု အနည်းငယ် ပြုလုပ် ပေးတော့မယ်လို့ နာမည်ကြီး သတင်းထောက် ရိုမန်နို က ဖော်ထုတ်လာပါတယ်။

လက်ရှိ လူစာရင်းကို ပို အင်အားတောင့်တင်း စေဖို့ လာမယ့် ဆောင်းရာသီ ဈေးကွက်အတွင်း ယူနိုက်တက်ဟာ ခံစစ်မှူး တစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦးတို့ကို ခေါ်ယူသွားမှာပါ။

ဒါ့အပြင် ယူနိုက်တက်ဟာ အငှား ခေါ်ယူမှု တစ်ခုကိုလည်း ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။

၂၀၂၄ မှာ ထိပ်တန်းအဆင့် ခံစစ်မှူး တစ်ဦးကို ခေါ်ယူဖို့ သေချာပေါက် ကြိုးစားမယ့် ယူနိုက်တက်ဟာ ကစားသမား အချို့ကို ရောင်းချတာတွေ ပြုလုပ်နိုင်ပြီး နွေကျရင်တော့ အချို့ အသင်းသားတွေကို လက်လွှတ်သွားဦးမှာပါ။

ဥရောပပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် နည်းပြတန်ဟက်ရဲ့ ဦးစားပေးဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ဖြစ်ကာ ဒုတိယရာသီဝက်မှာ အက်ဖ်အေဖလားကို ရယူနိုင်အောင်လည်း ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။