ယူအီးအက်ဖ်အေက လာမယ့်ရာသီမှာ multiple အသင်းတွေအတွက် စည်းမျဉ်း ထုတ်ပြန်ခဲ့ကာ ဆာဂျက်ရက်ကလစ် ပိုင်ဆိုင်ထားတဲ့ ကလပ်နှစ်သင်းလုံး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ပိုင်ရှင် တစ်ဦးတည်းအောက်က ကလပ် ၂ သင်းဟာ မတူညီတဲ့ ဥရောပပြိုင်ပွဲတွေမှာပဲ ကစားခွင့်ရမှာပါ။ လိဂ်အဆင့် ရပ်တည်မှု ပိုမြင့်တဲ့ ကလပ်ကပဲ ပိုပြီး ဦးစားပေးခံရမှာ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ် ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် အဆင့် ၆ မှာ ရှိနေပြီး နဲ့ Nice အသင်းကတော့ လီဂူးဝမ်း အဆင့် ၅ မှာ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ အဆင့်တွေဖြင့် ရာသီသိမ်းခဲ့ရင် လာမယ့်ရာသီ Nice က ယူရိုပါလိဂ်မှာ ပါဝင်ရမှာဖြစ်ကာ ယူနိုက်တက်ကတော့ ယူရိုပါကွန်းဖရန့်လိဂ်ကို ဆင်းရပါလိမ့်မယ်။

ဒါပေမယ့် ယူနိုက်တက်က အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင်တော့ ယူရိုပါလိဂ် ဝင်ခွင့်ရတာခြင်း တူညီရင်တောင် Nice အသင်းက ကွန်းဖရန့်လိဂ်ထံ ဆင်းကစားရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ကလပ်နှစ်သင်း အဆင့် ၅ နေရာက တူညီစွာ ရာသီသိမ်းလို့ အင်္ဂလန်လိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် ၅ သင်း ရမယ်ဆိုရင်တော့ ယူနိုက်တက်ဟာ ပိုမြင့်တဲ့ ဥရောပပြိုင်ပွဲထံ ပါဝင်ခွင့်ရမှာဖြစ်ကာ Nice ကတော့ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။