အာဆင်နယ်အသင်းဟာ လာလီဂါကလပ် ဂျီရိုနာအသင်း ဘယ်အစွန်လူ Miguel Gutierrez ကို ခေါ်ယူဖို့ ပြင်းထန်စွာ အားထုတ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားက ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့ ဦးစားပေးလိုနေတာပါ။

လီဗာပူးအသင်းက အတ္တလန်တာ ကွင်းလယ်လူ Teun Koopmeiners ကို ကင်းထောက်လွှတ် စောင့်ကြည့်နေတယ်လို့ ရိုမန်နိုက ပြောလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်နဲ့ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးတို့ကို နွေရာသီ ပစ်မှတ်တွေအဖြစ် ချိန်ရွယ်လာပါတယ်။

စပို့တင်းကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ Ousmane Diomande ကို ဒီနွေအပြောင်းအရွှေ့မှာ ဝင်ရောက် ချိတ်ဆက်ဖို့ အာဆင်နယ်ဘက်က မျှော်မှန်းထားပါတယ်။

ဝေါ်ကာကတော့ ထရန့်ရဲ့ ဘောလုံးပေးနိုင်စွမ်းဟာ ဒီဘရိုင်းထက်တောင် ပိုကောင်းပါတယ်လို့ FIVE Podcast အစီအစဉ်ကနေ ဖာဒီနန်တို့ကို ရှင်းပြသွားပါတယ်။

ချယ်ဆီးအသင်းဟာ ပြင်သစ် လူငယ်ကြယ်ပွင့် Leny Yoro ကို ခေါ်ယူနိုင်ရေး ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ပြိုင်ဆိုင်မှာပါ။

အာဆင်နယ်ဟာ နော်တင်ဟမ် ဖောရက်စ်မှ ခံစစ်မှူး Murillo အပြင် ဖရန့်ဖတ်မှ ခံစစ်မှူး Willian Pacho ကိုလည်း ချိန်ရွယ်နေပါတယ်။

အင်္ဂလန်နဲ့ ဘယ်ဂျီယံပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ဒီကလန်ရိုက်စ် ပွဲထွက်ကစားခွင့်ရမှာဖြစ်ပါတယ်။

ယူနိုက်တက် ပိုင်ရှင် ဆာဂျင်ရက်ကလစ်ကတော့ အိုးထရတ်ဖိုဒ့် ကွင်းသစ်ကို ပရိသတ် သိန်းကျော် ဝင်ဆံ့မယ့် ကွင်းအဖြစ် တည်ဆောက်လိုနေပါတယ်။

လီဗာပူးအသင်းရဲ့ မန်နေဂျာ ရွေးချယ်မှုမှာ ငယ်ရွယ်ပြီး အသင်းနဲ့အတူ အရွယ်ရောက်လာမယ့်သူ ဖြစ်ရမယ်၊ တိုက်စစ်အားသန် ကစားကွက်ကို ဖော်ဆောင်ပေးနိုင်ရမယ်၊ ပုဂ္ဂိုလ်ရေးပိုင်း သန်မာကောင်းမွန်ရမယ် စတဲ့ အချက်တွေ ပါဝင်ထားပါတယ်။