ဘာစီလိုနာအသင်းမှာ အနာဂတ် သေချာမှုမရှိဖြစ်နေတဲ့ ကော်တင်ညိုဟာ အသင်းပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အာဆင်နယ်ကလည်း အငှားခေါ်ယူလိုနေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ခြေစွမ်းကောင်း ပိုင်ဆိုင်ထားပေမယ့်လည်း ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းနည်းပြ အမ်မရီက သူဟာ ဘရာဇီးလက်ရွေးစင် ကစားသမား ကော်တင်ညိုကို နှစ်သက်သူဖြစ်ပေမယ့်း အငှားခေါ်ယူဖို့အတွက် ဘယ်တော့မှ မဆွေးနွေးဘူးလို့ ပြောကြားလိုက်ပါတယ်။

အမ်မရီက ” ကစားသမားတွေထဲမှာတော့ တစ်ယောက်အနေနဲ့ ကော်တင်ညိုဟာ ကျနော်ကြိုက်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့မှာ ကျနော်တို့က ကော်တင်ညိုကိုခေါ်ဖို့ စိတ်ဝင်စားတယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ ဒါပေမဲ့ အသင်းက ကော်တင်ညိုကို ခေါ်ယူနိုင်ဖို့အတွက် ဘယ်တော့မှ မဆွေးနွေးခဲ့ပါဘူး။ ဒါက သေချာပါတယ် ” လို့ အသိပေး ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာ ကော်တင်ညိုအတွက် အမည်မသိရသေးတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဆီက ကမ်းလှမ်းမှုရထားတယ်လို့ သတင်းထွက်နေပေမယ့် အာဆင်နယ်း မဟုတ်တော့တဲ့ သဘောဖြစ်တယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့က ကော်တင်ညိုကို ပြန်ခေါ်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။