Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ လက်ရှိချိန်မှာ သူ့ခေတ်ဖြစ်နေတာကြောင့် ပွဲတက်တွေ ကားရိုက်တွေ ကြော်ငြာတွေ များပြီး တဖက်မှာလည်း အလုပ်တွေ များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် နေခြည်ဦးကတော့ သူ့အနေနဲ့ အလုပ်တွေများပြီး အားပေးမှု များလာတာ မှန်ပေမယ့်လည်း ကျန်းမာရေးဖက်ကို အာရုံမစိုက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ကျန်းမာရေးဖက်ကို ပြန်ပြီးတော့ လိုက်စားဖို့ လိုနေပြီး တနေ့မှာ အိပ်ချိန် ၄ နာရီလောက်ပဲ ရှိတယ်လို့လည်း ပြောကြားသွား ခဲ့ပါတယ်။

“နေခြည်တော်တော် အလုပ်များပါတယ်။ ရှုတင်တွေရော ၊ မိတ်ကပ် Tutorical တွေရော၊ ကြော်ငြာတွေရော၊ ဗီဒီယိုတွေရော များတယ်။ နေခြည်က ပိုက်ဆံရတာထက် အလုပ်တွေ အများကြီးလုပ်ရတာကို ပိုပျော်တယ်။ တခါမှ ကိုယ့်ဘဝမှာလေ ဒီလောက် အလုပ်တွေ အများကြီး မလုပ်ဖူးပါဘူး။ ငယ်ငယ်လေးကတည်းက မိဘဆီမှာ ဘော်ကြော့နေရတဲ့ မိန်းကလေးတယောက်လေ။ ဒီနှစ်မှ နေခြည်အလုပ်တွေ အရမ်းများပြီး အလုပ်အပ်တဲ့သူတွေကလည်း များတယ်။ ပရိသတ်တွေကလည်းများလာတယ်။ ဒါကြောင့် နေခြည် ကျန်းမာရေးဖက်မှာ အားနည်းလာတယ်။

နေခြည်တနေ့မှာ အိပ်ချိန် ၄ နာရီလောက်ပဲ ရှိတယ်။ မနေ့ကဆိုလည်း ရှုတင်အကြီးကြီးတခု ပျက်သွားတယ်။ နေခြည်မနေ့က ဘယ်လိုမှ မထနိုင်တော့လို့။ နေခြည်အိမ်ဆရာဝန်နဲ့ပြတယ်။ အကြောဆေးတွေထိုးရတယ်။ စောစောအိပ်လိုက်တယ်။ ဒါကြောင့် ဒီနေ့နည်းနည်းလန်းနေတာ။ မနေ့ဆို စုတ်ပြတ်နေတာ။ နောက်ပိုင်းဆိုရင်တော့ ကျန်းမာရေးအတွက် ပိုပြီးတော့ လုပ်မှရပါမယ်။ နောက်ပိုင်းဆိုရင်တော့ အလုပ်တွေလည်း လောဘမကြီးတော့ဘူး။ ကျန်းမာရေးအတွက် ပိုလုပ်မယ်လို့ နေခြည်ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

နေခြည်ဦးကတော့ Cele YatKwat နဲ့ အင်တာဗျူးမှာတော့ ငွေကြေးပြည့်စုံပြီး နိုင်ငံခြားမှာ ပညာသင်နိုင်လို့ နေခြည်ဦးဆိုတာ ဖြစ်လာတယ်လို့ ပြောကြာတဲ့အပေါ်မှာ “မေးတဲ့မေးခွန်းနှစ်ခုလုံးမှာတော့ဒီနေရာဒီအခြေနေကို ရောက်ဖို့ အထောက်အကူအများကြီးပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်လေ့လာခဲ့ရတဲ့ လေ့လာမှု ကိုယ်ပေးဆပ်ခဲ့ရတဲ့ အချိန်တွေလည်း အများကြီး ရှိပါတယ်။ နေခြည် ငယ်ငယ်တုန်းကလည်း ဒီလိုမျိုး Beauty Blogger မဖြစ်ချင်ခဲ့ဘူး။ ဖြစ်လာမယ်လို့လည်း မစဉ်းစားဖူးဘူး။ ဒါပေမယ့် နေခြည်က ၈ တန်းလောက်ကတည်းက Youtube တွေအရမ်းကြည့်တာ။

ရှိသမျှ Blogger တွေအကုန်လုံးကို ကြည့် သူတို့ရဲ့ Life Style ချပြတာတွေကို အရမ်းဝါသနာပါတာ။ ကိုယ့်မှာ အဲ့လိုအခြေခံ အတွေ့အကြုံရှိလာတော့ Blogger ဖြစ်လာတဲ့အချိန်မှာ အဲ့ဒါတွေအကုန်လုံးကို ချပြမယ်ဆိုတာပဲ။ မြန်မာနိုင်ငံအနေနဲ့ ဆိုရင်တော့ အရမ်းပွင့်လင်းတဲ့ကောင်မလေး တယောက် အရမ်းချပြတဲ့ကောင်မလေးတယောက်အနေနဲ့ အစမှာတော့ Attention အရမ်းရတယ်ကွာ။ နေခြည်လည်း အဲ့လိုမျိုး လူတွေရဲ့ Attention ရအောင် တခုပြီးတခု ဆွဲဆောင်နိုင်လို့သာ ဒီလိုမျိုးအဆင့်ကိုလည်း ရောက်လာတာလို့ နေခြည်ထင်ပါတယ်”