ချယ်ဆီးတောင်ပံသမား အိုဒွိုင်းဟာ လေ့ကျင့်ရေးကွင်းထဲ ပြန်လည်ခြေချလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် ကြံ့ခိုင်မှု တိုးတက်လာမှုအရ နောက်အပတ် သီတင်းပတ်ပွဲတွေမှာ ပြန်ပါလာနိုင်ဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က အသင်းကနေ ထွက်ခွာသွားတဲ့ လူးဝစ်ကို လေ့ကျင့်ရေး မဆင်းစေဖို့ကိစ္စက သူကိုယ်တိုင် ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး ထိပ်တိုက်တွေ့မှုတွေ မရှိခဲ့ပါပဲ ဆေးနွေးမှုတွေပဲ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ခံရတဲ့ချယ်ဆီး အသင်းက ကစားသမား ၀ယ်ယူခွင့် မရသော်လည်း ရောင်းချခြင်းကနေ စုစုပေါင်း ပေါင် သန်း ၂၀၀ နီးပါး အမြတ်ထွက်ခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာ လမ်းပတ်က သူဟာ ကလပ်အသင်းနဲ့ အဆင့်ခြောက်နေရာ၊ လေးနေရာနဲ့ ဒုတိယနေရာတွေမှာ ရပ်တည်ဖို့ ကိုင်တွယ်နေတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လမ်းပတ်ကတော့ အမှတ်ပေးဖလားကို ရည်ရွယ်ကြောင်း တိုက်ရိုက် အကြောင်းကြားလိုက်တာပါ။

မန်နေဂျာလမ်းပတ်က ကွင်းလယ်လူ ကန်တေက ကြံ့ခိုင်မှုကောင်းနေတယ်လို့ သတင်းပေးပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကြံ့ခိုင်နေလဲဆိုတာကို စစ်ဆေးရဦးမှာဖြစ်ပြီး ဝီလီယံကတော့ ကြိုးစားဆဲဖြစ်ကာ ရူဒီဂါက လေ့ကျင့်ရေး ပြန်ဆင်းနေပြီလို့ ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်န၀ါရီမှာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု ပယ်ဖျက်နိုင်ပါက ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ရန် ကြံရွယ်နေပါတယ်။

ချယ်ဆီးအသင်းဟာ လူငယ်နောက်ခံလူ တိုမိုရီကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကစားသမားရဲ့ စာချုပ်ဟာ (၂၀၂၁) ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချယ်ဆီးက ရေရှည်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ချယ်ဆီးဟာ ခံစစ်မှူး ဒေးဗစ် လူးဝစ်ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ မြို့ခံ ပြိုင်ဘက် အာဆင်နယ်ထံ လက်လွှတ်ခဲ့ရပါတယ်။ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က လူးဝစ် နေရာ အစားထိုးဖို့ လိုအပ်တယ်လို့ ယူဆရင် ချယ်ဆီးက နာသန်အကီကို ပြန်ခေါ်ယူဖွယ် ရှိပါတယ်။