ဆွမ်ဆီးအသင်းမှ ဝေလ်းတောင်ပံကစားသမားလေး ဒန်​နီရယ်​ဂျိမ်းစ်​ကို ​ပေါင်​ ၁၅ သန်းနဲ့ ခေါ်ယူဖို့ရာ မန်​ယူနဲ့ ဆွမ်​ဆီးတို့ သ​ဘောတူညီမှု ရရှိခဲ့ပါပြီ။

မန်ယူရဲ့ ဒီရာသီ ပထမဆုံး ​ခေါ်ယူမှုဖြစ်လာမှာဖြစ်သလို မန်နေဂျာဆိုးရှားရဲ့ ပထမဆုံး လက်မှတ်ထိုးခေါ်ယူခြင်း ခံရတဲ့ ကစားသမားလည်း ဖြစ်လာပါမယ်။ အသက်​ ၂၁ နှစ်​သာရှိ​သေးတဲ့ ​တောင်​ပံကစားသမား​လေးဟာ ဆွမ်​ဆီးမှာ အ​ကောင်းဆုံး​ခြေစွမ်းကို ပြသထားနိုင်ပြီး ချန်​ပီယံရှစ်​မှာ ၅ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်​တီး​ပေးထားနိုင်​ပါတယ်​။

ဂျိမ်းစ်ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို ကွင်းလယ်မှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်တယ်။ ဒါပေမယ့် ဆိုးရှားကတော့ လူငယ်​​လေးကို ညာ​တောင်​ပံ ​နေရာအတွက်​​တော့ အသုံးပြုသွားဖွယ်​ရှိပါတယ်​။ မန်ယူကို တောင်ပံတိုက်စစ်ကစားဟန်နဲ့ ပြန်လည်တည်ဆောက်ဖို့ ဆန္ဒပြင်းပြနေခဲ့တဲ့ ဆိုးရှားအတွက်တော့ ဂျိမ်းစ်က အရေးပါတဲ့ ကစားသမားဖြစ်လာဖို့ရှိတယ်။

မန်ယူဟာ ဂျိမ်းစ်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီး စာချုပ်သက်တမ်းအပါအဝင် အတည်ပြု သတင်းတွေကို လာမယ့်ရက်တွေမှာ ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။