မန်ယူဟာ ဘင်ဖီကာကစားသမားလေး ဂျာအိုဖီလစ်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားအတွက် ပေးချေရမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၅ သန်း ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

မန်ယူဟာ လာမယ့်ရာသီမှာ အသင်းကို လူငယ်ကစားသမားတွေကို အဓိက အခြေခံကာ သွေးသစ်လောင်းဖို့ပြင်ဆင်နေတာပါ။ အဓိက ခေါ်ယူမှုအဖြစ်လည်း အသက် ၁၉နှစ်အရွယ် ကစားသမားလေးကို အရခေါ်ယူသွားဖို့ စိတ်ပိုင်းဖြတ်လာတာဖြစ်တယ်။

ဘင်ဖီကာနဲ့အတူ ဒီရာသီအသင်းနဲ့အတူ ဂိုး ၂၀ အထိ သွင်းယူထားကာ ၁၁ ဂိုး အထိ ဖန်တီးထားနိုင်တဲ့ တိုက်စစ်ကစားသမားလေး ဂျာအို ဖီလစ်ဟာ ဥရောပကလပ် အသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ဖို့စီစဉ်နေသူဖြစ်တယ်။ မန်ယူဘက်က ကလပ်စံချိန်တင်ကြေး ပေးချေဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့ကလည်း ပေါ်တူဂီ ဆယ်ကျော်သက် လူငယ်လေးကို ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့်လည်း ဘင်ဖီကာဘက်က အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ကတော့ အဆင်သင့် ဖြစ်မနေကြတာပါ။

မန်ယူက ဖီလစ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ချိတ်ဆက်မှုတွေ၊ ပုဂ္ဂိုလ်ရေး ညိနှိုင်းမှုတွေလုပ်ဖို့တော့ အဆင့်တွေ အများကြီး ကျော်ဖြတ်ရဦးမှာဖြစ်ပြီး ထူးခြားသတင်းတွေကိုလည်း ဆက်လက် ဖော်ပြသွားပါမယ်။