ချယ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အပီလီကွီတာက လက်ရှိ ကလပ်အသင်းရဲ့ အဆင့်အတန်းကို ယခင် ကစားသမားဟောင်းကြီးတွေ ဖြစ်တဲ့ တယ်ရီ၊ လမ်းပတ်၊ ဒရော့ဘာ၊ ပီတာချက်တို့ ရှိစဉ်က စံနှုန်းများကဲ့သို့ ပြန်ရောက်လာအောင် ကြိုးစားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးကွင်းလယ်ကစားသမား ကန်တေက ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ ထိပ်သီးပစ်မှတ် ကစားသမား ဖြစ်နေပြီး ၄င်းတို့ ဥရောပ အောင်မြင်မှုရအောင် ကန်တေက ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဟာဇက်ကို လက်လွှတ်ရဖို့ ရှိတဲ့ ချယ်ဆီးကလည်း အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုပါ ရှိနေတာကြောင့် ကန်တေကို လက်လွှတ်ဖို့ နောက်တွန့်မှာပါ။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်သမားဟာ ချယ်ဆီးအတွက် ဒီရာသီပြိုင်ပွဲစုံ ပွဲ ၅၀ ပါဝင်ကစားထားပါတယ်။

ချယ်ဆီးအသင်းရဲ့ နည်းပြလောင်း စာရင်းထဲမှာ ဂျူဗပ်တင်မှာ လောလောလတ်လတ် လမ်းခွဲလာတဲ့ အယ်လီဂရီ၊ ကစားသမားဟောင်း လက်ရှိ ဒါဘီ နည်းပြ လမ်းပတ်တို့လည်း ပါဝင်နေပါတယ်။

လက်ရှိ ချယ်ဆီးနည်းပြ ဆာရီနေရာ အစားထိုးဖို့ ရေပန်းစားနေတဲ့ စာရင်းထဲမှာ ချယ်ဆီးအမျိုးသမီးအသင်း နည်းပြ အီမာဟေးရက်စ် ပါဝင်လာပါတယ်။ အမျိုးသမီးဖြစ်နေတဲ့ ၄င်းသာ ချယ်ဆီးနည်းပြ ဖြစ်လာရင် ထူးထူးခြားခြား မှတ်တမ်းဝင်သွားမှာ ဖြစ်ပြီး တကယ်ဖြစ်လာဖို့တော့ အင်တာဗျူးတွေ ဆွေးနွေးမှုတွေ အများကြီး ကျော်ဖြတ်ရမှာပါ။

AS သတင်းဌာန စစ်တမ်းအရတော့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ အလိုချင်ဆုံး ကစားသမားက ချယ်ဆီးမှ တောင်ပံလူ ဟာဇက်ဖြစ်ပြီး မလိုချင်ဆုံးကတော့ ယူနိုက်တက်မှ ကွင်းလယ်လူ ပေါ့ဘာဖြစ်တယ်လို့ သိရတယ်။ ချယ်ဆီး တောင်ပံသမား ဟာဇက်က ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ မဲပေးမှုရဲ့ 30% ထိတောင် ရခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအရန် ဂိုးသမား ကာဘယ်လာရိုကို ၀က်စ်ဟမ်း အသင်းက ပစ်မှတ်ထားလာပါတယ်။ ၀က်စ်ဟမ်းကလည်း ဂိုးသမား အက်ဒရီယန်အတွက် အရန် ဂိုး ရှာဖွေနေခြင်း ဖြစ်ပြီး ကာဘယ်လာရိုက နောက်လာဆိုရင် စာချုပ်ကုန်ဆုံးမှာ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိနိုင်မှာပါ။

အေစီမီလန်သို့ အငှားထွက်ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမာ ဘာကာယိုကိုဟာ ဒီနွေမှာ စတန်းဖို့ဘရစ်ခ်ျထံ ပြန်လာတော့မှာပါ။ အေစီမီလန်က ၄င်းကို အပြီးသတ် ၀ယ်ယူရမယ့် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းကို ပေးချေလိုခြင်း မရှိပါဘူး။

ချယ်ဆီး၊ မန်ယူနဲ့ ရီးရဲလ်နည်းပြဟောင်း မော်ရင်ညိုကို စကော့တလန်ကလပ် ဆဲလ်တစ်က ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ၄င်းဟာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတည်းက စလို့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန်စမစ် (ယူနိုက်တက် တိုက်စစ်မှူးဟောင်း မဟုတ်) က မန်စီးတီး၊ လီဗာပူးတို့နဲ့ ကွာဟချက်ကို နောက်ရာသီမှာ အမှီလိုက်ဖို့ဆိုရင် မော်ရီဇီယိုဆာရီရဲ့ ချယ်ဆီး လုပ်နိုင်မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။