လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတဲ့ အသက် ၂၅ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဖယ်ကီယာက လိုင်ယွန်အသင်းနဲ့ သက်တမ်းတိုး စာချု့ပ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း အသင်း ဥက္ကဌ ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ စပိန် စခန်းသွင်းလေ့ကျင့်တဲ့ဆီ လိုက်ပါမသွားခဲ့တဲ့ ခံစစ်မှူး လိုဗရန်က ဘိုင်ယန်နဲ့ ပွဲစဉ် အမှီ အသည်းအသန် ပြန်ကောင်းချင် ကစားခွင့် ရချင်နေတဲ့အတွက် မိခင်နိုင်ငံ ခရိုအေးရှားထံ ပြန်သွားပြီး အထူး ကျွမ်းကျင်သူများနဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို မကိုင်တွယ်ခင်မှာ ချန်ပီယံလိဂ်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ဖို့ အတော်လေး နီးစပ်ခဲ့ကြောင်း ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဥက္ကဌ ဖြစ်သူ ထုတ်ဖော် ပြောဆိုလာပါတယ်။

လီဗာပူး ဘယ်ခံစစ်မှူး ရော်ဘတ်ဆန်က အသင်းဟာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ချင်ရင် အန်းဖီးကွင်းက ပရိသတ်တွေရဲ့ အင်အားကို လိုအပ်ကြောင်း ချန်ပီယံလိဂ် ပွဲကြိုစကား ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဘိုင်ယန်မြူးနစ် တောင်ပံသမား ကိုးမန်းဟာ ဒီကနေ့မှာ ယှဉ်ပြိုင်ကစားတဲ့ အော့စဘတ်နဲ့ ဘွန်ဒက်လီဂါပွဲမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ မသိရသေးပေမယ့် လီဗာပူးနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာတော့ပါဘူး။

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က အိမ်ကွင်းမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲမှာ အသင်းပရိသတ်တွေထဲက အားပေးမှုကို ရရှိဖို့ မျှော်လင့်နေပါတယ်။ ရော်ဘတ်ဆန်က ဥရောပပွဲတွေမှာ ထင်ရှားတဲ့ အန်းဖီးကွင်း အနေအထားကို အသာစီးအဖြစ် အသုံးချနိုင်ဖို့ တိုက်တွန်းမှုတွေ လုပ်သွားခဲ့တာပါ။

လီဗာပူးခံစစ်မှူးဟောင်း ဆမ်မီ ဟစ်ပီယာက ဘိုင်ယန်မြူးနစ်ရဲ့ အားနည်းချက်က တန်ပြန်တိုက်စစ်တွေကို တားဆီးတဲ့ နေရာမှာဖြစ်ပြီး လီဗာပူးရဲ့တန်ပြန်တိုက်စစ်တွေက ခြိမ်းခြောက်နိုင်စွမ်း ရှိတာကြောင့် လီဗာပူး ဂိုးနည်းနည်းတော့ နှစ်ကျော့လုံးမှာ သွင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းသွားပါတယ်။