ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံတိုက်စစ်သမား ပေါင် သန်း ၇၀ တန်ကြေးရှိ အင်္ဂလန်လက်ရွေးစင် ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ထားပါတယ်။ မန်စီးတီး အကယ်ဒမီ ကစားသမားဟောင်း ဖြစ်တဲ့ ဆန်ချိုကို ယူနိုက်တက် ခေါ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၁၅%ကို စီးတီးက ရဦးမှာပါ။

ယူနိုက်တက် ဂိုးသမား အသက် ၃၁ နှစ်အရွယ် ဆာဂျီယို ရိုမီယိုကို ဥရောပတလွှားမှ ကလပ်အသင်း အများအပြား ခေါ်ယူရန် မျက်စိ ကျနေကြပြီး အာဂျင်တိုင်းသားကြီးကတော့ အသင်းကနေ မထွက်ခွာလိုပါဘူး။

နည်းပြ ဆိုးရှားက ယူနိုက်တက် တိုက်စစ်သမား နှစ်ဦး ဖြစ်တဲ့ လူကာကူနဲ့ မာရှယ်ကို ပုံမှန် ထရိန်နင် ပြီးတိုင်း သီးသန့် လေ့ကျင့်မှု အဖြစ် ၁၅ မိနစ်ခန့် အချိန်ယူကာ သင်ကြားလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေပါတယ်။

ဆော်ဒီမင်းသားဖြစ်သူ မိုဟာမက်ဘင်ဆာလ်မန်က ယူနိုက်တက်အသင်းကို အမေရိကန်အသင်းပိုင်ရှင်များဖြစ်တဲ့ ဂလေဇာမိသားစုထံမှ ဝယ်ယူဖို့ အတွက် ပေါင် (၃.၈) ဘီလျံအထိ တိုးမြှင့်သုံးစွဲဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းတိုင်း ကြောက်ရွံ့ရတဲ့ အထူးသဖြင့် အိုးထရက်ဖို့မှာ ပြိုင်ဘက်တွေကို လက်ဗလာနဲ့ ပြန် လွှတ်နိုင် လောက်အောင် အင်အားကောင်းတဲ့ ခြိမ်းခြောက်မှုမျိုး အဖြစ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြော်ငး စမောလင်းက ကြုံးဝါးလိုက်ပါတယ်။

ဗဟိုနောက်ခံလူ ရှာဖွေနေတဲ့ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားများထဲမှာ အင်တာမီလန်နောက်ခံလူ ရှကရီညာလည်း ထိပ်တန်းပစ်မှတ် အဖြစ် ပါဝင်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အခြားသော စီးရီးအေနောက်ခံ ကစားသမားများဖြစ်တဲ့ နာပိုလီနောက်ခံလူ ကူလီဘိုင်လေ နဲ့ ဆမ်ဒိုးရီးယားအသင်းရဲ့ နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်တို့ကိုလည်း အလိုရှိစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။