ချယ်ဆီးတိုက်စစ်သမား ဟာဇက်ဟာ လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ အပြီးသတ် ဆုံးဖြတ်မှုတွေကို ပြုလုပ်ဖို့က ကလပ်အသင်းရဲ့ ဥရောပဝင်ခွင့်နဲ့ သက်ဆိုင်တယ်လို့ လန်ဒန်ကလပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက သတင်းထွက်လာပါတယ်။ ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှူံးမယ်ဆိုရင် ဟာဇက်ကိုပါ ဆုံးရှူံးဖို့တော့ အလားအလာ များပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ တောင်ပံသမား အိုဒွိုင်းကို နွေအပြောင်းအရွှေ့မှာ လက်မှတ်ထိုးနိုင်ဖို့ ယုံကြည်ချက်ရှိနေပါတယ်။ ဇန်နဝါရီမှာ ကမ်းလှမ်းမှု လေးကြိမ် ပြုလုပ်ခဲ့ပေမယ့် ချယ်ဆီးက အဆုံးထိ တားဆီးပြီး ကစားသမားလေးကို ဆက်ထိန်းသွားခဲ့တာပါ။

ချယ်ဆီး ကွင်းလယ်လူ ကန်တေဟာ ပြင်သစ်ကလပ် ပီအက်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်လို ပိုကောင်းတဲ့ ကလပ်အသင်းတွေက ကမ်းလှမ်းမှု ပြုလုပ်လာရင်တော့ ငြင်းပယ်ဖို့ ခက်ခဲမယ်လို့ သိရပါတယ်။

ချယ်ဆီးလက်ထောက်နည်းပြ ဇိုလာက အသင်း ပွဲထွက်စာရင်းမှာ လူငယ်တိုက်စစ်သမား အိုဒွိုင်းကို နေရာ မပေးနိုင်သေးတဲ့ အပေါ် ကာကွယ် ပြောဆိုသွားပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ ပိတ်သွားတည်းက ၂ ပွဲသာ လူစားဝင်ကစားခွင့် ရရှိသေးတာပါ။ ဇိုလာက ကစားသမားကို စိတ်ရှည်ဖို့နဲ့ အသင်းက ၄င်းအတွက် အခွင့်အရေးများ ဖန်တီးပေးသွားဖို့ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ချယ်ဆီး ကစားသမားတစ်ဦး အဆိုအရ လာမယ့် ပွဲ တစ်ပွဲ နှစ်ပွဲလောက် ရှုံးလိုက်တာနဲ့ ဒီလထဲမှာတင် ဆာရီ အသင်းကနေ ထွက်ခွာသွားရဖို့ ရှိကြောင်း ဒေးလီးမေးလ်မှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ လီဗာပူး၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ သတင်းကြီးတွေ ထွက်ထားခဲ့ဖူးတဲ့ လိုင်ယွန်အသင်း တိုက်စစ်သမား ဖယ်ကီရာဟာ ပြင်သစ်ကလပ်နဲ့ပဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အလားအလာ ကောင်းနေပါတယ်။